အမေရိကန်ပြည်ထောင်စုမှာ မဲပေးခွင့်ကန့်သတ်တဲ့ ဥပဒေတွေ ပြည်နယ်တွေက မပြဌာန်းနိုင်အောင် တားဆီးမယ့် ဥပဒေကြမ်းတရပ် အတည်ပြုရေး သမ္မတ Biden တိုက်တွန်း ကြိုးပမ်း နေပါတယ်။ VOA သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ အရွယ်ရောက်ပြီးသူတိုင်း တနှစ်မှာ တခါ ၂ ခါလောက်တော့ သာမန်တုပ်ကွေးဖြစ်ပြီး ဖျားတတ်ပါတယ်။ သာမန်တုပ်ကွေးဗိုင်းရပ်စ်က ဒီထက်ပိုပြီး အန္တရာယ်များတဲ့ ဗိုင်းရပ်စ်ပိုးရန်ကနေ ကာကွယ်နိုင်မယ်လို့ သုတေသနအသစ်တခုမှာ တွေ့ရှိထားပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် ပြောပြပါမယ်။
တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက် တူရကီနိုင်ငံကို ထွက်ပြေးလာတဲ့ အာဖဂန်ရွှေ့ပြောင်းနေထိုင်သူတွေမှာ စာရွက်စာတမ်း အထောက်အထားတွေ မရှိတဲ့အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်မရှိသလို ဆေးရုံတက်ရင်လည်း ဆေးကုသပေးမှာ မဟုတ်ပါဘူး။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ TV စတာတွေကို အသံနဲ့ ခိုင်းနိုင်မယ့် အပြင် TV ကြည့်ရင်း အပြင်ရှုခင်းကိုလည်း ခံစားနိုင်မယ့် ပြတင်းပေါက်လို ဖန်သားပြင်တွေကို မဝေးတဲ့ အနာဂတ်မှာ လူသားတွေရဲ့ နေ့စဉ်ဘဝထဲ အသုံးများလာတော့မယ်လို့ LG ကုမ္ပဏီက ပြောပါတယ်။ AP သတင်းဆောင်းပါးကို မအိသန့်စင်က တင်ပြထားပါတယ်။
အသံထက် ၅ ဆမြန်တဲ့ မစ်ဇိုင်းဒုံးကျည် မြောက်ကိုရီးယားနိုင်ငံက စမ်းသပ် ပစ်ခတ်၊ ပြင်သစ်နိုင်ငံမှာ မျိုးဗီဇအကြိမ်ကြိမ်ပြောင်းလဲထားတဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲသစ်တမျိုး တွေ့ရှိ၊ ဒီလိုတပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကလေး၊ လူကြီး၊ အဖိုးအဖွားကအစ အိမ်မွေးတိရစ္ဆာန် ခွေးလေးတွေအတွက်ပါ အသုံးတည့်မယ့် နည်းပညာပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စု Nevade ပြည်နယ် Las Vegas မြို့မှာ ကျင်းပနေတဲ့ ၂၀၂၂ CES လူသုံးကုန် အီလက်ထရောနစ် နည်းပညာပစ္စည်းပြပွဲမှာ ပြသထားပါတယ်။ AP သတင်းကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
၂၀၂၁ ခုနှစ်တွင်း ကလေးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု၊ ကလေးတွေကို ဖမ်းဆီးမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အရင် ၂၀၂၀ ပြည့်နှစ်ထက် ပိုများခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့UNICEF က ပြောပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ ရပ်ဖို့လည်း UNICEF က တိုက်တွန်းပါတယ်။ မအိသန့်စင် တင်ပြထားပါတယ်။
မြန်မာရဲ့အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု တိုးလာတာကြောင့် သွားလာမှုအကန့်အသတ်တွေနဲ့ နှစ်သစ်ကူးရာသီကို ဖြတ်ကျော်၊ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံပါဝင်တဲ့ နျူကလီးယားဆွေးနွေးပွဲ ပြန်စတင်၊ တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်သမ္မတ Biden နဲ့ ရုရှားသမ္မတ Putin တို့အွန်လိုင်းကနေ ၂ နာရီကြာ ဆွေးနွေးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ မီးတောင်ပေါက်လို့ လူသေဆုံး၊ အိမ်ထောင်စု ၁ သိန်းကျော် အိုးအိမ်ပျက်စီးရပါတယ်။ တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
ကိုဗစ်ဗီဇပြောင်းပိုးသစ် အိုမီခရွန် ကမ္ဘာ့နိုင်ငံအများအပြားမှာ မြန်မြန်ဆန်ဆန်ကူးစက်၊ ဗြိတိသျှ ကိုလိုနီလက်အောက် နှစ် ၄၀၀ နီးပါး ကျရောက်ခဲ့တဲ့ ဘာဘေးဒိုးစ်ကျွန်း ပထမဆုံးသမ္မတ တင်မြှောက်ပြီး ပြည်ထောင်စုသမ္မတနိုင်ငံ ထူထောင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
ဓာတ်ဆီနဲ့ စွမ်းအင်ထုတ်ကုန် ဈေးနှုန်းမြင့်တက်မှုဖြေရှင်းရေး ကန်နဲ့ နိုင်ငံကြီးတွေ သိုလှောင် ရေနံထုတ်သုံးဖို့ ပြင်၊ ဥရောပတိုက်မှာ ကိုဗစ်ကူးစက်မှု ပြန်မြင့်တက်နေပြီး ကာကွယ်ဆေးများများ ထိုးပေးနိုင်ရေးအတွက် အလေးပေးလုပ်ဆောင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကန်သမ္မတ ဘိုင်ဒန် သမ္မတတာဝန်ယူပြီး ပထမဆုံးအကြိမ်အဖြစ် တရုတ်သမ္မတရှီနဲ့ အွန်လိုင်းဆွေးနွေး၊ ကိုဗစ်-၁၉ သောက်ဆေး ထုတ်လုပ်နိုင်ရေး ဖိုင်ဇာ သဘောတူညီမှုရရှိ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကမ္ဘာကြီး ပူနွေးမှုကို ၁၀ နှစ်အတွင်း ၂ ဒီဂရီ ဆဲလ်စီးယက်စ်အောက် ထိန်းထားရေး ကန်၊ တရုတ် သဘောတူ၊ အမေရိကန်မှာ နှစ် ၃၀ အတွင်း ကုန်ဈေးနှုန်းအမြင့်ဆုံး ရောက်၊ ဒီလို သတင်းတပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ စစ်မှုထမ်းဟောင်းများနေ့ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်မှာ ၂၈ နှစ်ကြာ တာဝန်ထမ်းခဲ့ပြီး ဒုဗိုလ်မှူးကြီး အဆင့်နဲ့ ပင်စင်ယူထားသူ ဒေါ်မီမီဝင်းဘက်ကို မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးညီလာခံ COP26 မှာ နိုင်ငံခေါင်းဆောင် အယောက် ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့၊ အမေရိကန်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေ ကိုဗစ် ကာကွယ်ဆေး စထိုး၊ ဒီလို သတင်းတပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ ရဲ့ G20 အစည်းအဝေး ကျင်းပနေ၊ ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်း၊ ဖေ့စ်ဘုတ်က မတ်တာလို့ နာမည်ပြောင်း၊ ဒီလို သတင်းတပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့ပြင်ဘက်ကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့မနက်အစောပိုင်းက စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် တောင်ယာခင်းတခုပေါ် လက်နက်ကြီးကျည်တခုကျပြီး အမျိုးသမီးတယောက်သေဆုံးခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ဖို့ Stay at Home ထုတ်ပြန်ထားတဲ့ ၆၉ နယ်အနက် အခု မြို့နယ် ၄၄ မြို့နယ်ပယ်ဖျက်ပေးတဲ့အထဲ ရန်ကုန်တိုင်းက မြို့နယ် ၂၀ ပါဝင်ပြီး စုစုပေါင်း မြို့နယ် ၅၀ ကို မလိုအပ်ဘဲအိမ်ပြင်မထွက်ရ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီးဖြစ်ပါတယ်။
“ သေနတ်ငါးလက် စစ်တပ်ထဲ သွားပစ်ပြီး ယူလာတာရှိတယ်၊ အဲ့လိုယူလာလိုက်တဲ့အခါကျတော့ နောက်စစ်ကြောင်းတွေက အများကြီးထပ်ထိုးလာတယ်။ အဲလို ထိုးလာတဲ့အခါကျတော့ သူက ကျနော်တို့ကို မလုပ်ဘူး။ ပြည်သူတွေကိုပဲ တောက်လျှောက် တောက်လျှောက်လုပ်နေတယ်၊ အခါတိုင်းဆို ဒီတိုင်းပဲ ပြည်သူတွေကိုပဲ သူတို့က မဲတယ်။” (ဖယ်ခုံ PDF)
“နေရောင်ခြည်ရအောင်လည်း ခံခံပေး။ နေရောင်ခြည်လေးထိနိုင်တဲ့ နည်းလေးနဲ့လုပ်ပေး၊ ကြက်ဥ၊ ဒိန်ချဉ် အဲဒါလေးတွေ အစာအာဟာရ မျှတအောင်စားရင် ခုခံအားရတယ်ပေါ့။ ပြီးရင် ကျန်တဲ့အစားအစာတွေကတော့ အသီးအရွက်တွေ၊ ဟင်းသီးဟင်းရွက်တွေ စားလည်းရပါတယ်။” (ဒေါက်တာ မိုးနေမင်း)
နောက်ထပ်ကြည့်ရှုရန်