ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေတဲ့ လွတ်မြောက်နေဆဲ သံသယရှိသူ ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့ဆောင်ရွက်ရာမှာ ဖမ်းဆီးဖို့တာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သံသယရှိသူ ဦးအောင်ဝင်းခိုင်ဟာ တပ်မတော် အရာရှိဟောင်းအချင်းချင်းတွေ ဖြစ်နေတဲ့အတွက် ဖမ်းဆီးရမယ့်အရေးမှာ အခက်အခဲ ကြုံနေတာဖြစ်နိုင်တယ်လို့ ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲ ပလတ်စတစ်အမှိုက်တွေ စုနေတဲ့ နေရာတော်တော်များများကို တစ်နှစ်အတွင်း စရှင်းလင်းသွားမယ်လို့ ဒတ်ချ် ကုမဏီကပြောပါတယ်။ ပလတ်စတစ်အမှိုက်တွေကို ရေပေါ်မှာမျောထားတဲ့ အတားအဆီးတွေနဲ့ The Ocean Cleanup စီမံကိန်းက လိုက်သိမ်းမှာပါ။ အပြည့်အစုံကို မအိသန့်စင်က တင်ပြထားပါတယ်။
မျိုးတုန်းလာတဲ့ မျောက်မျိုးရင်းများ
မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု သာမန်ထက်နောက်ကျတဲ့ autism ရောဂါရှိတဲ့ ကလေးငယ်တွေအတွက် အထူး စီစဉ်ထားတဲ့ Kaspar လူတူ စက်ရုပ်ကို တီထွင်လိုက်ပါပြီ။ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးတွေကို တခြားသူတွေနဲ့ ပြောဆို ဆက်ဆံရာမှာ အထောက်အကူဖြစ်စေဖို့ပါ။ Faith Lapidus ပေးပို့တဲ့ သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
တနင်္ဂနွေနေ့ဟာဆိုရင် ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့ လို့ခေါ်တဲ့ ယေရှု ခရစ်တော် ရှင်ပြန်ထမြောက် လာတဲ့နေ့ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်ဟာ ကျောင်းသားတွေ ဘွဲ့ကြို တက္ကသိုလ် လေးနှစ်စာ ကျောင်းလခ အခမဲ့တတ်နိုင်အောင် အစိုးရကထောက်ပံံ့မယ့် တိုင်းပြည်တွင်း ပထမဆုံး ပြည်နယ်ဖြစ်လာပါတယ်။ ဝင်ငွေနည်းမိသားစု ၁ သန်းနီးပါးရဲ့ ပညာရေးစရိတ်ကို ထောက်ပံ့ပေးမှာပါ။ Ramon Taylor ရဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
သစ်သားတွေကို သမားရိုးကျအတိုင်း အသုံးပြုတာအပြင် ခိုင်မာတဲ့အဆောက်အအုံတွေ ဆောက်နိုင်တဲ့နေရာမှာလည်း ဗိသုကာတွေက ပုံစံပြောင်းပြီး သုံးနေကြပါတယ်။ သစ်သားကိုသုံးပြီး မိုးမျှော်တိုက်ကြီးတွေတောင် ဆောက်နေကြတဲ့အကြောင်း Kevin Enochs ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံအခြေအနေ ပိုမို ပွင့်လင်းလာတာနဲ့အမျှ ကမ္ဘာလှည့်ခရီးသည်တွေလည်း ပိုများလာပါတယ်။ ဒီလို ခရီးသွားတွေ များလာနေတဲ့ မြန်မာ့စေတီပုထိုးတွေ ရေရှည်တည့်တံ့နိုင်အောင် ထိန်းသိမ်းနိုင်ဖို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ပုဂံကနေ John Owens ပေးပို့တဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
" ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ရုပ်မြင်သံကြားက ထွက်ပြီးတော့ ပြောသွားတာရှိပါတယ်။ ပထမတုန်းကတော့ သူတို့ ရွေးကောက်ပွဲ ရလဒ်တွေကို ည ၉နာရီမှာ ရထားသလောက်ပေါ့လေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရလာသလောက် ကြေညာမယ်လို့ ပြောထားတာရှိပါတယ်။ ဒါပေမဲ့လည်း မဲစာရင်းတွေက ပြုစုနေဆဲဖြစ်တဲ့အတွက် သူတို့ ဘာရလဒ်ကိုမှ တရားဝင် မကြေညာနိုင်သေးပါဘူးတဲ့ မဲစာရင်းတွေကို ဥပဒေနဲ့အညီ တရားဝင် ပြုစုပြီးတဲ့အခါမှသာ ကြေညာနိုင်မယ်လို့ ပြောသွားပါတယ်။"
မိန့်ခွန်းကိုပြောမယ်ဆိုရင် မိန့်ခွန်းက အရမ်းကြီးဘဝင်ကျလောက်စရာ ၊ ကျေနပ်လောက်စရာ ၁ နှစ်အတွင်း အစိုးရ စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်လို့ အားနည်းချက်တွေကို ပြတ်ပြတ်သားသား ဝင်ခံပြီးတော့ ၊ အားသာချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း သိသိသာသာနဲ့ ထောက်ပြသွားတယ်လို့ ခံစားရတဲ့ပုံမျိုး ကျနော့်မှာ မရှိပါဘူး။
ခွေးလေးကြောင်လေးတွေ ပျောက်ရင် ရှာရလွယ်အောင် အရေပြားအောက်မှာ သူတို့နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ မှတ်သားထားတဲ့ ဒစ်ဂျစ်တယ် chip ပြားလေးတွေ ထည့်ထားတတ်ကြပါတယ်။ ဒီ chip ပြားလေးတွေကို လူတွေရဲ့အရေပြားထဲမှာလည်း ထည့်ပြီးသုံးနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း Georger Putic သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးရှားတောင်ပိုင်း တက္ကသိုလ်မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ အာဖရိက စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးပွဲကို ပြည်ဝင်ခွင့်ဗီဇာအငြင်းခံကြရတဲ့အတွက်အာဖရိက နိုင်ငံသားတစ်ယောက်မှလာပြီးမတက်နိုင်ကြပါဘူး။MichelleQuinnသတင်းပေးပို့ထားတာကိုမအိသန့်စင်က ပြောပြပေးပါမယ်။
ဥရောပနိုင်ငံတချို့မှာ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပကြဖို့ ရှိနေပါတယ်။ နိုင်ငံရေးအစဉ်အလာရှိတဲ့သူတွေကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Trump အနိုင်ရခဲ့တဲ့ ဖြစ်ရပ်က ဥရောပနိုင်ငံတွေအပေါ် ဂယက် ရိုက်နိုင်ပါသလား။ Jane Bojadzievski ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
လောက်ကိုင်စစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အစိုးရနဲ့ ပုဂ္ဂလိက ပရဟိတအဖွဲ့အစည်းတွေ ပေါင်းပြီး အကူအညီပေးနေပြီး ၊ ပြန်လည် တည်ငြိမ်လာတဲ့အခါမှာ သူတို့ဆန္ဒနဲ့နေရပ်ကို ပြန်ပို့ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်းနှစ်ခုအကြားက သဟဇာတဖြစ်စေဖို့ အခြေအနေဟာ အရပ်သား အစိုးရသစ်ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ဖြစ်တယ်လို့ မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာ ပြောသွားပါတယ်။
အာရှတိုက် မိခင်နဲ့ ကလေးစောင့်ရှောက်မှု
အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသမှာ အခြေအနေတွေ တည်ငြိမ်သွားပြီး၊ စစ်ဆင်ရေးတွေ ရပ်နားလိုက်ပြီ ဆိုပေမယ့် ဒေသခံ နှစ်ဖက် အသိုင်းအဝိုင်းအကြားမှာတော့ မလုံခြံမှုတွေ၊ စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်ပါတယ်။
“အမေရိကန်က မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO ကို အပြည့်အဝထောက်ခံပြီး အတ္တလန်တိတ်သမုဒ္ဒရာ တဘက်တချက်က နိုင်ငံတွေနဲ့ မိတ်ဘက်ဆက်ဆံရေးကို ဆက်ပြီး ထောက်ပံ့သွားမယ့်အကြောင်း အာမခံချက်ပေးဖို့ ကျနော် ရောက်လာတာပါ။”
လကမ္ဘာရဲ့ သက်တမ်း
အမေရိကန်နိုင်ငံသားတွေရဲ့ ခန့်မှန်းချေသက်တမ်းဟာ အရင်ကသတ်မှတ်ချက်ထက် အနည်းငယ် တိုလာတယ်လို့ အမေရိကန် ရောဂါထိန်းသိမ်းရေးစင်တာ CDC က ပြောပါတယ်။ ဒီဖြစ်စဉ်အကြောင်း CDC အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ Tom Frieden ရဲ့ရှင်းလင်းချက်နဲ့ပတ်သက်လို့ Carol Pearson သတင်းပေးပို့ထားတာကို မအိသန့်စင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်