Apple ကုမ္ပဏီဟာ iPhone, iPad နဲ့ Mac ကွန်ပြူတာတို့မှာ သုံးနိုင်မယ့် AI ဉာဏ်ရည်တု နည်းပညာအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
AI ညဏ်ရည်တု နည်းပညာတွေ သုံးပြီးတော့ ကိုယ်ကြိုက်တဲ့ ရေမွှေး ရနံ့ကို ရွေးဝယ်လို့ ရပါလား။ ရေမွှေးထုတ်တဲ့ ကုမ္ပဏီတစ်ခုကတော့ ဝယ်ယူသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးစမ်းသပ်မှုတွေကို အခြေခံပြီး မတူညီတဲ့ ရေမွှေးရနံ့တွေကို ဝယ်ယူသူတိုင်းကို ထုတ်ပေးနေပါတယ်။ အေပီဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပါမယ်။
ရေလွှမ်းမိုးမှုကြောင့် လယ်ယာစိုက်သူတွေ ဆုံးရှုံးခဲ့ရတာတွေဟာ သဘာဝ ဘေးအန္တရာယ်တွေအတွက် ကင်ညာနိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတာကို ဖော်ပြခဲ့သလို ရေရှည်တည်တံ့တဲ့ မြေယာစီမံခန့်ခွဲမှုနဲ့ ပိုကောင်းတဲ့ ကြိုတင် ခန့်မှန်းချက်တွေ လိုအပ်တယ်ဆိုတာကို အလေးပေး ဖော်ပြခဲ့တာပါ။
ကမ္ဘာ့ EV ကား ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်လျှပ်စစ်ကားကုမ္ပဏီ Leapmotor ဟာ ရောပကားထုတ်လုပ်သူ Stellantis ကုမ္ပဏီနဲ့အတူ EV ကားတွေကို ဥရောပနိုင်ငံ ကိုးနိုင်ငံမှာ အခုနှစ်နှောင်းပိုင်းထဲ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
ကမ္ဘာ့ EV ကား ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်လျှပ်စစ်ကားကုမ္ပဏီ Leapmotor ဟာ ဥရောပကားထုတ်လုပ်သူ Stellantis ကုမ္ပဏီနဲ့အတူ EV ကားတွေကို ဥရောပနိုင်ငံကိုးနိုင်ငံမှာ အခုနှစ်နှောင်းပိုင်းထဲ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပြပွဲတစ်ခုအတွင်း ကာကွယ်ရေးနယ်ပယ်မှာ အသုံးပြုတဲ့ ပစ္စည်းတွေကို နည်းပညာဆန်းသစ်တီထွင်ပြီးတော့ ပြသထားပါတယ်။ ဒီအာရှကာကွယ်ရေးပစ္စည်းပြပွဲမှာ ကမ္ဘာတဝန်းက လာရောက်ပြသတဲ့ကုမ္ပဏီပေါင်း ရာနဲ့ချီရှိပြီးတော့ ဒီပြပွဲကို ကွာလာလမ်ပူမြို့မှာ နှစ်နှစ်တကြိမ် ကျင်းပတာပါ။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် အားကစားသမား ပြိုင်ပွဲဝင်တွေ အတွက် ဟင်းလျာအမျိုးပေါင်း ၅၀၀ ကျော် ချက်ပြုတ်ဖန်တီးသွားမယ်လို့ ပြင်သစ်ကုမ္ပဏီတခုက ကြေညာလိုက်ပါတယ်။ ဒီချက်ပြုတ်ကြမယ့် စာဖိုမှူးတွေထဲမှာ မစ်ချလင်းစတား ၃ ခု ရထားတဲ့ စာဖိုမှူးအပါအဝင် အကျော်အမော်စားဖိုမှူးတွေလဲ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွားပျက်တဲ့အသံတွေ ပိုကြားလာရပါတယ်။ လောင်စာဆီ ဈေးနှုန်းတွေလည်း ပိုတက်လာတာ တွေ့ရပါတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွေကလည်း ရပ်တန့်သလောက်နီးပါးဖြစ်နေတဲ့အတွက် ကုန်သွယ်ရေး ကျဆင်းကာ စီးပွါးရေးကို သိသိသာသာ ထိခိုက်နေချိန်ဖြစ်ပါတယ်။
ဒုတိယအကြိမ်ပြည်သူ့ညီလာခံကြီးကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC )က ကြီးမှူးပြီးတော့ ဧပြီလ ၄ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံနောက်ဆုံးနေ့မှာ CRPH နဲ့ NUG တို့ မတက်ရောက်ခဲ့တဲ့သတင်းဟာ လှုပ်ခတ်ခဲ့ပါတယ်။ ပြည်သူ့ညီလာခံအပြီးမှာ NUCC အပေါ် ဘယ်လို မြင်ကြသလဲ။
ကိုဗစ်ကပ်ရောဂါကာလတုန်းက ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့က Angkor Wat ဘုရားကျောင်းကို လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွားအရေအတွက်က လုံးဝမရှိသလောက်ကျဆင်းသွားခဲ့တာမို့ အခုအခါတော့ လာရောက်လည်ပတ်သူ အရေအတွက် ပြန်များလာမယ်လို့ မျှော်လင့်နေကြပါတယ်။ အေပီဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပါမယ်။
ဧပြီလအတွင်းမှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ ပြင်ဦးလွင်မြို့တို့ကို အသေခံဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခြင်း ခံခဲ့ရသလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီလည်း ခုခံ တော်လှန်ရေးအင်အားစုတွေ လက်ထဲကျရောက်ခဲ့တာ တွေ့ရပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲ လူစိတ်ဝင်စားမှုအများဆုံးနေရာတခုဖြစ်တဲ့ ရှေးဟောင်း အန်ကောဝပ်ဘုရားကျောင်းရှိရာကို ချောချောမွေ့မွေ့ သွားနိုင်ပြီး သယ်ယူပို့ဆောင်ရေး အချက်အချာကျတဲ့ ခေတ်မီ အကြီးဆုံး လေဆိပ်တခု ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
နယူးယောက်မြို့မှာ ယာဉ်ကြောပိတ်ဆို့တာတွေ၊ လေထုညစ်ညမ်းတာတွေကို သက်သာစေမဲ့ အစီအစဉ်တခု ဖြစ်တဲ့ ယာဉ်ဖြတ်သန်းသွားလာခ တွေကို ဇွန်လလယ်မှာ စပြီး ကောက်ဖို့ တာဝန်ရှိသူတွေက သတ်မှတ်ထားပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးပါမယ်။
တရုတ်ဟာ စစ်ကောင်စီအပါအဝင် မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ အဆက်အသွယ်ရှိသလို နိုင်ငံရေးအရလည်း ဩဇာညောင်းတာကို တွေ့နေရပါတယ်။ မြန်မာ့အရေး ဖြေရှင်းရေးမှာ တရုတ်အခန်းကဏ္ဍ ဘယ်လိုရှိသလဲဆိုတာကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာ မြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
အီရတ်နိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ၊ မိုးခေါင်ရေရှားတာတွေ၊ ရေကာတာကျိုးတာတွေကြောင့် ရေရှားပါးမှု အခက်ခဲတွေ့ တောင်သူတွေ ကြုံနေကြရပါတယ်။ ဒါကြောင့် သူတို့ စိုက်နေကျ စွံပလွံသီးပင်တွေ ဆက်မစိုက်တော့ပဲ ရေနည်းနည်းပဲ လိုအပ်တဲ့အပင်တွေကို စိုက်ပျိုးကြပါတယ်။
ထိုင်းအစိုးရက စီစဉ်တဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီလက်အောက်ခံ ကြက်ခြေနီအသင်းကတဆင့် ပေးအပ်ခဲ့တာမို့ စစ်ဘေးရှောင်တွေဆီ အမှန်တကယ် ရောက်ရှိနိုင်ပါ့မလားဆိုတာ စောင့်ကြည့်လေ့လာသူတွေက ဝေဖန် ထောက်ပြကြပါတယ်။
နယ်သာလန်နိုင်ငံက Dutch ကျူးလစ်ပန်းခင်းတွေမှာ ပန်းတွေ ပိုးကျတာကို အမြစ်ဖြတ်ဖို့ အဆင့်မြင့် နည်းပညာသုံး ဉာဏ်ရည်တုစက်ရုပ်ကို အသုံးပြုနေကြပါတယ်။ အပင်တပင်ချင်းစီကို စစ်ဆေးပေးပြီး ပိုးကျနေတဲ့ အပင်တွေကို ဖျက်ဆီးပေးတဲ့ ဒီစက်ရုပ်ဟာ ပိုးကျပင်တွေလှည့်ပတ်ရှာတဲ့ လူတွေရဲ့ နေရာကို အစားထိုးဝင်ရောက်လာပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အလွှာအသီးသီးက ပြည်သူတွေ စိုးရိမ် ပူပန်နေကြပါတယ်။ တစ်ဦးချင်းဘဝတွေနဲ့ မိသားစုဘဝတွေသာမက လုပ်သားအင်အားကိုပါ ထိခိုက်စေတာမို့ ရေရှည်မှာ တိုင်းပြည်ရဲ့ စီးပွါးရေးကိုလည်း ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
တရုတ်နိုင်ငံမှာ အိမ်ထောင်မပြုဘဲတကိုယ်တည်းနေသူတွေအပေါ် အစိုးရဖိအားပေးမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေ ပိုများလာနေပါတယ်။ တရုတ်နိုင်ငံမှာ ၂ နှစ်ဆက်တိုက် လူဦးရေကျဆင်း၊ ကလေးမွေးဖွားနှုန်း ကျဆင်းလို့ အစိုးရက အိမ်ထောင်သားမွေးပြုကြဖို့ လှုံဆော်နေတာပါ။ ရိုက်တာစ်သတင်းဆောင်းပါးကို အလိမ္မာ တင်ပြထားပါတယ်။
မတ်လ ၈ ရက်နေ့ဟာ ကမ္ဘာတဝန်းမှာ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်နေချိန် မြန်မာနိုင်ငံမှာတော့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ အကျဉ်းထောင်ထဲ ရောက်နေကြသလို နိုင်ငံတကာအမျိုးသမီးများနေ့ လှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြတာ မတွေ့ရပါဘူး။
နောက်ထပ်ကြည့်ရှုရန်