ယူကရိန်းနိုင်ငံထဲ ရုရှားတပ်တွေ စတင်ကျုးကျော်တိုက်ခိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းအနောက်ဖက် နယ်စပ်ဖြတ်ကျော်ပြီး အိုအိမ်စွန့်ခွာထွက်ပြေးသူတွေ တသိန်းကျော် ရှိသွားပါပြီ။ VOA သတင်းထောက် Oksana Lihostova ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
လက်နက်စနစ်တွေကအစ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေထုတ်လုပ်ရာမှာ အသုံးလိုတဲ့ မြေရှားသတ္တုတွေနဲ့ တခြားအရေးပါတဲ့ သတ္တုတွေကို အမေရိကန်က ပိုထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်မယ့်အကြောင်း ဘိုင်ဒန်အစိုးရက ကြေညာထားပါတယ်။ အမေရိကန်အိမ်ဖြူတော်ဆိုင်ရာသတင်းထောက် Patsy Widakuswara ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စတင်လို့ ယူကရိန်းပြည်သူတွေ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေကြရပါတယ်၊ ကမ္ဘောဒီးယားမှာ အသက် ၃ နှစ်အရွယ်ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးစထိုးပေးနေပါပြီ၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က တင်ပြထားပါတယ်။
နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင် ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရဝန်ကြီး သုံးဦးတို့ တရားစွဲခံထားရတဲ့အမှုကို တလကြာရပ်နားထားရာက ဒီနေ့ ပြန်လည်ကြားနာပါတယ်။
ယူကရိန်းနဲ့ ရုရှား ဆက်ဆံရေး တင်းမာနေချိန် စစ်ဖြစ်နိုင်ခြေရှိနေတဲ့ အချိန်မှာ အမေရိကန်ရောက် ယူကရိန်းအသိုင်းအဝိုင်းကြား သူတို့ရဲ့ ဇာတိမြေအပေါ် စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။ Chicago မြို့ကနေ VOA သတင်းထောက် Kane Farabaugh ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ရုရှား ကျောထောက်နောက်ခံပြုထားတဲ့အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ မေဒန် တော်လှန်ရေး ယူကရိန်းမှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၈ နှစ်အကြာမှာ Kyiv မြို့တော်က ပြည်သူတွေက ဒီလှုပ်ရှားမှု နှစ်ပတ်လည်နေရာမှာ အောက်မေ့ဖွယ် အမှတ်တရ လာရောက် ဂုဏ်ပြုကြပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
စင်ကာပူနိုင်ငံမှာ တနှစ်ခြား တခါကျင်းပနေကျ လေယာဉ်ပြပွဲကို ဒီနှစ်လည်း ကပ်ရောဂါအခြေအနေကြောင့် အကျဉ်းချုံးပြီး ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လေကြောင်းသွားလာမှုတွေ အထိနာပြီးတဲ့နောက် ၂ နှစ်အကြာမှာ လေယာဉ်ခရီးသွားမှုလုပ်ငန်း ပြန်လည် ဦးမော့လာဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
အာဖရိကတိုက်ကနေ ဆင်စွယ် မှောင်ခိုထုတ်နေတာကို ဒုစရိုက်အဖွဲ့ကြီး ၃ ခုက အဓိကလုပ်နေတာလို့ အာဏာပိုင်တွေက ယူဆကြပါတယ်။ ဆင်စွယ်ကို DNA မျိုးဗီဇ စမ်းသပ်တဲ့နည်းလမ်းတဲ့ ဆင်စွယ်မှောင်ခိုလုပ်ငန်းကို ခြေရာခံနိုင်နေပါတယ်။ AP သတင်းဆောင်းပါးကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
ယူကရိန်း ရုရှားပဋိပက္ခတင်းမာချိန်အတွင်း အမေရိကန် အင်အားဖြည့်တင်းမှု နေတိုးထောက်ခံ၊ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်သူဦးရေ စံချိန်တင်မြင့်တက်၊ ကိုဗစ်ကြားက ဘေကျင်းဆောင်းရာသီ အိုလံပစ် ကျင်းပ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက စစ်တပ်နဲ နီးစပ်တဲ့ လူနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် အစိုးရက အရေးယူ ဒဏ်ခတ်ထားပြီး ဒီလို အရေးယူမှုတွေဟာ မပြီးသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က CSIS ဦးစီးကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ မအိသန့်စင်က တင်ပြထားပါတယ်။
“ဒီနေ့ ရုံးချိန်းမလာနိုင်ဘူးလေ။ မနက်စာစားပြီး မူးပြီး အော့အန်ချင်သလိုဖြစ်တာတဲ့၊ အန်ချင်သလိုဖြစ်တော့ ဆရာဝန် ဆေးစာအရ အနားယူရမယ်ဆိုပြီးတော့ ရုံးချိန်းမလာနိုင်ဘူးပေါ့၊ အဲဒါကို တရားရုံးမှာ လာဖတ်ပြတယ်လေ။ အဲဒါပဲသိတာပါ။ ကျန်တာတော့မသိရဘူး။” (တရားရုံးနဲ့နီးစပ်သူ ရှေ့နေတဦး)
အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီကို ဖိအားပေးရင်း မြန်မာပြည်သူတွေနဲ့ NUG အစိုးရထောက်ခံဖို့ အပါအဝင် မဏ္ဍိုင် ၄ ရပ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်နေပါတယ်လို့ Derek Chollet က ပြောဆိုလိုက်ပါတယ်။ ဝါရှင်တန်အခြေစိုက် CSIS ဦးစီးကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မအိသန့်စင်က တင်ဆက်ထားပါတယ်။
ဟောင်ကောင်မှာ တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေတွေကြောင့် သတင်းမီဒီယာသမားတွေအတွက် စိန်ခေါ်မှု အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ အရင်တုန်းက သတင်းလွတ်လပ်ခွင့် အရှိခဲ့ဆုံး နေရာဟာ အခုတော့ အပြောင်းကြီး ပြောင်းလဲသွားပြီလို့ ဟောင်ကောင်က သတင်းထောက်တချို့က ပြောပါတယ်။ မအိသန့်စင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ တနှစ်ကြာလာခဲ့ပြီး နိုင်ငံရေးဖိနှိပ်မှုတွေ တင်းတင်းကြပ်ကြပ် ကန့်သတ်တဲ့ကြားမှာပဲ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လူပ်ရှားမှုတွေလည်း နည်းလမ်းပေါင်းစုံနဲ့ ဆက်ပြီး ရှိနေဆဲပါ။ မအိသန့်စင် ပြောပြပေးပါလိမ့်မယ်။
ရုရှား ယူကရိန်းတင်းမာမှု ပြင်းထန်ဆဲအနေအထား ရှိ၊ အာရှနိုင်ငံတချို့ အိုမီခရွန်ကိုဗစ်မျိုးကွဲကြောင့် ကူးစက်မှုစံချိန်တင်မြင့်တက်၊ ၂၀၂၂ ကမ္ဘာ့စီးပွားရေး ထင်တာထက် ပိုကျဆင်းနိုင်ကြောင်း IMF က ခန့်မှန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကုန်တင်ကားမောင်းသူ အလုံအလောက်မရှိတာကြောင့် စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံရပါတယ်။ ဒါ့ကြောင့် ကုန်တင်ကားမောင်းသူအဖြစ် အရည်အချင်းစစ်ပြီးသူအသစ်တွေကို အလုပ်သွင်းဖို့ ကုန်တင်ပို့ဆောင်ရေးကုမ္ပဏီတွေက ကြိုးပမ်းနေကြပါတယ်။ V မအိသန့်စင်က တင်ဆက်ထားပါတယ်။
ကိုဗစ် 19 ရောဂါ ကူးစက်တဲ့ ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတဝှမ်း စိတ်ဖိစီးမှုခံစားနေရသူ ဦးရေ ၂၄၆ သန်းလောက်ရှိပြီး ဒါဟာ အရင်နှစ်တွေကထက်စာရင် ၂၈% တိုးလာတယ်လို့ ကျန်းမာရေး စစ်တမ်းတခုက ရေးပါတယ်။ Laurel Bowman ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်
ဗြိတိန်နဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ်ကန့်သတ်ချက်တွေ လျှော့ပေါ့၊ ရုရှား၊ ယူကရိန်းတင်းမာမှု ရုရှားရှေ့တိုး လုပ်ဆောင်ရင် ရုရှားပြန်ပေးဆပ်ရမှာ များကြောင်း ကန်သမ္မတ သတိပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၉၈၀ ပြည့်နှစ်တွေနောက်ပိုင်း အမြင့်ဆုံး ကုန်ဈေးနှုန်း တက်တာကို ကြုံနေရပြီး ဝင်ငွေနည်း မိသားစုတွေ အများဆုံး အခက်အခဲတွေ တွေ့နေပါတယ်။ ကပ်ရောဂါကြောင့် အထိနာနေတဲ့ စီးပွားရေး ကုမ္ပဏီတွေလည်း ဆက်လက် ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ပြထားပါတယ်။
အိုမီခရွန်ကိုဗစ်မျိုးကွဲကြောင့် ကမ္ဘာတဝန်းမှာ ဒီသီတင်းပတ်ထဲ ကိုဗစ်ကူးစက်သူဦးရေ ၁၅ သန်းကျော် အသစ်တိုး စံချိန်တင်၊ အမေရိကန်ပြည်ထောင်စုမှာ နှစ် ၄၀ အတွင်း ကုန်ဈေးနှုန်းအမြင့်ဆုံးကို ရောက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်