ဖေဖော်ဝါရီ ၂၆ သောကြာနေ့က ရန်ကုန်နဲ့ မန္တလေးမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့တာပါ။ ဒီလို ဖြိုခွင်းမှုတွေကြားကပဲ နိုင်ငံတဝန်းဆန္ဒပြပွဲတွေ သတင်းတပတ်လုံး အရှိန်ကောင်းကောင်းနဲ့ ဆက်ပြုလုပ်နေကြတာပါ။ မအိသန့်စင် စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြုပြီး စစ်အုပ်ချုပ်ရေးကျဆုံးတဲ့အထိ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်ပြီး ကြိုးပမ်းသွားကြမယ်လို့ သောကြာနေ့ ကုလသမဂ္ဂအထွေထွေ ညီလာခံ မြန်မာ့အရေး အထူးဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ မအိသန့်စင် တင်ဆက်ပေးထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို တချို့ဒေသတွေမှာ အာဏာပိုင်တွေဘက်က အင်အားသုံးဖြေရှင်းမှုတွေရှိပေမဲ့ ဆန္ဒပြပွဲတွေက အရှိန်လျော့မသွားပါဘူး။ အခုပြီးခဲ့တဲ့ သတင်းပတ်မှာ ဖြစ်ခဲ့တာတွေကို မအိသန့်စင် စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ တပတ်အတွင်း အဖြစ်အပျက်တွေကို မအိသန်စင် စုစည်းတင်ပြထားပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြတ်သန်းနေတဲ့ မြန်မာနိုင်ငံမှာ ရုတ်တရက် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အပြင်၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပါ ရိုက်ခတ်နိုင်တဲ့အတွက်၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေကလည်း စိုးရိမ်နေကြပါတယ်။ VOA သတင်းထောက် မအိသန့်စင်က တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ မှာ ကြုံရတဲ့ ရောဂါကပ်ဘေးကြောင့် အသက်အရွယ်ကြီးသူတွေတင်မက လူငယ်တွေလည်း အတော်ထိခိုက်ရတာပါ။ အခုအရွယ်ရောက်စဖြစ်တဲ့ “Gen Z” မျိုးဆက် ဇီ ခေါ် ၁၉၉၀ပြည့်လွန်နှောင်းပိုင်းနဲ့ ၂၀၁၀ အစောပိုင်းနှစ်တွေကြား မွေးတဲ့ သူတွေရဲ့ ဘဝကို ဘယ်လိုရိုက်ခတ်ခဲ့ပါသလဲ။ ရိုက်တာသတင်းလွှာကို မအိသန့်စင် တင်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါ တနှစ်နီးပါးရှိချိန်မှာ အဖိုးအဖွားတွေ အထီးကျန်မှုနဲ့ ကြုံနေရပါတယ်။ ခရစ္စမတ်၊ နှစ်သစ်ကူးရာသီမှာ အထီးကျန်မှုကို လျှော့ချပေးနိုင်ဖို့ နည်းပညာသစ်ကိုသုံးပြီး ဂျာမနီနိုင်ငံ လူအိုရုံက အဖိုးအဖွားတွေ ပြုံးပျော်ဖို့ ကြိုးပမ်းနေကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် က ပြောပြပါမယ်။
အမေရိကန် မရိမ်းတပ်ဖွဲ့မှာ တပ်ကြပ်အဆင့်အဖြစ် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ မသဲဥဟာ လက်ရှိမှာ အမေရိကန်စစ်တပ်ရဲ့ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
အမေရိကန်မှာ ဒုသမ္မတလောင်းတစ်ယောက် ကို ဘယ်လို စီစစ်ရွေးချယ်လဲ
Coronavirus ပိုး စတင်ကူးစက်ချိန် ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီအစောပိုင်းကာလတွေမှာကတည်းက ဒီရောဂါနဲ့ပတ်သက်တဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေက အင်တာနက်မှာပျံ့နှံ့နေခဲ့ပါတယ်။
အာဖဂန်ပဋိပက္ခ အဆုံးသတ်ဖို့ရည်ရွယ်တဲ့ အမေရိကန်နဲ့ တာလီဘန်တွေကြား သဘောတူညီချက်ကြောင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်တချို့ တိုးလာပါတယ်။ ဒါပေမဲ့ အာဖဂန်အမျိုးသမီးတွေကတော့ သူတို့ရဲ့လွတ်လပ်မှုနဲ့ အခွင့်အရေးဆုံးရှုံးမှာ စိုးရိမ်နေတဲ့အကြောင်း Ardita Dunellari ရဲ့ဆောင်းပါးကို မအိသန့်စင် တင်ပြထားပါတယ်။
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုအောင်ဝင်းမော်ဟာ ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders အနိုင်ရရေး မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ ပါဝင် လုပ်အားပေးနေသူပါ။ သူ့ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိသန့်စင်က Skype ကနေတဆင့် တွေ့ဆုံမေးမြန်းထားပါတယ်။
ရက်မစေ့ဘဲ မွေးတဲ့ ကလေးတွေနဲ့ နာမကျန်းတဲ့ မွေးကင်းစကလေးတွေကို ချီပြီး ချော့သိပ်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ ရှိနေပါပြီ။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Long Beach မြို့က ဆေးရုံကို သွားရောက်ခဲ့တဲ့ Angelina Bagdasaryan ရဲ့ သတင်းကို မအိသန့်စင်က ပြောပြပါမယ်။
မြေကမ္ဘာပေါ်က သစ်ပင်နဲ့ သတ္တဝါမျိုးစိတ် ၁သန်းကျော် မျိုးတုန်းလုနီးပါး အခြေအနေရောက်နေကြောင်း ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်က ဘုန်းကြီးကျောင်း တကျောင်းမှာတော့ နှိပ်စက်ခံရ၊ အကြောင်းအမျိုးမျိုးနဲ့ စွန့်ပစ်ခံထားရတဲ့ ကြက်တူရွေးတွေကို စောင့်ရှောက်ပေးနေပါတယ်။ Garuda ဂေဟာမှာ စွန့်ပစ်ခံငှက်တွေကို စောင့်ရှောက်ပေးနေတဲ့ အကြောင်း Maxim Moskalkov ရဲ့သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။
ရာဇဝတ်ပြစ်မှုနဲ့ သံသယရှိသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးရမယ့် ဥပဒေမူူကြမ်းကို ကန့်ကွက်ဆန္ဒပြတာတွေကနေ နိုင်ငံရေးအကျပ်အတည်းတွေရှိလာတဲ့တချိန်တည်းမှာ ဟောင်ကောင်ရဲ့ အနာဂတ်အပေါ် စိုးရိမ်မှုတွေလည်း တိုးပွားလာနေပါတယ်။ VOA သတင်းထောက် Bill Gallo ရဲ့သတင်းလွှာကို မအိသန့်စင်ပြောပြထားပါတယ်။
အီဂျစ်၊ ဆူဒန်နဲ့ အယ်လ်ဂျီးရီးယားလို နိုင်ငံတွေက အစိုးရဆန္ဒပြပွဲတွေမှာ အမျိုးသမီးအများအပြား တက်ကြွလှုပ်ရှားစွာပါဝင်နေပေမယ့် အစ္စလာမ်ဘာသာဝင်အသိုင်းအဝိုင်းရဲ့ အမြင်မှာတော့ အမျိုးသမီးတွေ ထုတ်ဖော်ဆန္ဒပြတာဟာ မသင့်တော်တဲ့အရာလို့ ယူဆကြပါတယ်။ Salem Solomon ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထပ်မံလိုအပ်တဲ့အချက်အလက်တွေနဲ့ ထွက်ဆိုချက်တွေ ပေးဖို့ Trump အစိုးရအဖွဲ့ ငြင်းဆိုထားတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံဥပဒေကို ချိုးဖေါက်တာဖြစ်တယ်လ
မကြာသေးခင်က အမေရိကန်ပြည်နယ်တချို့မှာ ကိုယ်ဝန်ဖျက်ချခွင့်ပိတ်ပင်တဲ့ ဥပဒေကြမ်းအသစ်တွေကို ချမှတ်လိုက်တာကြောင့် ဒီအပေါ်မှာ အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ Jim Malone ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။
“အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား ထိပ်တိုက်ရင်ဆိုင်မှုက ပိုပြီး ခက်ခဲတဲ့အခြေအနေကို ရောက်နေပြီး အမေရိကန်ပြည်ထောင်စုဟာ Constitutional Crisis လို့ ခေါ်တဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အကျပ်အတည်းထဲရောက်နေပြီဖြစ်ကြောင်း အောက်လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌက ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်