လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ နေထိုင်စရာ တဲတွေမရှိဘဲ ကွင်းပြင်တွေနဲ့ သစ်ပင်တွေအောက်မှာပဲ နေကြရပါတယ်။ သက်ကြီးရွယ်အိုတချို့ကတော့ မြန်မာစစ်တပ်ဝင်လာချိန်မှာ လန့်ဖျပ် ကြောက်ရွံ့ပြီး သတိလစ်မေ့မျောကုန်တာမျိုးတွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ခုလိုပြောပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ ပါတီတွေ ရုန်းကန်နေရသလို၊ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရှင်သန် ရပ်တည်ရေးအတွက်ပါ ခက်ခဲလာပါတယ်။ ဥပဒေသစ်အရ နိုင်ငံရေးပါတီအားလုံးပြန်ပြီး မှတ်ပုံတင်လျှောက်ထားဖို့ ရွေးကောက်ပွဲကော်မရှင်က အချိန် နှစ်လပေးထားပါတယ်။
ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တာ ၇၆နှစ်ပြည့်လာပေမဲ့ တိုင်းရင်းသားလူမျိုးစု တန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့မှေးမှိန်နေဆဲပါ။ ဒီအခြေအနေမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ NUGအနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းမှုဆက်တိုးချဲ့ဖို့လိုပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
မနေ့က တိုက်ပွဲဖြစ်တာ ဒီစက်တော်တောင်ပေါ်ဖက်ပါဗျ မိုးဗြဲမြို့အနောက်ဖက်ပေ့ါနော်၊ အနောက်ဖက် တောင်ကုန်းပေါ်မှာတပ်စွဲတာက ကြာပြီးပေါ့ အဲ့မှာတိုက်ပွဲဖြစ်တာပေါ့။ မနေ့ညက အဲ့လိုမျိုးပြောရမယ်ဆိုတော့ ဒီတစ်ရက်လုံးနီးပါးလောက်ဖြစ်မယ် ထင်တယ် ဒီ ၈နာရီ ၉ နာရီကနေ စပေါ့
စစ်အာဏာသိမ်း ၂ နှစ်ပြည့် တနိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲကန့်ကွက်မှုနဲ့ နိုင်ငံတကာ ရှုတ်ချသံတွေကျယ်လောင်ပေမဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက်က နိုင်ငံတကာရဲ့ လက်ရှိကိုင်တွယ်ပုံနဲ့ မလုံလောက်သေးပါဘူး။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးတပ်တွေ ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့တာကြောင့် ကျွန်းလှမြို့နယ်ထဲက ကျေးရွာ ၁၀ ကျော်နဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၈ ရွာလောက် ဘေးလွတ်ရာ ပြေးရှောင်နေကြရပါတယ်။ စ
NLD အစိုးရလက်ထက်မှာ မြန်မာ့စီးပွားရေး ကျဆင်းခဲ့ပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ နိုင်ငံစီးပွားရေးက တိုးတက်လာတယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။ ဘယ်လောက်အထိ အထောက်အထား ခိုင်လုံပါသလဲ။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံနားမှာ ဇန်နဝါရီလ ၂၅ ရက်က ကျိုက်ထီးရိုးဘုရားဖူးလာတဲ့ ယာဉ်တစီးပေါ် လက်နက်ကြီးကျပြီး ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ လူနာတွေကို ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီလက်နက်ကြီး ဘယ်ကနေကျလာသလဲဆိုတာကိုတော့သေချာမသိဘူးလို့ ကူညီပေးခဲ့သူတွေ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်တွင်းအလုပ်လုပ်ကိုင်ခွင့်တွေ နည်းလာပြီး ပြည်ပထွက်အလုပ်လုပ်သူ များလာပါတယ်။ လူကုန်ကူးမှုလည်း ပိုတိုးလာတာပါ။ ကမ္ဘာ့၊ မြန်မာ့မီဒီယာမြင်ကွင်းသုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ထားပါတယ်။
အာဏာသိမ်း မြန်မာ စစ်ကောင်စီကို ခုခံ တော်လှန်ရာမှာ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးစီမံချက်က အထောက်အကူဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel ကမှတ်ချက်ပေးပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကိုးထောင်ဘို့တိုက်နယ်အတွင်းက ကျေးရွာတွေကို ပိတ်ဆို့ထားတာကြောင့် ကိုးထောင်ဘို့ရွာမှာ တပ်စွဲစခန်းချနေတဲ့ မြန်မာစစ်တပ်ဟာ ဒေသတွင်းက စစ်ဘေးရှောင်တွေရဲ့ရိက္ခာတွေကိုလုယူတာ မကြာမကြာဖြစ်လာတယ်လို့ ဒေသခံစစ်ရှောင်တွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ဒေသခံ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေမှု ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ပြီး လူဦးရေ စာရင်းပြုစုတာတွေကို စတင်လုပ်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ရွေးကောက်ပွဲကို NUGနဲ့ တိုင်းရင်းသားအင်အားစုတွေလက်မခံသလို မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာကလည်း တညီတညာတည်းရပ်တည်လာတာပါ။ NUG ကို တရားဝင်အစိုးရအဖြစ် ကမ္ဘာကအသိမှတ်ပြုဖို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ တသားတည်း ဖြစ်ကြောင်းပြဖို့လိုပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကတည်းက တရုတ်ဘက်က ပိတ်ထားတဲ့ မူဆယ်နယ်စပ်ဂိတ်အားလုံးကို ပြန်ဖွင့်ပေးတော့မှာဖြစ်ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ ပြည်ပရေးရာရုံးက မြန်မာပြည်ဘက်ကို အကြောင်းကြားကြောင်း မူဆယ်ကုန်သည်အသင်း တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ဆန့်ကျင်နိုင်ဖို့ ကုလအပါအဝင် အမေရိကန် နဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိနေချိန်မှာ ဒီလို ထောက်ပံ့ကူညီမှုတွေကို မြန်မာ့ဒီမိုကရေစီရေးအတွက် ဘယ်လို အမိအရ အသုံးချနိုင်မလဲ။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာ့အရေးဖော်ပြချက်တွေပါတဲ့ NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ ထွက်ပေါ်လာချိန်၊ မြန်မာစစ်ကောင်စီကလည်း လာမယ့်နှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေချိန်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုတွေအားလုံး အပြီးသတ်စစ်ဆေးအမိန့်ချချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ရောက်ရှိ..
တချိန်တည်းမှာပဲ အမှုတွေပြီးပြတ်သွားချိန်မှာ သူကို နေအိမ်အကျယ်ချုပ်ပြောင်းရွေ့ထားမယ်ဆိုပြီး သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမှုတွေအမိန့်ချပြီးရင် သူကို ဘယ်မှာထားမလဲ မသိဘူးလို့သာ တုန့်ပြန်ထားပါတယ်။
“ဘာမျှော်လင့်ထားလဲဆိုတာကတော့ အားလည်းမတင်းနိုင်တော့ဘူး။ ကျနော်တို့ဘက်ကလည်း တမ်းတနေပြီး အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာအစ တော်တော်လေး ခက်ခဲလာတယ်။” (ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ခံတဦး)
ဒီနေ့မနက် အိုးဘိုထောင်မှာ ရှေ့နေဒေါ်ရွက်နုအောင်ကို ထောင်ဒဏ် ၁၅ နှစ်၊ HIV/AIDS ဝေဒနာရှင်တွေကိုကူညီပေးနေတဲ့ NAC ဂေဟာတာဝန်ခံ ကိုရာဇာကို ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၆ ဦးကို အင်းစိန်ထောင်တွင်းတရားရုံးမှာ ၁၂ နှစ်စီနဲ့ သူတို့ရဲ့ယာဉ်မောင်းကို ၇ နှစ်အသီးသီးထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်နီးပါးကြာလာတဲ့အထိ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုံခြုံရေးအရ သင်္ကေတသဘောၤ ဆန္ဒပြမှုလေးတွေသာလုပ်နိုင်ပေမယ့် စစ်ကိုင်းတိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ အလျဉ်းသင့်သလို စစ်ကောင်စီကို လက်မခံကြောင်း ဆန္ဒပြပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်