#voasocial #voaburmese
ဗုဒ္ဓဘာသာဝင်တွေ အများစုရှိတဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် ခေါင်းပေါင်းပုဝါဝတ်ဆင်တဲ့ မဝင်းလဲ့ဖြူစင်က beauty blogger အဖြစ် အလှအပ ဆိုင်ရာ အသိပညာတွေကို မျှဝေပေးနေပါတယ်။ Beauty Blogger မဝင်းလဲ့ဖြူစင်အကြောင်း ရိုက်တာ သတင်းဆောင်းပါးတခုကို အခြေခံပြီး မအိသန့်စင်က တင်ဆက်ပေးပါမယ်။
နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဆေးမင်ကြောင်တွေကို ဝံ့ကြွားစွာ ပြတတ်ကြသလို ဆေးမင်ကြောင်ကို အနုပညာသဘောနဲ့ ထိုးကြသူတွေလည်း များလာပါတယ်။ ခေတ်အဆက်ဆက် ယဉ်ကျေးမှုမျိုးစုံက နှစ်ပေါင်းထောင်ချီ ရှိလာခဲ့တဲ့ ဆေးမှင်ကြောင်သမိုင်းအကြောင်း Elizabeth Lee ရဲ့ဆောင်းပါးကို မအိသန့်စင်က တင်ပြထားပါတယ်။
နှစ်ပေါင်းသန်းနဲ့ချီ ရှင်သန်လာခဲ့တဲ့ ရေနဂါးတွေက ခုအခါမှာတော့ အာရှတိုင်းရင်းဆေးတွေမှာ သူတို့ကို သုံးကြတဲ့အတွက် သူတို့ရေရှည်ဆက်အသက်ရှင်သန်နိုင်ရေး စိုးရိန်လာရပါပြီ။ ဒီအကြောင်းအပြည့်အစုံကို AP သတင်းဆောင်းပါးကို အခြေခံပြီး မအိသန့်စင်က ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု Los Angeles မြို့ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေထဲက တချို့ကိုရော၊ ၂၀၂၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေကိုပါ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် မြို့ဖြစ်ပါတယ်။ အဲဒီအချိန် သန်းနဲ့ချီတဲ့ လူတွေ ရောက်လာပြီး အားကစားပွဲတွေ လာကြည့်ကြမယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ ကျင်းပပြီးစီး သွားတဲ့အပေါ် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားစတဲ့ ကမ္ဘာ့နိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားတဲ့အပေါ် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားစတဲ့ ကမ္ဘာ့နိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဒီလိုနိုင်ငံရေးဖိအားဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက သတိပေးလိုက်ပါတယ်။ ရခိုင်ပြဿနာကို နိုင်ငံတကာအနေနဲ့ အပြုသဘောဆောင်ပြီး ချည်းကပ်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံနယ်စပ်ဖြတ်ကျော်တဲ့ တရားမဝင် ဝင်ရောက်လာတဲ့သူတွေ၊ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တဲ့ ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့ သဘောတူလိုက်ကြပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
သံမဏိထက် ပိုခိုင်မာ၊ ပိုပေါ့ပါးတဲ့အပြင် ပိုဈေးသက်သာတဲ့ စူပါပစ္စည်းတခုကတော့ သိပ္ပံပညာရှင်တွေ ဓာတ်ခွဲခန်းတွေကနေ စမ်းသပ်ထုတ်လုပ်လိုက်တဲ့ သစ်သားပဲ ဖြစ်ပါတယ်။ VOA သတင်းထောက် Steve Baragona ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါလိမ့်မယ်။
ဆီးရီးယားစစ်က မျိုးဆက်သစ်တခုလုံးရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ပညာရေးပိုင်းတွေမှာပါ ဆုတ်ယုတ်ထိခိုက်နေစေတယ်ဆိုတဲ့အကြောင်း ဆီးရီးယားကလေးငယ်တွေအရေး ပညာရှင်တွေသုံးသပ်တဲ့ ဝါရှင်တန်ဒီစီမြို့တော်က ဆွေးနွေးပွဲကနေ VOA သတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံက အင်တာနက် လူမှုကွန်ယက် သုံးသူတွေကြား အမုန်းစကားတွေ ဖြန့်နေတာကို ထိန်းချုပ်ဖို့ ထိထိရောက်ရောက် ဟန့်တားမှုတွေ မရှိခဲ့ဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ Facebook ကို မသမာတဲ့နည်းနဲ့ အသုံးပြုမှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ ရှိတဲ့အကြောင်း အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတ Vladimir Putin နဲ့ မကြာခင်မှာ တွေ့ဆုံဖို့အတွက် အမေရိကန်သမ္မတ Donald Trump တယ်လီဖုန်းကတဆင့် ဖိတ်ကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ရုရှားအပေါ် သူ့လောက် တင်းတင်းမာမာ သဘောထားသူ မရှိဘူးဆိုပြီး သမ္မတ Trump က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်ကမတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး မကြာခင် သွားရောက်ကြည့်ရှုမယ့်အစီအစဉ်ကိုရခိုင်ပြည်နယ်အရေး နိုင်ငံတကာအကြံပေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။ မအိသန့်စင်ကတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး မကြာခင် သွားရောက်ကြည့်ရှုမယ့် အစီအစဉ်ကို ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးဖို့ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမယ့်အကြောင်း သမ္မတ Donald Trump ရုတ်တရက် ကြေညာလိုက်ပြီးနောက် ငြိမ်းချမ်းရေး အလားအလာအပေါ် တောင်ကိုရီးယား ပြည်သူတွေကြား အကောင်းမြင် မျှော်လင့်ချက်တွေ ကြီးထွားလာနေပါတယ်။
သမ္မတ ဦးထင်ကျော် ရာထူးကနေ နုတ်ထွက်လိုက်တဲ့ ဒီနေ့မှာပဲ၊ လွှတ်တော်မှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တာဝန်ကနေ နုတ်ထွက်လိုက်ပြန်ပါတယ်။ ဒါကြောင့် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဟာ လစ်လပ်နေတဲ့ သမ္မတ တာဝန် ယူလာနိုင်တယ် လို့ တွက်ဆမှုတွေ ရှိနေပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲဖို့ ကုလ က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ ဆုံးဖြတ်ချက် ချခဲ့ပေမယ့် Damascus မြို့တော်အနီး သူပုန်တွေထိန်းချုပ်ရာ Goutaအရှေ့ပိုင်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။ Elizabeth Cherneff ရဲ့ဆောင်းပါးကို မအိသန့်စင် က တင်ပြပေးပါလိမ့်မယ်။
အမေရိကန်ရဲ့ စတော့ရှယ်ယာဈေးတွေ စံချိန်ချိုးအောင် တက်နေခဲ့ပြီး နိုင်ငံတွင်း အလုပ်အကိုင်ဖန်တီးနိုင်တဲ့ အခြေအနေတွေ အားရစရာ ဖြစ်လာပေမယ့် ထွက်ကုန်ကျတော့ ဝယ်လိုအားနည်းနေရတာနဲ့ ကြုံနေရတာကြောင့် အခက်ကြုံနေပါတယ်။ Kane Farabaugh ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်