အာဂျင်တီးနားနိုင်ငံက ကမ်းခြေမှာ သောင်တင်နေတဲ့ ဝေလငါးကြီးကို ပင်လယ်ထဲ ပြန်လွှတ်နိုင်ဖို့ လူ ၃၀ ကျော်ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ကြိုးပမ်းခဲ့ပါတယ်။ ဒီရေနဲ့ အထိုက်အလျှောက် ထိန်းပြီး ၃၃ ပေလောက်ရှည်တဲ့ ဝေလငါးကြီးကို ဝန်ချီစက်နဲ့ မ ပြီးတဲ့နောက် သင်္ဘောတွေနဲ့လမ်းပြပြီး ပင်လယ်ထဲကို ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။
Micronesiaကျွန်းစုတွေထဲက Chuuk Lagoonရေပြင်ထဲကို ထိုးဆင်းသွားခဲ့တဲ့ Air Nuigini လေကြောင်းလိုင်းလေယာဉ်ပေါ်မှာလိုက်ပါလာသူတွေကို ရေတပ်သင်္ဘောသားတွေက ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ လေယာဉ်ဆင်းချိန် ပြေးလမ်းကို သေချာမမြင်ရတဲ့အတွက် ရေပြင်ထဲကိုထိုးဆင်းသွားခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းကို ၆ မီတာလောက်ထိ မြင့်တဲ့ ဆူနာမီရေလှိုင်း ရိုက်ခတ်သွားပါတယ်။ ၇.၅ မက်ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီးနောက် ဆူလာဝေဆီပြည်နယ်အလယ်ပိုင်း Palu နဲ့ Donggala မြို့တွေကို ဆူနာမီ ဝင်ခဲ့ပါတယ်။ အနည်းဆုံး ၈၄၄ ယောက် သေဆုံးပြီး ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ Huntington Beachမြို့ မှာ ၁၀ နှစ်မြောက်အဖြစ် ခွေးတွေရဲ့ ရေလှိုင်းစီး ပြိုင်ပွဲကို ကျင်းပပါတယ်။ ကမ္ဘာတဝှမ်းက ရေလှိုင်းစီးတတ်တဲ့ ခွေးတွေ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ ခွေးတွေရဲ့ ရေလှိုင်းစီးပြိုင်ပွဲ ကျင်းပလာခဲ့တဲ့ ၁၀နှစ်တာကာလအတွင်း ခွေးပေါင်း အကောင် ၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
#voaburmese #voasocial
အသက်၂၄ နှစ်အရွယ်ပိုလန်နိုင်ငံသား Dawid Godziek က သူ့ရဲ့ တောင်တက်စက်ဘီးနဲ့ လေထဲမှာ လေးပတ်လှည့် စတန့်ထွင်စီးပြပြီး စံချိန်သစ်ချိုးလိုက်ပါတယ်။ ဂျာမနီနိုင်ငံမှာကျင်းပတဲ့ ၂၀၁၈ Audi Nines MTB ပြိုင်ပွဲမှာ အဲဒီလိုစီးပြနိုင်ဖို့အတွက် ၅ ကြိမ် ကြိုးစားခဲ့ရပြီးတဲ့နောက် အောင်မြင်သွားတာပါ။#voaburmese #voasocial
နတ်သုဒ္ဓါလို့တောင် တင်စားခေါ်ကြတဲ့ ဝိုင်ကို ထုတ်လုပ်ဖို့ Cyprus နိုင်ငံက စပျစ်ခြံတွေမှာ ရွှေရောင်၊ ကြက်သွေးရောင်သန်းတဲ့ စပျစ်သီးတွေနဲ့ ဝေဆာနေပါပြီ။ အချိုတည်းရတဲ့ ဝိုင် Commandaria ကို ထုတ်ခွင့်ပေးထားတဲ့ ရွာက ၁၄ ရွာပဲ ရှိပြီး နှစ်တိုင်းစက်တင်ဘာလမှာ နတ်သုဒ္ဓါဝိုင်ကို ထုတ်ပါတယ်။ #voaburmese #voasocial
ကော်လိုရားဒိုးပြည်နယ်၊ Aurora မြို့မှာ ဓားပြတိုက်ဖို့ ကြိုးစားတဲ့သူက မတော်တဆ သေနတ်လွတ်ကျသွားလို့ ဓားပြမတိုက်လိုက်ရဘဲ ထွက်ပြေးသွားရပါတယ်။ လျှပ်စစ် စီးကရက် E-Cig ရောင်းတဲ့ဆိုင်ကို စက်တင်ဘာလ ၂ ရက်နေ့ုတုန်းက သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်ဖို့ ကြိုးစားတာကို CCTV ကင်မရာတခုကနေ ရိုက်ကူးထားပြီး ဒီ ဓားပြတိုက်သူကို ရှာဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေကြပါတယ်။
အိုင်ယာလန်ကသြဇာကြီးတဲ့ကက်သလစ်ဘုရားကျောင်းတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက်ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကတောင်းပန်စကားဆိုခဲ့ပေမယ့်ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ဝေဖန်နေကြပြီးပုပ်ရဟန်းမင်းကြီးကိုပါ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။Zlatica Hoke ပေးပို့တဲ့သတင်းကို မအိသန့်စင်ကပြောပြထားပါတယ်။
နယူးယောက်မြို့က အသက် ၉၅နှစ်အရွယ် ဖိုးဖိုးကြီးက ရေခဲပြင်စကိတ်စီးပြပါတယ်။ ယူကရိန်းခွဲထွက် ခရိုင်းမီးယားနယ်မှာတော့ ပေ ၉၀နီးပါး အမြင့် ကျောက်ကမ်းပါးပေါ်ကနေ ဒိုင်ဗင်ထိုးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီလို ကမ္ဘာတလွှားကထူးခြားတဲ့သတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
#voasocial #voaburmese
ဂျော်ဂျီယာနိုင်ငံက အသက် ၁၈ နှစ်အရွယ် Vako Marchelashvili ဟာ ရေထဲမှာ အသက်အောင့်ပြီး Rubik တုံး ၆ တုံးကို ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဂင်းနစ်စံချိန် တင်သွားပါတယ်။ ၁ မိနစ် ၄၄ စက္ကန့်ကြာ အသက်အောင့်ပြီး Rubik ကုဗတုံးတခုစီရဲ့ မျက်နှာပြင်တခုချင်းစီမှာ အရောင်ညီအောင်လုပ်ပြခဲ့တာပါ။ #voasocial #voaburmese
နောက်ထပ်ကြည့်ရှုရန်