၁၉၅၉ ခုနှစ်ကတည်းက ဖန်တီးထုတ်လုပ်ခဲ့တဲ့ ဘာဘီအရုပ်မတွေဟာ အခုဆိုရင်တော့ ၆၅ နှစ် ပြည့်ခဲ့ပါပြီ။ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဘာဘီအရုပ်မတွေကို အသားအရောင်၊ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်၊ အရွယ်အစား သွင်ပြင်မျိုးစုံ ထုပ်လုပ်ထားပါတယ်။ ရိုက်တာစ်သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။
ထိုင်း၊ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးမူဝါဒတွေ ပြောင်းလဲလာပုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ညီနောင်သုံးဖွဲ့နဲ့ အပစ်ရပ်ရေး တရုတ်ကြားဝင်စေ့စပ်မှု၊ ထိုင်းလွှတ်တော်ထဲကဆွေးနွေးပွဲတွေက သာဓကတွေပါ။ ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်းမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့ အလိမ္မာ တင်ဆက်ထားပါတယ်။
အင်ဒိုနီးရှားမှာ ၂၀၂၃ အယ်နီညိုရာသီဥတုကြောင့် မိုးခေါင်ရေရှားပြီး ဒီနှစ်ဆန်အထွက်နှုန်းနည်း၊ ဆန်စျေးလည်းထိုးတက်လို့ ပြည်သူတွေ အတော်ထိခိုက်ရပါတယ်။ ဒါကို ပြေလျော့အောင် အစိုးရက သက်သာဆန် အကန့်အသတ်နဲ့ ရောင်းပေးနေတာပါ။ ရိုက်တာသတင်းဆောင်းပါးကို အလိမ္မာ တင်ဆင်ပေးထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် Phnom Penh မြို့မှာ ပလတ်စတစ်စွန့်ပစ် ပစ္စည်းတွေကနေ တံမြက်စည်းအဖြစ်စွန့်ဦးတီထွင်သူ လုပ်ငန်းရှင် တဦးက ဖန်တီး ထုတ်လုပ် ရောင်းချနေပါတယ်။ ဒီအကြောင်း Reuters သတင်းဆောင်းပါးကို အလိမ္မာက ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံတွင်းက စစ်ရေးအခြေအနေတွေကြောင့် တော်လှန်ရေးအင်အားစုတွေအပေါ်မှာ အိမ်းနီးချင်းနိုင်ငံတွေ၊ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ သဘောထားအမြင်တွေပြောင်းလဲလာတာ တွေ့ရပါတယ်။
တစ်လေးလုံး စစ်ဆင်ရေးစတင်ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ ဒီကနေ့အထိ နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့အကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။
သဘာဝစိန်နဲ့ထပ်တူဖြစ်အောင် ဓာတ်ခွဲခန်းမှာထုတ်တဲ့ စိန်တွေက ပြန်ပြည့်မြဲ စွမ်းအင်သုံး ထုတ်လုပ်တယ် ဆိုပေမဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက်ရိုက်ခတ်မှုရှိလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ လူလုပ်စိန်က သဘာဝစိန်နဲ့ ဓာတုဒြပ်စင်တူပေမဲ့ ဈေးနှုန်းကတော့ ထက်ဝက်မက သက်သာပါတယ်။ AP သတင်းဆောင်းပါးကို အလိမ္မာ တင်ပြထားပါတယ်။
၂၀၁၀ မှာ စစ်အစိုးရထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တော့မဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ အစီအစဉ်ကြောင့် ပြည်တွင်းပြည်ပ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ထွက်လာသလို လူထုကြားမှာလည်း အတော်အထိတ်တလန့်ဖြစ်နေကြတာပါ။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့ အလိမ္မာတင်ဆက်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၃၀၀ကျော်ကို ရေကြောင်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကဒီကနေ့ ပြန်ပို့လိုက်ပါပြီ။ သင်္ဘောနဲ့ ၂ သုတ်ခွဲပြီး ပြန်လည်ပို့ဆောင်ခဲ့တဲ့ သူတွေထဲမှာ ထိခိုက်ဒဏ်ရာရနေသူတွေလည်းပါတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲ ၁၀ ရက်ကျော်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်ဘက်က မြို့တွင်းနေရာတချို့ ဝင်နိုင်လာတာရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ခုခံ တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန်က ပြောပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်လာချိန် မြန်မာ့အရေးမှာ နိုင်ငံတကာ အကူအညီတွေ ထိထိရောက်ရောက်မရပေမဲ့ တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုကတော့ ကြီးမားလာနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ့ အဖွဲ့ကြီးက ထောက်ပြထားပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ အရင်ကထက် တိုက်ပွဲတွေပိုဖြစ်လာပြီး စစ်ကောင်စီဘက်က ရေကြောင်းနဲ့ ကုန်းကြောင်း တိုက်ခိုက်မှုအပြင် လေကြောင်းကနေလည်း ပျံဝဲစောင့်ကြည့်နေတယ်လို့ ဒေသတာဝန်ရှိသူတွေကပြောပါတယ်။
ကိုလံဘီယာနိုင်ငံက အရောင်အသွေးစုံ၊ အရည်အသွေးမြင့်ပန်းတွေကို အမေရိကန်ပြည်ထောင်စုတင်မ ကမ္ဘာအနှံ့ နိုင်ငံပေါင်း တရာကျော်ကို တင်ပို့ရောင်းချပါတယ်။ ဖေဖော်ဝါရီလ ၁၄ ဗယ်လင်တိုင်း ချစ်သူများနေ့ ပန်းလက်ဆောင်ရောင်းရအောင် အချိန်မီတင်ပို့နိုင်ဖို့ပြင်ဆင်နေကြပါတယ်။ AP ဆောင်းပါးကို အလိမ္မာ တင်ပြထားပါတယ်။
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတယောက် ဆေးကုသမှု မလုံလောက်တာမို့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။
အာရှတဝန်းက အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်တွေဟာ ဟောင်ကောင်မှာ ကျင်းပတဲ့ ၂၀၂၄ အိမ်မွေး တိရစ္ဆာန် အလှပြပွဲဆီကို စုရုံးရောက်ရှိနေကြပါတယ်။ ပုတ်သင်ညိုနဲ့ လိပ်အပါအဝင် အိမ်မွေးတိရစ္ဆာန်အားလုံးအတွက် အစားအသောက်အပါအဝင် အလှပြင်ဆင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ အနုပညာဖန်တီးမှုတွေ အားလုံး ပြပွဲမှာရှိပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းမှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးဟာ တရုတ်နက္ခတ်အရ နဂါးနှစ်ဖြစ်တာကြောင့် ဒဏ္ဍာရီလာသတ္တဝါ "နဂါး"ပုံစံက တက်တူးထိုးသူတွေအကြား ရေပန်းစားတဲ့ ဒီဇိုင်း ဖြစ်နေတာပါ။ AP သတင်းဆောင်းပါးကို အလိမ္မာ တင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုက စတင်တာဝန်ယူ၊ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ ထူးခြားချက် ၂ ချက် ထွက်ပေါ်လာပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
ရုပ်ရှင်ပွဲတော်မှာ ဆုရရှိထားတဲ့ "The Ones Left Behind" မှတ်တမ်းရုပ်ရှင်ဟာ ခင်ပွန်းမရှိ၊ အိမ်ထောင်မရှိနဲ့ ရင်သွေးကို တယောက်တည်း ပြုစုမွေးမြူရတဲ့ ကလေးမိခင်တွေနဲ့ ကလေးတွေက ဘဝကို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်နေကြရတာကို ရိုက်ပြထားတာဖြစ်ပါတယ်။ AP ဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးပါမယ်။
တရုတ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီ BYD ဟာ သူတို့ရဲ့ လျှပ်စစ်ကားတွေကို အင်ဒိုနီးရှားနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီအကြောင်း AP ဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးပါမယ်။
အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်းမှာဆိုရင် ရှမ်း၊ ကရင်နီ ခေါ် ကယား၊ စစ်ကိုင်းတိုင်းစတဲ့ စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ သိသိသာသာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွ ကျူးလွန်ခဲ့ကြတယ်လို့ ကိုယ်တိုင် ကြုံခဲ့ကြတဲ့ ကာယကံရှင်တွေရော အကူအညီပေးရေး အဖွဲ့အစည်းတွေကပါ ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်