မြန်မာ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးမှာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ တာဝန်ပျက်ကွက်မှုတွေက ရာဇဝတ်မှုတွေမှာ အလိုတူ အလိုပါ သဘောမျိုး ဖြစ်နေတယ်ဆိုပြီး ဗြိတိန် အခြေစိုက် NGO အဖွဲ့တခုဖြစ်တဲ့ Myanmar Accountability Project အဖွဲ့က Christopher Gunness က ပြောပါတယ်။ မအိသန့်စင် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ကပ်ရောဂါ တကျော့ပြန်များလာနေပြီး စစ်အာဏာသိမ်းပြီးချိန်နောက်ပိုင်း တနေ့တည်း ကူးစက်မှုအများဆုံးနေ့ကို ဒီသီတင်းပတ်တွင်း ကြုံခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးလည်း ခက်ခဲလာပါတယ်။ တပတ်အတွင်းကိုဗစ်ကူးစက်မှုအခြေအနေတွေကို စုစည်းပြီး မအိသန့်စင် တင်ဆက်ပေးပါမယ်။
အရပ်သားတွေကို စစ်ကောင်စီ အကြမ်းဖက်မှု G-7 ခေါင်းဆောင်တွေ အပြင်းအထန်ရှုတ်ချ၊ မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကုလမဟာမင်းကြီး ထုတ်ပြန်ချက် မှန်ကန်ပြည့်စုံမှုမရှိဘဲ ဘက်လိုက်လို့ စစ်ကောင်စီက ပြော၊ မြန်မာ့နိုင်ငံရေး ဒီသီတင်းပတ်တွင်း နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင်က တင်ဆက်ပေးပါမယ်။
မြန်မာနိုင်ငံစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုထဲ အလွှာစုံကအမျိုးသမီးတွေ တက်တက်ကြွကြွပါဝင်တဲ့အပြင် အခုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ အမျိုးသမီး ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါဝင်တာဟာ ကောင်းတဲ့အစပျိုးမှုဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မခင်လေးက ပြောပါတယ်။ မအိသန့်စင် ဆက်သွယ်မေးမြန်းထားပါတယ်။
ဇွန် ၁၃၊ ၂၀၂၁ - NUG မှာ အမျိုးသမီးဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါဝင်တာဟာ ကောင်းတဲ့အစပျိုးမှု ဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မခင်လေး က ပြောပါတယ်။ မအိသန့်စင် က မခင်လေး ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ ကိုယ့်အခြေအနေနဲ့ သင့်တော်တဲ့ လုပ်ငန်းစဉ်ကို ရွေးချယ်တာကို ထောက်ခံကြောင်း တရုတ်ပြော၊ မြန်မာစစ်အာဏာသိမ်းအခြေအနေ ပိုဆိုးရွားလာမှု ကန်အထူးစိုးရိမ်၊ ဒီလို မြန်မာ့နိုင်ငံရေးအပေါ် ဒီသီတင်းပတ်တွင်း နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင်က တင်ပြထားပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် ဥရောပသမဂ္ဂ EU ရဲ့ အရေးယူဒဏ်ခတ်မှုအသစ်၊ ဖမ်းဆီးခံသတင်းထောက်တွေ ပြန်လွှတ်ရေး ကန် ဒု နိုင်ငံခြားရေးဝန်ကြီး တောင်းဆို၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ် ကန် ပါတီ ၂ ရပ် ပူးပေါင်းဖိအားပေးဖို့ တိုက်တွန်း၊ သဘာဝဓါတ်ငွေ့ တူးဖေါ်ရေး ဖက်စပ်လုပ်ငန်းအတွက် ပေးချေရမယ့် ငွေတွေ တိုတယ်နဲ့ ရှဗရွန် ရပ်ဆိုင်း၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ ကုလတောင်းဆို၊ အာဏာသိမ်း စစ်ကောင်စီကို ကန် ဒဏ်ခတ်ပိတ်ဆို့၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဘာသာရေးနှိပ်ကွပ်မှုနဲ့ လူနည်းစုဖိနှိပ်မှုကို စစ်ခေါင်းဆောင်တွေ လုပ်ဆောင်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးပြော၊ ဖမ်းဆီးခံသတင်းထောက်တွေ ပြန်လွှတ်ဖို့ နိုင်ငံတကာ သတင်းစာနယ်ဇင်းအဖွဲ့တွေ တောင်းဆို၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင်နဲ့ ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
စစ်ကောင်စီလုပ်ရပ်တွေ ပြောင်းလဲဖို့ G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်း၊ မြန်မာ စစ်တပ်ကျူးလွန်မှုတွေကို မှတ်တမ်းတင်ပြီး ကမ္ဘာကို ဖြန့်ပေးလို့ သတင်းထောက်တွေကို ကုလဆိုင်ရာ ကန်သံအမတ်ကြီး ချီးကျူး၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အာဆီယံ သဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်နာဖို့ နိုင်ငံတကာက တိုက်တွန်း၊ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် စစ်ကောင်စီအကြီးအကဲဆီ အိတ်ဖွင့်ပေးစာ ပေး၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာ့အရေး အရေးပေါ် အာဆီယံအစည်းဝေးပွဲ မြန်မာစစ်ကောင်စီအကြီးအကဲကို ဖိတ်ကြားမှု အမျိုးသားညီညွတ်ရေးအစိုးရ ကန့်ကွက်၊ အာဏာသိမ်း စစ်ကောင်စီအတွက် ငွေကြေးအထောက်အပံ့ဖြစ်နေတဲ့ သစ်နဲ့ ပုလဲလုပ်ငန်းတို့ကို ကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း နှစ် ခုနဲ့ ဆက်စပ်သူတွေကို EU က ဒဏ်ခတ်အရေးယူလိုက်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ရိုက်နှက်ဖမ်းဆီးသွားတာကို နိုင်ငံတကာသံရုံးတွေ ကန့်ကွက်သွားကြပါတယ်။ မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
လန်ဒန်မြန်မာသံရုံးကို စစ်သံမှူးက ထိန်းချုပ်တဲ့ ကိစ္စ ဗြိတိန်အစိုးရ ဘယ်လိုတုံ့ပြန်၊ မြန်မာစစ်တပ်ကျူးလွန်တဲ့ ပြစ်မှုတွေကြောင်းကို ကုလရဲ့ IIMM အကြီးအကဲကို ဥပဒေအကျိုးဆောင်အဖွဲ့ကနေတဆင့် CRPH ဆွေးနွေး၊ ဒီလို နိုင်ငံတကာ တုံ့ပြန်မှုတွေကို မအိသန့်စင်က စုစည်းတင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းလိုက်ကြောင်း CRPH က ကြေညာလိုက်ပါတယ်။ မြန်မာ့အရေးအခြေအနေ အရေးတကြီးဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ခေါ်ဆိုခဲ့ပါတယ်။ မအိသန့်စင် စုစည်းတင်ဆက်ထားပါတယ်။
ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းတာကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသေဆုံးသူ ပိုတိုးလာနေပါတယ်။ ဒီလို လူထုအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာကလည်း ဒဏ်ခတ်ပိတ်ဆို့မှု ပိုလုပ်ဆောင်နေတာပါ။ မအိသန့်စင် တင်ပြထားပါတယ်။
မတ်လ၊ တတိယပတ်မှာတော့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာတွေ ပိုတိုးလာတဲ့အပြင် ရန်ကုန်မြို့နယ်တချို့လည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ထားတာပါ။ မြန်မာနိုင်ငံတွင်း လွတ်လပ်တဲ့ပုဂ္ဂလိက သတင်းစာတွေ အားလုံးလည်း ဒီသီတင်းပတ်တွင်းမှာ ရပ်ဆိုင်းသွားပါတယ်။ တပတ်အတွင်းသတင်းတွေကို မအိသန့်စင် စုစည်းတင်ဆက်ထားပါတယ်။
မတ်လ ၁၄ ရက်နေ့တုန်းက ရွှေပြည်သာဆန္ဒပြပွဲ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခံရမှုမှာ သေဆုံးခဲ့တဲ့ ကိုဖြိုးဇော်လင်း ခေါ် အညာသားရဲ့ ရုပ်အလောင်းကို မိသားစုက သုံးရက်ကြာမှ ထုတ်ယူခွင့်ရခဲ့ပြီး လက်ခံရရှိချိန်မှာ ရုပ်အလောင်းက ကြည့်ရှုမကောင်းအောင် ယိုယွင်းနေတယ်လို့ မိသားစုဝင်အသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြမှုမှာ ရဲနဲ့ စစ်တပ် အင်အား အဆမတန်သုံး နှိမ်နင်းပေမဲ့ လူငယ်တွေနဲ့ ပြည်သူတွေအားလျော့သွားတာတော့ မရှိပါဘူး။ ဆန္ဒပြပွဲတွေအတွင်း ကျဆုံးသူတွေလည်း ပိုများလာရသလို ရှိသလို ဖြိုခွင်းမှုကို အံတုပြီး ရှေ့ဆက်နေတဲ့သူတွေရဲ့ ကြိုးပမ်းမှု၊ ဆုံးရှုံးမှုတွေအကြောင်း မအိသန့်စင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်