ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ မြန်မာ့အရေးဖြေရှင်းရာမှာ အထောက်အကူဖြစ်နိုင်စေပါသလား။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနကMFTBနဲ့MICBဘဏ်တွေကိုပိတ်ဆို့ဒဏ်ခတ်ခဲ့သလိုစင်ကာပူနိုင်ငံအခြေစိုက်ဘဏ်ဖြစ်တဲ့United Overseas Bankကလည်းနိုင်ငံတကာလေးကြောင်းလိုင်း MAIရဲ့ဘဏ်အာမခံနဲ့ ဘဏ်စာရင်းတွေကို ပိတ်လိုက်ပါတယ်။ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီဟာ သူတို့ အသိမ်းခံထားရတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိဖို့ လက်နက်ကြီးတွေ၊ လေယာဉ်တွေ အဆမတန် အသုံးပြု တိုက်ခိုက်လာ နေတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ မြန်မာ့စီးပွားရေးအခက်အခဲတွေဟာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်ရတဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေလို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီလက်ထက်မှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရတာတွေရော နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေကျဆင်းလာတာ၊ သွင်းကုန်တွေကန့်သတ်ခံရတာ၊ ပို့ကုန်တန်ဖိုးကျဆင်းတာနဲ့ ကုန်ဈေးနှုန်းမြင့်တတ်တာတွေကြောင့် မြန်မာ့စီးပွားရေးဟာ ပိုဆိုးလာပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူ (ဆိုင်းတောင်) ရပ်ကွက် ၃ မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်ရုံးကို စစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်လို့ သေဆုံးသူတချို့ ရှိခဲ့ပြီး၊ ရုံးကို မီးရှို့သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒီဇွန်လ ရက် ၂၀ အတွင်းမှာ မြွေကိုက်ခံရတဲ့လူနာ ၁၁ ဦးရှိခဲ့ပြီး ဒါဟာ စစ်တပ်အာဏာသိမ်းပြီး စစ်ဘေးရှောင်ကြရတဲ့ ကာလတွေအတွင်းမှာ တစ်လအတွင်း မြွေကိုက်ခံရမှု အများဆုံးလဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာ့ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဖြစ်ပါတယ်။ ဒီလိုတော်လှန်ရေး အောင်မြင်ဖို့ လုပ်ဆောင်ရာမှာ ဘုံရည်မှန်းချက်တွေနဲ့အတူ ရေရှည်မဟာမိတ်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ထားပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်တွေပွဲကြောင့် ဒေသခံ ၃,၄၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး တချို့က ထိုင်းနယ်စပ်ဖက်ကို တိမ်းရှောင်သွားကြတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာက ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ ခေါင်းဆောင်မှုကြောင့် ယူကရိန်းဘက်ကနေ နိုင်ငံတကာက နိုင်ငံရေးအရ ရပ်တည်ရုံသာမက ငွေကြေးရော၊ စစ်လက်နက်ပစ္စည်းပါ ထောက်ပံံ့ပေးနေတာပါ။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာကတော့ ဇလန်းစကီးလို ဗဟာဗျူဟာကျကျ ဦးဆောင်နိုင်ပြီး နိုင်ငံခြားရေး မူဝါဒတွေ ချပြနိုင်ဖို့ လိုအပ်နေပါသေးတယ်။
ယူကရိန်းသမ္မတရဲ့ခေါင်းဆောင်မှုကြောင့် ယူကရိန်းဘက် နိုင်ငံတကာက နိုင်ငံရေးအရရပ်တည်ရုံသာမက ငွေကြေး၊ စစ်လက်နက်ပစ္စည်းပါ ထောက်ပံံ့ပေးနေတာပါ။ မြန်မာနိုင်ငံမှာတော့ ဇလန်းစကီးလို မဟာဗျူဟာကျဦးဆောင်နိုင်ပြီး နိုင်ငံခြားရေးမူဝါဒတွေ ချပြနိုင်ဖို့လိုအပ်နေပါသေးတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့ အလိမ္မာတင်ဆက်ပါတယ်။
စားနပ်ရိက္ခာ မလုံလောက်မှုအထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်တို့အပြင် စစ်ရေးအသုံးစရိတ်ကိုပဲ တိုးမြှင့်သုံးစွဲတာကြောင့် စီးပွားရေးပိုပြီး ထိခိုက်ရပါတယ်။ ကမ္ဘာ့၊ မြန်မာ့မီဒီယာမြင်ကွင်းကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မိုခါဆိုင်ကလုန်းဒဏ်သင့်နေရာတွေမှာ လူအသေအပျောက်တွေ၊ နေအိမ်၊ အဆောက်အအုံပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ဒီမုန်တိုင်းပြီးချိန် မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အားနည်းခဲ့သလို စစ်ကောင်စီရဲ့ကန့်သတ်တားဆီးတာတွေလည်း ရှိနေတာပါ။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့၊တားဆီးလို့ မရနိုင်ပါဘူး။ဒါပေမဲ့ အထိအခိုက်၊အပျက်အစီး နည်းနိုင်သမျှ နည်းရေးအတွက် ကြိုတင်ကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လျင်မြန် ထိရောက်စေဖို့ကတော့ လုပ်လို့ရနိုင်တဲ့ အရာတွေပါ။မိုခ
လေကြောင်း တိုက်ခိုက်မှုကြောင့် (ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ ဗုံးကြဲခံရလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ဆယ်ဂဏန်းလောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အလိမ္မာက ပြောပြပါမယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် (ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ ဗုံးကြဲခံရလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ဆယ်ဂဏန်းလောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်စိုးမိုးမှုကို ဆန့်ကျင်သူ၊ မြန်မာ့အရေး၊ ရွှေ့ပြောင်းလုပ်သားများအရေး ပြောဆိုကူညီဖူးသူ ရွေးကောက်ပွဲမဲအများဆုံးရတာဟာ မြန်မာ့ဒီမိုကရေစီရေးအကျိုးစီးပွား အထောက်အကူ ဖြစ်လာမလား။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့ အတူ အလိမ္မာ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းအစီအစဉ်မှာ သုံးသပ်တင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်စိုးမိုးမှုကို ဆန့်ကျင်သူ၊ မြန်မာ့အရေး၊ ရွှေ့ပြောင်းလုပ်သားများအရေး ပြောဆိုကူညီဖူးသူ ရွေးကောက်ပွဲမဲအများဆုံးရတာဟာ မြန်မာ့ဒီမိုကရေစီရေးအကျိုးစီးပွား အထောက်အကူ ဖြစ်လာမလား။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့ အတူ အလိမ္မာ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းအစီအစဥ်မှာ သုံးသပ်တင်ဆက်ထားပါတယ်။
တလောက တရုတ်နိုင်ငံခြားဝန်ကြီး ခရီးစဉ်အပါအဝင် တရုတ်ရဲ့ ပြောဆိုပြုမူပုံတွေအရ မြန်မာအပေါ် တရုတ်ရဲ့ မူဝါဒ ပြောင်းလဲလာတာ တွေ့ရပါတယ်။ တရုတ်နဲ့ နိုင်ငံတကာ တွေ့ဆုံဆွေးနွေးရေးဆီ ဦးတည်နေပုံရတာကို NUG နဲ့ တော်လှန်ရေး အင်အားစုတွေ ဘယ်လိုကိုင်တွယ်မလဲ။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်