၂၀၁၈ နှစ်ဆန်း ဇန်နဝါရီလကို ရောက်လာတဲ့အမျှ နှစ်သစ် နည်းပညာ အသစ်အဆန်း ဝယ်လိုသူတွေကလည်း စောင့်မျှော်နေကြပါတယ်။ CES လို့ အတိုကောက်ခေါ်တဲ့ Consumer Electronics Show နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လူသုံးကုန်ပစ္စည်း ပြပွဲအကြောင်း George Putic ပေးပို့တဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
နှစ်တနှစ်ကူးပြောင်းခါနီး ခရစ္စမတ်ချိန်ခါရောက်ပြီဆိုရင် တလလောက်ကြိုပြီး ခရစ္စမတ်မီးတွေထွန်းကြတာ အထူးအစီအစဉ်လုပ်တာနဲ့ စီးပွားရေးအရဖွံဖြိုးမှုတွေဖြစ်စေသလို လူမှုရေးရာအပိုင်းမှာလည်း အပျော်တွေတိုးပွားစေတာပါ။ ကမ္ဘာ့နိုင်ငံစုံမှာ ခရစ္စမတ်အတွက် ဘယ်လိုပြင်ဆင်ကြပါလဲ။ ခရစ္စမတ်အထူးအစီအစဉ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အိန္ဒိယရိုးရာအစားအစာ ဆန်နဲ့ ပဲနီလေးပါတဲ့ Khichdi လို့ခေါ်တဲ့ ဟင်းလျာကို အိန္ဒိယ စားဖိုမှူးတွေက ၉၁၈ ကီလိုဂရမ် အများဆုံးပမာဏ ချက်ပြပြီး နယူးဒေလီမြို့ ကမ္ဘာလုံးဆိုင်ရာ အိန္ဒိယအစားအစာညီလာခံမှာ စံချိန်တင်လိုက်တဲ့အကြောင်း Anjana Pasricha ပေးပို့တဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
၂၀၁၆ ရွေးကောက်ပွဲအတွင်း ရုရှားက စွက်ဖက်နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးမှာ FBI ကို လိမ်ညာမှုနဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn က အပြစ်ရှိကြောင်း သောကြာနေ့က ဝန်ခံလိုက်ပါတယ်။ VOA သတင်းထောက် Jim Malone သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြပေးပါလိမ့်မယ်။
ခရစ်ယာန်ဘာသာဝင်တို့ အလေးထားတဲ့ ခေတ်အဆက်ဆက် သမ္မာကျမ်းစာအုပ်တွေနဲ့ ပတ်သက်ပြီး ခင်းကျင်းပြသထားတဲ့ Museum of the Bible သမ္မာကျမ်းစာ ပြတိုက်ကို အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်လိုက်ပါတယ်။ VOA သတင်းထောက် Deborah Block က သတင်းပေးပို့ထားပါတယ်။ မအိသန့်စင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု့က နာမည်ကျော် Yale တက္ကသိုလ်ကြီးရဲ့ WSC World Scholar's Cup ပြိုင်ပွဲမှာ ဝိဇ္ဇာရော သိပ္ပံဘာသာရပ်တွေမှာ ထူးချွန်ထက်မြတ်တဲ့ ကမ္ဘာနိုင်ငံအသီးသီးက ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြရာမှာ မြန်မာနိုင်ငံက MISY ကျောင်းသားတွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဗွီအိုအေ တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက် ထုတ်လွှင့်နေပါတယ်။ အခု ဆက်လက်ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို မအိသန့်စင်က တင်ပြပါလိမ့်မယ်။
မောင်းသူမဲ့ကားတွေ လမ်းမကြီးတွေပေါ်မှာ သုံးနိုင်ဖို့ ကားထုတ်လုပ်သူတွေ အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ သုတေသီတွေကလည်း ခရီးသည်တွေနဲ့ ကုန်တွေ ပို့ဆောင်နိုင်မယ့် မောင်းသူမဲ့ သင်္ဘောတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း VOA သတင်းထောက် George Putic ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီတွေ ပို့ပေးနေတဲ့တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံကတော့ ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းကို နေရပ်ရင်း ပြန်ပို့မယ့်အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ VOA သတင်းထောက် Ritul Joshi ပေးပို့တဲ့သတင်းကို မအိသန့်စင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်တွေမှာ မောင်းသူမဲ့မော်တော်ကားတွေ အသုံးပြုခွင့် မပိတ်ပင်ဖို့ အဆိုပြုချက်တရပ်ကို အောက်လွှတ်တော်အမတ်တွေက အတည်ပြုလိုက်ပါတယ်။ ၂၀၂၀ ဝန်းကျင်လောက်မှာ မောင်းသူမဲ့ကားတွေ လမ်းတွေပေါ်မှာ စမောင်းကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း Zlatica Hoke ရဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက စွန့်ဦးတီထွင်စီးပွါးရေးလုပ်ငန်းရှင် အမျိုးသမီးတွေအရေအတွက်ဟာ အမျိုးသားတွေထက် ၁ ဆခွဲ ပိုများပါတယ်။ အမျိုးသမီးတွေ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ပြီး စီးပွားရေးလုပ်ငန်းေတွေ အောင်မြင်ဖို့ ကြိုးစားနေကြတာပါ။ Jim Randle ရဲ့ သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန်တွေအကြား ဒေါ်လာ သန်းပေါင်း တထောင့်ခြောက်ရာ ကုန်ကျမယ့် တံတိုင်းကာရေး အစီအစဉ် စလုပ်မလား မလုပ်ဘူးလားဆိုတာ စက်တင်ဘာလ လွှတ်တော် ပြန်စချိန်မှာ အခြေအတင် ဆွေးနွေးကြပါလိမ့်မယ်။ VOA သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို မအိသန့်စင် တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ တက်လာပြီး တစ်နှစ်ကျော် ကာလအတွင်း NLD အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် လူမှုစစ်တမ်း ကောက်ယူရရှိတဲ့ ရလဒ်တွေကို ဦးသိန်းစိန် အစိုးရအပေါ် အမြင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကွာခြားမှု သိပ်မရှိတာ တွေ့ရသလို ...
ဒီကနေ့ တနင်္လာနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုတဝှမ်း ၉၉ နှစ်အတွင်း နေကြတ်တာကို ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ပြည်နယ်အတော်များများက တွေ့မြင်ကြရမှာမို့ အားလုံးကစိတ်ဝင်စားနေကြပါတယ်။ VOA သတင်းထောက် Kane Farabaugh ပေးပို့တဲ့သတင်းကို မအိသန့်စင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း အီရတ်နိုင်ငံကလာရောက်အခြေချသူ ၁၄၀၀ လောက်ရဲ့အမှုတွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတရားရုံးကစစ်ဆေးပြီးမှအီရတ်ကို ပြန်ပို့မယ့်အရေးဆုံးဖြတ်မယ်ဆိုပြီး Michigan ပြည်နယ်၊ Detroit မြို့ဖက်ဒရယ်တရားရုံးက ခေတ္တဆိုင်းထားပါတယ်။ Sama Dizayee ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
နယ်သာလန်နိုင်ငံမှာ Team Fast လို့ နံမည်ပေးထားတဲ့ ကျောင်းသားအဖွဲ့တခုဟာ ဓာတ်ဆီထက် ပို သန့်ရှင်းပြီး ဈေးနှုန်းလည်း ပိုသက်သာမယ့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက် ဓါတ်ကူပစ္စည်းတခုကို တီထွင်ခဲ့ကြပါတယ်။ Kevin Enochs ရဲ့သတင်းကို မအိသန့်စင်က တင်ပြပေးပါမယ်။
ကင်ဆာရောဂါရှိမရှိ ဆိုတာနဲ့ ခန္ဓာကိုယ်ထဲက ဘယ်အင်္ဂါတွေအထိ ကင်ဆာရောဂါ ပြန့်နေပြီလဲ ဆိုတာကို သိပ္ပံပညာရှင်တွေက သွေးစစ်ကြည့်တာနဲ့ သိနိုင်ပါတယ်။ ဒီလိုပဲ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ကြိုတင် ကာကွယ်နိုင်မယ့် သွေးစစ်နည်းအသစ်လည်း ရှိနေပါပြီ။ Carol Pearson ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
ရှေးရိုးနည်းအတိုင်းဆောက်ထားတဲ့ ဥရောပတိုက်နိုင်ငံတွေက အိမ်ဟောင်းတွေက ငလျင်ဒဏ်ကိုမခံနိုင်တာ ပြီးခဲ့တဲ့ သြဂုတ်လက အီတလီအလယ်ပိုင်းဒေသမှာ လှုပ်သွားတဲ့ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ကာလတုန်းက မျက်မြင်ပါ။ အပျက်အစီးတွေ လျှော့ချနိုင်မယ့်နည်းကို အီတလီအင်ဂျင်နီယာတွေက ရှာဖွေနေကြပါတယ်။ မအိသန့်စင်က ပြောပြပေးပါမယ်။
နေအားလျှပ်စစ်စွမ်းအင်က ထုတ်ရတာ လွယ်သလောက် သိုလှောင်ထားဖို့က ခက်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းအသစ်ကို ဆွီဒင်နိုင်ငံက သုတေသနအဖွဲ့က ရှာဖွေနေတာပါ။ Kevin Enochs ရဲ့ သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
ယနေ့အချိန်ထိ အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာမဲပေးနိုင်ဖို့ကအစ အမေရိကန်အမျိုးသမီးတွေက အခက်အခဲမျိူးစုံကို ရင်ဆိုင်ကျော်လွှားဆောင်ရွက်ခဲ့ကြပါတယ်။ နယူးယောက်ပြည်နယ် Seneca Falls မြို့ကNational Women’s Hall of Fame လို့ ခေါ်တဲ့ နိုင်ငံတစ်ဝှမ်းက ထင်ရှားတဲ့အမျိုးသမီးတွေရဲ့ သမိုင်းကြောင်းတွေကို ဖော်ပြ
နောက်ထပ်ကြည့်ရှုရန်