Trump နဲ့ ရုရှားဆက်ဆံရေး
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်လူနည်းစုတွေကို ခွဲခြားဆက်ဆံတာတွေ ရန်လိုတိုက်ခိုက်တာတွေကို ရပ်ဆိုင်းဖို့ ဆိုပြီး မလေးရှားဝန်ကြီးချုပ် Najib Razak က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မောင်တောဒေသတွင်း မနှစ်အောက်တိုဘာလက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ရပ်နောက်ပိုင်းအခြေအနေတွေကို စုံစမ်းစစ်ဆေးတဲ့ အစိုးရကော်မရှင်ရဲ့ ကနဦးထုတ်ပြန်ချက်တွေဟာ အဖြစ်မှန်ကို ဖုံးကွယ်တဲ့ အစိုးရရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး နယူးယောက်အခြေစိုက် HRWအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။
ငလျင်လှုပ်အပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရတာက ရှုပ်ထွေးပြီး အန္တရာယ်လည်းများပါတယ်။ လူ့အသက်ကို ကာကွယ်နိုင်ဖို့အတွက် တစ်ချိန်ချိန်မှာတော့ရှာဖွေ ကယ်ဆယ်ရေးတွေလုပ်နိုင်တဲ့ စက်ရုပ်တွေ ရှိလာနိုင်ဖို့သိပ္ပံပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။ George Putic သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြပါထားပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်က တွေ့မြင်လာရတဲ့ အခြေအနေတွေကြောင့် စစ်တပ်နဲ့ ဆက်ဆံရေးတွေကို ပြန်လည် သုံးသပ်သင့်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ စစ်တပ်အပေါ် နိုင်ငံတကာအနေနဲ့ ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့လည်း Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ ညဘက်တွေမှာ သူငယ်ချင်းတွေနဲ့အလည်လွန်ပြီး စားသောက်ဆိုင်တွေမှာ ပျော်ပါးနေသူတွေ အိမ်ပြန်တဲ့အခါ နောက်ဆုံးရထား လွတ်သွားမှာ မစိုးရိမ်ရအောင် smart phone application တခုကို ဂျပန်နိုင်ငံမှာ သုံးနိုင်နေပါပြီ။ AP သတင်းတစ်ပုဒ်ကို အခြေခံပြီး မအိသန့်စင်က တင်ပြထားပါတယ်။
ကမ္ဘာတဝှမ်းက လူသန်း ၁၅၀ ကျော်ဟာ မျက်မှန်တပ်ဖို့ လိုနေပေမဲ့ မျက်မှန်မရှိကြပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူသန်းနဲ့ချီ အမြင်ကြည်စေဖို့ ရည်ရွယ်ပြီး ဈေးချိုပြီး တပ်ဆင်ရလွယ်တဲ့ မျက်စိစမ်းကိရိယာကို အိန္ဒိယနိုင်ငံက တီထွင်သူတွေက ထုတ်လိုက်ပါတယ်။ Faith Lapidus ရဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
အမေရိကန် အာကာသယာဉ်မှူးဟောင်းလည်းဖြစ်၊ မရိန်းစစ်သည်နဲ့ အထက်လွှတ်တော်အမတ် တဦးလည်း ဖြစ်ခဲ့တဲ့ John Glenn ဟာ Ohio ပြည်နယ်၊ Columbus မြို့က ဆေးရုံမှာ ကြာသပတေးနေ့ နေ့လယ်ပိုင်းက ကွယ်လွန်သွားပါတယ်။ မစ္စတာ Glenn အကြောင်း တစေ့တစောင်း Zlatica Hoke ရဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ပထမဆုံး မူလဆင်အမျိသမီး ဖက်ရှင်ပြပွဲ ဖြစ်ပါတယ်။ Reuters သတင်းတစ်ပုဒ်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပေးမှာပါ။
ရှေးဂရိအင်ပါယာခေတ်က ရေအားကိုသုံးပြီး လှည်းတွေဆွဲခဲ့တဲ့ အချိန်ကနေ လျှစ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ရေကာတာတွေ ဆောက်လုပ်လာတဲ့အထိ နှစ်ပေါင်း ၂,၀၀၀ လောက် ရေအား စွမ်းအင်ကို လူတွေသုံးလာခဲ့တာပါ။ အခု သမုဒ္ဒရာလှိုင်းတွေကနေ လျှပ်စစ်စွမ်းအင် ထုတ်လာနေတဲ့အကြောင်း Rebecca Ward ရဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်သမ္မတလောင်း Hilary Clinton နဲ့ ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump တို အကြိတ်အနယ်ဆက်ပြီး ကြိုးစားမဲဆွယ်နေကြပါတယ်။ သမ္မတလောင်းနှစ်ယောက်လုံးက သူတို့ရဲ့ အမာခံ ပရိသတ်တွေကို အားကိုးနေကြရတာပါ။ Zlatica Hoke ရဲ့သတင်းလွှာကို မအိသန့်စင် တင်ပြပေးပါမယ်။
စက်တက်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ၁၅ နှစ်ကြာပြီးတဲ့နောက် Lower Manhattan အရပ်မှာ တဖန်ပြန်လည် ရှင်သန် အသက်ဝင်လာတာကို တွေ့ရမှာပါ။ ဒါပေမဲ့လည်း အဆောက်အအုံတွေ ပြန်ဆောက်ပြီး အချိန်အတော်ကြာတဲ့အထိ ပြန်လည်ထူထောင်တာရေး ဆက်လုပ်ကြရဦးမှာပါ။ Ramon Taylor ရဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
အာရှဒေသနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒဟာ အခြေခံအားဖြင့် အမျိုးသားအကျိုးစီးပွားကို အခြေခံသလို ရေရှည်တည်တန့်မယ့်မူဝါဒတခုဖြစ်ကြောင်း သမ္မတအိုဘားမားက လာအိုနိုင်ငံဗီယန်ကျန်းမြို့မှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာပြောသွားပါတယ်။ မိန့်ခွန်းပါကောက်နုတ်ချက်တချို့ကို မအိသန့်ဇင်က တင်ပြထားပါတယ်။
အိုလံပစ်ပြိုင်ပွဲကိုလာကြတဲ့ အားကစားသမားတွေနဲ့ မိသားစုတွေထဲမှာ Rio de Janeiroမြို့ကိုပထမဦးဆုံးအကြိမ် လာကြသူတွေပါပါတယ်။ ဒီလိုလူတွေအနေနဲ့ Rio မြို့ကို အပေါ်စီးကနေ ကြည့်လို့ရတဲ့ နာမည်ကျော် Christ the Redeemer ရုပ်တုကြီးဆီ မဖြစ်မနေသွားသင့်တဲ့အကြောင်း Parke Brewer သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
Republican သမ္မတလောင်း Trump နဲ့ ဒီမိုကရက်သမ္မတလောင်း ကလင်တန်တို့ ယှဉ်ပြိုင်နေတဲ့ ဒီနှစ်ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်တွေအတွက်တော့ အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေးနေသူနဲ့ တည်ငြိမ်မှုကိုလုပ်ဆောင်ဖို့ ကတိပေးနေသူနှစ်ဦးအကြား ရွေးချယ်ရမယ့် ရွေးကောက်ပွဲပါ။ Jim Malone သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
ဒေသခံလူထုကို အကျိုးပြုနေတဲ့ လူငယ်ခေါင်းဆောင်တွေကိုရွေးပြီး ဖန်း ဖောင်ဒေးရှင်းက နှစ်စဉ် ပဒိုမန်းရှာဆု ချီးမြှင့်ပေးနေတဲ့ အထဲမှာ၂၀၁၅ခုနှစ်အတွက် ပဒိုမန်းရှာဆုကို ရသွားသူကတော့ ကရင်လူငယ်ခေါင်းဆောင် စရှိုင်းဖြစ်ပါတယ်။
မြန်မာအစိုးရက ရေဘေးသင့်ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေကို လက်ခံလိုက်တဲ့ နောက်ပိုင်းမှာပဲ အမေရိကန်ပြည်ထောင်စုအပါအဝင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက ငွေကြေး၊ စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။