စစ် အာဏာသိမ်းတာ ၃ နှစ်ပြည့်လာချိန် မြန်မာစစ်တပ်ကိုလက်နက်ကိုင်တိုက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ စွမ်းရည် ပိုမြင့်လာပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်တွဲလှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအဖွဲ့ရဲ့ ခေါင်းဆောင်တွေက AFP သတင်းဌာနကို ပြောပါတယ်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေရော၊ တခြားဒေသတွေမှာပါ စစ်မီးတောက်လောင်နေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ တော်လှန်ရေးရေချိန် အမြင့်ဆုံးရောက်ပြီး စစ်တပ်ပြိုလဲမယ့် အနေအထားရှိနေပါပြီလား။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်မှာ ဇန်နဝါရီလ ၂၅ ရက်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲခံရလို့ နှစ်ထပ်ဈေးမီးလောင်သွားတယ်လို့ KNDF နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ မြို့ခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာမို့ လူအထိအခိုက်မရှိပါဘူး။
၂၂ ရက်နေ့ကလည်း မေမြို့အဝင် ဝက်ဝံဂိတ်မှာ မတ္တရာမြို့နယ်ကလာတဲ့ ဒေသခံ လင်မယား ၂ဦးကို ဖမ်းဆီးပြီး ယောကျ်ားဖြစ်သူကို ရိုက်သတ်ခဲ့ပြီးတော့ အမျိုးသမီးကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ကာကွယ်ရေး အဖွဲ့တွေကပြောပါတယ်။
မြန်မာနိုင်ငံဟာ သတင်းထောက်ဖမ်းဆီးမှု ကမ္ဘာ့ဒုတိယအဆိုးဆုံးနေရာမှာရှိတယ်လို့ နိုင်ငံတကာသတင်းထောက်အခွင့်အရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဘက်ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ နီးပါး၊ အိန္ဒိယနိုင်ငံဘက်ခြမ်းမီဇိုရမ်ပြည်နယ်ထဲက နယ်စပ်မြို့ ဖြစ်တဲ့၊ ဘန်ဒက် ဘန်ဂါရွာကို ဇန်နဝါရီ ၁၇ ရက်က ရောက်လာတယ်လို့ ပြည်နယ်ပြည်ထဲရေးဌာန အကြီးတန်းအရာရှိကပြောဆိုထားကြောင်း အိန္ဒိယ သတင်းဌာနတွေမှာဖော်ပြပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားမှုတွေကြောင့် ချင်းပြည်နယ် ပလက်ဝဒေသက ထွက်ပြေးလာရတဲ့စစ်ဘေး ဒုက္ခသည် ၂သောင်းကျော် စားနပ်ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကူညီကယ်ဆယ်ရေးလုပ် ပေးနေသူတွေကပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လက်ရှိ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ကျန်ရှိနေသေးတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။
နိုင်ငံရေးပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံအရေးကိစ္စဟာကမ္ဘာကို ခြိမ်းခြောက်ကြီးတခုအဖြစ် Foreign Policy မဂ္ဂဇင်းကဖော်ပြပါတယ်။ နှစ်သစ် ကမ္ဘာ့အရေးဖြစ်နိုင်ခြေတွေကို ခန့်မှန်းသုံးသပ်ရာမှာ ထည့်သွင်းထားတာပါ။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသား ၉၆၀၀ ကျော် လွှတ်ပေးရာမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတချို့ ပါဝင်ကြောင်းလည်း ကနဦးသတင်းတွေအရ သိရပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြား ဖြစ်စဉ်တချို့နဲ့သုံးသပ်ချက်တွေကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတို့က တင်ဆက်ထားပါတယ်။
ခရစ္စမတ်နေ့ဟာ ဘာသာလူမျိုးပေါင်းစုံ ပျော်ရွှင်ကြတဲ့နေ့ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ကာလမှာ တတိယအကြိမ်မြောက် ကျရောက်တဲ့ အခုနှစ် ခရစ္စမတ်မှာတော့ စစ်ဘေးရှောင်နေရသူတွေ အပါအဝင် အားလုံးငြိမ်းချမ်းနိုင်ဖို့ ဆုတောင်းခြင်းတွေနဲ့ ဖြတ်သန်းဖြစ်တယ်လို့ ခရစ်ယာန်ဘာသာဝင်တွေက ပြောပါတယ်။
အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်သလောက်ဖြစ်နေသလို ပင်လယ်ရေကြောင်းကတစ်ဆင့် ကုန်သွယ်ရေးဟာလည်း ဒေါ်လာငွေပြတ်လပ်မှု၊ သွင်းကုန်ကန့်သတ်မှုတွေကြောင့် အတော်လေး ကျဆင်းနေပါတယ်။
သာယာဝတီအကျဉ်းထောင်ထဲမှာ အစားအသောက်နဲ့သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါ ဖြစ်ပွါးနေပြီး မကြာသေးခင်ကပဲ လူသေဆုံးတဲ့အထိ ဖြစ်လာတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းက တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ် လွိုင်ကော်မြို့ ပေါ်မှာ အခုချိန်ထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မြို့ရဲ့ နေရာ အတော်များများမှာ တော်လှန်ရေး တပ်ပေါင်းစုတွေဘက်က ထိန်းချုပ်ထားနိုင်ပြီးလို့ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့ KNDF က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးထိုးနှက်ချက်တွေနဲ့ ကြုံနေရချိန် စီးပွားရေးပိုင်းမှာလည်း ဖိအားတွေနဲ့ အာဏာသိမ်း စစ်ကောင်စီ ရင်ဆိုင်နေရပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ဒေါ်လာငွေရှားပါး ပြတ်လပ်မှုတို့ကို ကိုင်တွယ်ဖို့ လုပ်ဆောင်ရာကနေ ပြည်တွင်းမှာ လောင်စာဆီပြတ်လပ်တဲ့ အခြေအနေရောက်သွားတာပါ၊
မြန်မာစစ်ကောင်စီဟာ ရှုံးနိမ့်နေပြီး စစ်ကောင်စီပြိုကျသွားချိန်မှာ အာဏာလေဟာနယ်တွေပေါ်လာပြီး ဖရိုဖရဲအခြေအနေတွေ ကြုံရနိုင်တယ်လို့သုံးသပ်သူတွေကထောက်ပြကြပါတယ်။အဲဒီလိုအခြေအနေမျိုးက ရှောင်လွှဲနိုင်အောင် နိုင်ငံတကာအနေနဲ့ NUG အစိုးရနဲ့ ဆက်သွယ် ကူညီဖို့လိုတယ်လို့ မီဒီယာတွေက တိုက်တွန်းရေးသားကြတာတွေ့ရပါတယ်။
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရရုံသာမက ပြည်သူလူထုအနေနဲ့ နောက်ထပ်အကျပ်အတည်းအဖြစ် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုပါ ပိုတိုးခံစားလာရတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးပါတယ်။
မြန်မာနိုင်ငံနေရာအနှံ့မှာ လတ်တလောအသစ်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအရောက်ပို့ပေးနိုင်ရေး အထူးခက်ခဲနေပါတယ်။
ရှမ်းမြောက်ဒေသ ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်