ကလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဒီနေ့ ဆန္ဒပြစစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ ဖြိုခွဲမှုအတွင်း မိန်းကလေး ၈ ယောက်အပါအဝင် ၁၂ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မြင်းခြံမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တပါး ဖမ်းဆီးခံရပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့က လုံခြုံရေးအစောင့်ရဲ ၃ ယောက်ကို ဒီကနေ့ ပစ်ခတ်ပြီး ဘဏ်ကိုဝင်လုသွားပါတယ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့က ကျေးရွာတရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးသလို နေအိမ်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။
ရန်ကုန်တိုင်းအတွင်း ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် လူမမာရှိတဲ့အိမ်တွေအတွက် အစားအသောက်၊ ဆေးဝါးစတဲ့လိုအပ်တာတွေ ပေးပို့ကူညီနေတဲ့ ပရဟိတသမားတချို့ကို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာမျိုးရှိသလို တချို့ဆို ခြိမ်းခြောက်ခံရတဲ့အထိဖြစ်တယ်လို့ ကိုယ်တိုင်ကြုံရသူက ဗီအိုအေ ကို ပြောပါတယ်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲမှာ မနေ့ညပိုင်းက စစ်တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးပြီး လူတချို့ကို ဖမ်းဆီးသွားတဲ့အကြောင်း မြေအောက်လှုပ်ရှားမှုအဖွဲ့တဖွဲ့ဖြစ်ပြီး OCTOPUS လို့ အမည်ပေးထားတယ် ဆိုတဲ့အဖွဲ့ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အရင်ရက်တွေကထက် လုံခြုံရေးပိုတင်းကျပ်ပြီး စစ်ဆေးတာတွေလည်း ပိုလုပ်နေတယ်လို့ မြို့ခံတဦးနဲ့ ကိုယ်တိုင်တွေ့ကြံရသူတဦးက ဗွီအိုအေကိုပြောပါတယ်။ မြို့အခြေစိုက် တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် အခုလို လုံခြုံရေး ပိုတင်းကြပ်ထားတာကို တွေ့ကြရ
တရုတ်နိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ပြည်တွင်းမှာ ဦးစားပေးအသုတ်အလိုက် စတင်ထိုးနှံပေးနေပါတယ်။ ရောဂါကူးစက်နှုန်းနဲ့ သေဆုံးသူဦးရေ တိုးနေတဲ့ ကပ်ရောဂါ တတိယလှိုင်းကာလမှာ လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်ဖို့ကိုလည်း လိုလားနေကြပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက် အသတ်ခံရပြီး စစ်တပ်သတင်းပေးတယ်ဆိုပြီး စွပ်စွဲခံရသူတွေ အခုလိုအကြမ်းဖက်သတ်ဖြတ်ခံရ
ပြည်တွင်းမှာ ကပ်ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် အရင်ကထက် စာရင် လျော့ကျလာပြီလို့ မြေပြင်မှာကူညီဆောင်ရွက်ပေးနေသူတွေက ပြောနေကြပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောဂါတိုက်ဖျက်နေရသူတွေလည်း ရှိနေတဲ့အတွက်ကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို မပေါ့ဆဘဲ ဆက်ပြီးလိုက်နာဖို့ကို တိုက်တွန်းနေကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း TNLA ၊ SSPP ပူပေါင်းအဖွဲ့နဲ့ RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေမှာ ရွာသားတွေ ထိခိုက်ဒဏ်ရာရသူတွေရှိသလို၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်ပျက်စီးမှုရှိပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသူလည်း ရှိပါတယ်။
မနေ့ သြဂုတ်လ ၈ ရက်နေ့၊ ၈ လေးလုံး အရေးတော်ပုံ ၃၃ နှစ်မြောက်နေ့မှာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတချို့ဦးဆောင်တဲ့ ဆန္ဒပြကြွေးကြော်သံတွေကို ထောင်အပြင်ဘက် ပတ်ဝန်းကျင်ကလူတွေ ကြားခဲ့ကြရပြီး သေနတ်ပစ်သံ ၂ ချက်ကိုလည်း ကြားခဲ့ကြရအောင် ထောင်နားဝန်းကျင်က သူတွေက ဗွီအိုအေကို ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်သံသယနဲ့ တိုက်အထပ်အမြင့်မှာ သေဆုံးသူ နေ့စဉ်များပြား လာတာကြောင့် ရုပ်အလောင်းသယ်ယူဖို့အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ တစ်ရက်ကို သေဆုံးသူအရေအတွက် ၄၀၀ လောက်ဟာ အိမ်မှာပဲ သေဆုံးသွားကြ
ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ကြပါလို့ စစ်ကောင်စီက တိုက်တွန်းနေချိန်မှာပဲ ရန်ကုန်နဲ့ မန္တလေးမြို့တွေက ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ဆရာဝန်တွေဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကနေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ကြီးတွေရဲ့ မိသားစုဝင်တချို့ တက်ရောက်ခြင်းမရှိပါဘူး။
ဒီကနေ့မနက်ပိုင်းက မုံရွာမြို့မှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ အင်အား ၁၀၀ ဝန်းကျင်လောက် ကြွေးကြော်သံတွေ အော်ဟစ်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မွန်းလွဲပိုင်းမှာလည်း ရပ်ကွက်တခုရဲ့ အမျိုးသမီး သပိတ်စစ်ကြောင်းတခု ထပ်မံချီတက် ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံက ထုတ်တဲ့ Sinovac ကိုဗစ် ကကွယ်ဆေးကို ထိုးပြီးတဲ့ ထိုင်းနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေ အတော်များများ ဗီဇပြောင်းကူးစက်မြန် Delta မျိုးကွဲ ကူးစက်ခံနေကြရပါတယ်။ ဒါကြောင့် ရောဂါပိုးခံနိုင်ရည်တက်လာဖို့ကာကွယ် ဆေးတလုံး ထပ်ထိုးဖို့ကိစ္စ ထိုင်းအာဏာပိုင်တွေက စဉ်းစားလာနေပါတယ်။ အလိမ္မာက ပြောပြပေးပါမယ်။
ရန်ကုန်မြို့၊ လသာမြို့နယ်မှာရှိတဲ့ ရွှေနန်းတော်ရတနာရွှေဆိုင်မှာ ဒီနေ့ ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံတဝန်း တချို့နေရာတွေမှာလည်း ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေ ရှိနေ
COVID-19 ရောဂါ ကူးစက်မှုတွေ တကျော့ပြန်ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဇွန်လတလတည်းမှာတင် ကူးစက်သူ ၂ သန်းအထိ ရှိခဲ့ပါတယ်။ မျိုးဗီဇပြောင်းလဲလာတဲ့ Delta ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ အများဆုံးကြုံနေရတာဖြစ်ပြီးကူးစက်သူ ၈ ယောက်မှာ တယောက်က ကလေးငယ်တွေဖြစ်နေတာကိုအတည်ပြုထားပါတယ်။ အလိမ္မာ တင်ပြပေးပါမယ်။
ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မနေ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက်များပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက် ၄ ဦးကျဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့က ပြော
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက် မြင့်တက်နေသလို သေဆုံးသူလည်း များလာနေပါတယ်။ ကိုဗစ်ရောဂါ ကူးသူ ဟုတ် မဟုတ် မစစ်ဆေးနိုင်ခင်မှာ သေဆုံးသူတွေလည်း အများအပြားရှိနေတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေး ပရဟိတလုပ်နေသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်