ကချင်ပြည်နယ် ပူတာအို ခရိုင် နောင်မွန်းမြို့မှာ မတ်လ ၃ရက်နေ့က ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စုပေါင်းပြီး မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းနိုင်ဖို့ ပြုလုပ်တဲ့ အထူးဆုတောင်းပွဲကို ဦးဆောင်တဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၃ ဦးကို ၅၀၅ က နဲ့ တရားစွဲဆိုပြီး ဒီကနေ့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးထား
ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ အစုလိုက်ကူးစက်မှုတွေကြောင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကျောင်းနဲ့ဈေးတွေကို ယာယီပိတ်ထားပေမဲ့ ကူးစက်မှုနယ်မြေတွေ ထပ်တိုးနေပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာလည်း ရောဂါအတည်ပြုလူနာတိုးလာနေေ
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ပြန်လည်များလာနေတာမှာ ဇွန်လ ၂၁ ရက်နေ့က အတည်ပြုလူနာ ၆ ရာနီးပါးအထိရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတည်ပြုလူနာ အများဆုံးဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကူးစက်သူ ပြန်များလာနေချိန်မှာ ပြည်သူတွေကြား ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းတွေကို ဘယ်လောက်အလေးထားနေကြပါသလဲ
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အပတ်စဉ်စစ်မေးတဲ့ ရုံးချိန်းအ မှုတွေမှာ တရားလိုပြသက်သေတွေကိုအပြန်အလှန်စစ်ဆေးနိုင်ခဲ့သလို အမှုကို အကောင်းဆုံး ခုခံချေပ နိုင်ခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ၉ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိလာပြီး အဲဒီထဲမှာ ၃ လအရွယ်ငယ်တဲ့ ကလေးငယ်တယောက်လည်း ပါပါတယ်။ ရောဂါကူးစက်ပြန့်ပွားတာကို ထိန်းချုပ်နိုင်ဖို့ လက်ပံတန်းမြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေအားလုံးနဲ့ မြို့မဈေးကို ရက်အကန့်အသတ်မရှိ ပိတ်ထား
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း မြို့တွေမှာ ဆက်ပြီးလုပ်နေကြတာမှာ ဒီနေ့တော့ သပိတ်စုံ သူပုန်ထ ဆိုတဲ့ခေါင်းစီးစာတန်းနဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ မြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
ချင်းပြည်နယ်၊ တွန်းဇံမြို့က ကျီခါးတိုက်နယ်ဆေးရုံမှာ ကိုဗစ်ကပ်ရောဂါကြောင့် အခုရက်ပိုင်း သေဆုံးသူ ၅ ဦးအထိ ရှိနေပါပြီ။ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်သလို ဆေးဝါးနဲ့ ပစ္စည်းကိရိယာလိုအပ်ချက်တွေလည်း ရှိနေပါတယ်။
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကိုဗစ်ကပ်ရောဂါနဲ့သေဆုံးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်သူများနေတဲ့ တွန်းဇံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ လောလောဆယ် ၄၀ ကျော်ရှိနေပါတယ်။
ဒီကနေ့မှာတော့ ရန်ကုန်မြို့ နေရာအများအပြားမှာ ဗုံးပေါက်ကွဲတာတွေ ရှိတဲ့အတွက် ဆန္ဒပြသပိတ်စစ်ကြောင်းကြီးတွေ မထွက်နိုင်ပေမယ့် ရပ်ကွက်အလိုက် မြို့နယ်အလိုက်လုပ်ကြတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေကတော့ ဆက်ရှိနေပါတယ်။ ရန်ကုန်မြို့အပြင် တခြားမြို့နယ်တွေက ဆန္ဒပြပွဲတွေအကြောင်း အလိမ္မာက ပြောပြပါမယ်။
နိုင်ငံတဝှမ်း အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ပြန်ဖွင့်ဖို့ စစ်ကောင်စီကကြိုးစားနေတဲ့ အချိန်မှာပဲ ကျောင်းတွေမှာ ဗုံးပေါက်ကွဲတာ၊ မီးလောင်တာတွေဖြစ်နေပါတယ်။ ဒီကနေ့မှာလည်း ကျောင်းတွေ၊ ကျောင်းနဲ့နီးတဲ့ နေရာတစ်ချို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြပါမယ်။
ရန်ကုန်မြို့အပါအဝင် နေရာတော်တော်များများမှာ ဒီကနေ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ သတို့သမီးသေဆုံးခဲ့ပါတယ်
မြန်မာနိုင်ငံမှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေ နေရာတော်တော်များများမှာ အသေးစား ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ပြည်သူတွေဟာ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ အလိမ္မာ ပြောပြသွားမှာပါ။
ဘဏ်တွေမှာ ငွေအပ်ထားသူတွေ ငွေထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေချိန်မှာ ပြည်သူတွေဟာ ကိုယ်လိုချင်တဲ့ ငွေပမာဏပေါ်အလိုက် ရာခိုင်နှုန်းနဲ့ အကျိုးဆောင်ခပေးပြီး အပြင်ကနေ ငွေသားရအောင် လုပ်နေကြရပါတယ်။
လမ်းမတွေပေါ်မှာ ရဲနဲ့စစ်တပ်အင်အား အလုံးအရင်းနဲ့ ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ရန်ကုန်မြို့မှာ ဒီနေ့လည်း လူရာချီတဲ့ပါတဲ့ ချီတက်ဆန္ဒပြပွဲတွေကို တနေရာထက်မနည်းမှာ လုပ်ခဲ့ကြပါတယ်။ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာ က ပြောပြပေးမှာပါ။
အရပ်သားအစိုးရဆီကနေ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေ သတင်းရယူတာတွေကို စစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ ဖိအားပေး ကန့်သတ်တာတွေအပြင် သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူတာတွေကိုပါ ပိုတိုးပြီးလုပ်ဆောင်လာတာတွေ တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်သူတွေက အာဏာပိုင်တွေဖက်က အင်အားသုံးဖြိုခွင်းတာတွေ ပစ်ခတ်တာတွေရှိပေမယ့်လည်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှူတွေ ဒီကနေ့အထိ နိုင်ငံအနှံ့ရှိနေဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ်က နမ္မတီးမြို့နယ်မှာ ဒီကနေ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က အင်အားသုံး ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံရတာတွေရှိတယ်လို့ နမ္မတီးဒေ သခံတစ်ယောက်ကပြောပါတယ်။
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်မှာ ရွှေကပ်ထားတဲ့ ဟမ်ဘာဂါကို ဒေါ်လာ ၆၀ လောက်နဲ့ ရောင်းချနေပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အမြင်အာရုံကို လှည့်စားနိုင်တဲ့ ပြတိုက်တခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မအလိမ္မာတို့က တင်ဆက်ထားပါတယ်။
အီဂျစ်နိုင်ငံမှာ အညောင်းအညာတွေပြေစေဖို့ မြွေအနှိပ်ခန်းတခုကို ဆန်းသစ် ဖွင့်လှစ်ထားပါတယ်။ ပီးရူးကနတ်ဆရာတွေကတော့ ၂၀၂၁ နှစ်သစ်တွက် ကံကောင်းခြင်းတွေရဖို့ သူတို့ရဲ့ ရိုးရာဓလေ့ အစဉ်အလာတွေအတိုင်း မန်းမှုတ်ခဲ့ကြပါတယ်။ ထူခြားဆန်းပြားသတင်းများကို အလိမ္မာနဲ့ ကိုဝင်းခန့်မောင်တို့က တင်ဆက်ပေးထားပါတယ်ရှင်။