စစ်ရေးပဋိပက္ခကြောင့် အိုးပစ်အိမ်ပစ် တောတောင်ထဲမှာ ဖြစ်သလို ခိုလှုံနေကြရတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဟာ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ပြည်သူတွေ ဆိုးဆိုးရွာရွား ကြုံတွေ့နေရပါတယ်။ ဒီလို လျှပ်စစ်မီးပြတ်တောက်မှုတွေက မြန်မာနိုင်ငံ စီးပွားရေးကို ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ရိုက်ခတ်နိုင်ပါလဲ။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
အာဆီယံဘုံသဘောတူညီချက်နဲ့ ကုလဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ပြောထားပေမဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလာနေတာပါ။ ဒီအခြေအနေမှာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံတင်မက နိုင်ငံအားလုံး ပါဝင် ဖြေရှင်းဖို့လိုပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့ အလိမ္မာ တင်ဆက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေဟာ ကျေးရွာဒေသတွေကို ပိုတိုးပစ်မှတ်ထားလာပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးတွေကာကွယ်ဖို့တိုင်းရင်းသားတွေနဲ့ စုပေါင်းခေါင်းဆောင်မှုအပြင် NUG ရဲ့ နိုင်ငံခြားရေးမူဝါဒကအရေးကြီးတယ်လို့ အကဲခတ်တွေသုံးသပ်ပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ပညာရေးနဲ့တီထွင်ဖန်တီးနိုင်စွမ်းအပေါ် မူတည်တယ်လို့ပညာရှင်တွေကဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးကတည်းက ပညာရေးအခြေအနေအဘက်ဘက်ကဆုတ်ယုတ်နေတာပါ။ နိုင်ငံရဲ့ပညာရေးအခြေအနေကအနာဂတ်ကို ဘယ်လိုသက်ရောက်စေနိုင်ပါလဲ။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပါတယ်။
သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဒီနေ့မှာ ပုံမှန်အချိန်သင်္ကြန်စည်ကားလေ့ရှိတဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ ရေကစားသူတွေ မရှိသလောက်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ကြန်ကာလ စတုဒီယာကျွေးတာမျိုးလောက်ရှိပေမဲ့ အများစုက အိမ်ထဲမှာပဲ နေကြတယ်လို့ ပြောကြပါတယ်။
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီက ကြေညာခဲ့ပြီး ဒီအပေါ် ပြည်တွင်းပြည်ပ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တာပါ။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ထားပါတယ်။
ဆန့်ကျင်ဘက်အင်အားစုတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌကတပ်မတော်နေ့ မိန့်ခွန်းမှာပြောကြားသွားပြီးဒီလို စစ်ရာဇဝတ်မှုတွေ ပိုတိုးမလာစေဖို့ အမေရိကန်အပါအဝင် တခြားအင်အားကြီးနိုင်ငံတွေက စစ်တပ်အပေါ် ဖိအားပေးဖို့ လိုအပ်ကြောင်းဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတွင်းဘိန်းစိုက်ပျိုးမှုဟာ စစ်အာဏာသိမ်းနောက်ပိုင်းမှာ ၃၃ရာခိုင်နှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့အစီရင်ခံစာက ဆိုပါတယ်။ ဘာကြောင့်ဘိန်းအထွက်နှုန်း ပိုတိုးလာတာပါလဲ။ ကမ္ဘာ့၊ မြန်မာ့မီဒီယာမြင်ကွင်းသုံးသပ်ချက်ကို ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးကာကွယ်ပေးရေး လုပ်ဆောင်ဖို့ မြန်မာအမျိုးသမီးအရေးလှုပ်ရှားသူတွေ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတောင်းဆိုခဲ့ကြပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်မှုအတွက် စစ်ကောင်စီကိုခုံရုံးတင်အရေးယူဖို့လည်းတိုက်တွန်းသွားတာပါ။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
မတ်လ ၁၅ ရက်၊ မနေ့က မနက်အစောပိုင်းမှာ မိုးသီးရွာသွန်းတဲ့ဒဏ်ကြောင့် လက်ဖက်ခင်း အကုန်လုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခူးရမယ့် လက်ဖက်အညွန့်တွေနဲ့ အပင်ကြီးတွေက လက်ဖက်အရွက်ကြမ်းတွေလည်း အကုန်လုံး ပါသွားတယ်လို့ နမ့်ဆန်ဒေသခံတဦးက ပြောပါတယ်။
၂၀၂၃ ခုနှစ်ဟာ မြန်မာပြည်သူတွေအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်၊အလှည့်အပြောင်းဖြစ်မယ့်နှစ်လို့ NUG ခေါင်းဆောင်တွေက ဆိုပါတယ်။ ဒီလို ဖြစ်လာဖို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ နိုင်ငံရေး၊ စစ်ရေးကဏ္ဍတွေမှာ ဗျူဟာကျကျ လက်တွဲဆောင်ရွက်ဖို့ လိုပါတယ်။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ ဒီနေ့ကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ကြပေမယ့် မြန်မာနိုင်ငံက အမျိုးသမီးထုအများစုကတော့ စစ်အုပ်ချုပ်မှုအောက်မှာ ဒီနေ့ကို လွတ်လပ်စွာ ကျင်းပနိုင်ခြင်း မရှိပါဘူး။
မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့အချက်တွေပါတဲ့ အစီရင်ခံစာကို လူ့အခွင့်အရေး မဟာမင်းကြီးသစ်က လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းဖို့ရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ဆိုပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မန္တလေးအထိ သွားလာရာမှာ အဓိကအသုံးပြုတဲ့ မဟာမြိုင်လမ်းမှာ လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကြောင့် ခရီးသည်တင်နဲ့ ကုန်တင်ယာဉ်တွေ မကြာခဏ ပိတ်မိတတ်ပါတယ်။ မတ်လ ၂ ရက်၊ ဒီကနေ့မှာလည်း ယာဉ်အသွားအလာ ပိတ်ထားတယ်လို့ အဲဒီလမ်းမှာ ပိတ်မိနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည် သိန်းနဲ့ချီထဲက ၁၀၀၀ နီးပါးကို လက်ခံဖို့ စတင်လုပ်နေပြီလို့ စစ်ကောင်စီက ပြောပါတယ်။
အာဏာသိမ်းမြန်မာစစ်ကောင်စီကို စံပြအဖြစ် အာဆီယံအဖွဲ့ကြီးကနေထုတ်ပယ်သင့်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahimကဆိုပါတယ်။ အာဆီယံနဲ့ဒေသတွင်းနိုင်ငံတွေကရော မြန်မာ့အရေးပြဿနာအပေါ် ဘယ်လိုသဘောထားတွေရှိနေပါသလဲ။ ကမ္ဘာ့၊ မြန်မာ့မီဒီယာမြင်ကွင်းသုံးသပ်ချက်ကို ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
နိုင်ငံကူးလက်မှတ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာ အလုပ်လုပ်ခွင့်စာအုပ် ပုံစံပြောင်းတာအပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူတာက အစ အားလုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ကောင်စီဘက်က ပိတ်ပင်ထားခဲ့တာပါ။
စစ်အာဏာသိမ်းနောက်ပိုင်း လုံခြုံရေးအရတိမ်းရှောင်ရသူတွေ၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါရသူတွေ ပို တိုးလာနေတာမို့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာအကူအညီတွေရဖို့ အခက်အခဲတွေကြုံနေရပါတယ်။ ဒါကြောင့် လူသားချင်းစာနာမှုအကူညီတွေ ထိရောက်စွာကူပေးဖို့ လိုအပ်ပါတယ်။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်