“စနေလား၊ တနင်္ဂနွေလားဆိုတာတော့ သူတို့အတိအကျမပြောနိုင်ဘူး-တဲ့။ အမေက ရက်လည်တွေ၊ ဘာတွေအတွက်ဆိုတော့ အဲဒီ နှစ်ရက်ကို မှန်းလုပ်လိုက်ပေါ့-တဲ့။ ... အန်တီလည်း body လေး၊ သို့မဟုတ် တခုခုလိုချင်တယ်ဆိုတော့လည်း မပေးနိုင်ပါဘူး တဲ့။ ထုံးစံမရှိပါဘူး တဲ့။” (ကိုဖြိုးဇေယျာသော်ရဲ့မိခင်)
ဖလမ်း ဟားခါး လမ်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား ၁၂ ရက်ကြာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးနေရပါတယ်။ တိုက်ပွဲအခြေအနေတည်ငြိမ်စပြုလို့ ရွာသူရွာသားတချို့ ရွာထဲပြန်ဝင်လာကြပေမယ့်လည်း၊ ရွာလုံးကျွတ်နီးပါး နေအိမ်မီးရှို့ခံလိုက်ရလို့ အခက်အခဲတွေရှိနေပါတယ်။
"သတင်းထောက်တယောက်ကို ဒီလိုလူမဆန်စွာဖမ်းဆီးသွားတဲ့ အတွက် မိသားစုဝင်တယောက်အနေနဲ့ ခံရခက်တာပေါ့။ လွတ်လပ်တဲ့မီဒီယာသမားတယောက်အနေနဲ့ သတင်းအလုပ် ကိုလုပ်နေရင်း မတရားပူဒ်မတပ်မတရားဖမ်းခံရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။"
အိန္ဒိယနိုင်ငံမှာ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အိတ်တွေ၊ ခွက်တွေနဲ့ အအေးပိုက်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ပင်ဖို့ စီစဉ်နေတဲ့ အပေါ် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ပလပ်စတစ်လုပ်ငန်းလုပ်ကိုင်သူ တွေကတော့ စိုးရိမ်နေကြပါတယ်။ အလိမ္မာက ပြောပြပါမယ်။
ဒီကနေ့ ကျရောက်တဲ့ ဇူလှိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ စစ်ကောင်စီက နိုင်ငံတော်အခမ်းအနား ကြီးမှူးကျင်းပခဲ့သလို မြန်မာနိုင်ငံနေရာအတော်များများမှာတော့ တက်ကြွလှုပ်ရှားသူတွေက အာဇာနည်ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေအတွက် အလေးပြုတဲ့အစီအစဉ်တွေ လုပ်ခဲ့ကြပါတယ်။
ရှမ်း-ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဇူလိုင် ၁၈ ရက် ဒီနေ့မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျလို့ အရပ်သားပြည်သူထိခိုက်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက VOA ကို ပြောပါတယ်။
“နှစ်ဘက်အဖွဲ့တိုက်ပွဲကြားမှာ အဲ့ ၃ ရွာက ငတ်နေလို့တဲ့။ ပြေးလာကြတယ်။ အသက် ၇၀ ကျော် အဖိုးကြီးနဲ့ အဖွားကြီးလင်းမယာကတော့ ဆိုင်ကယ်မရှိ ကားမရှိ ခြေလျင်နဲ့ပြေးလာကြတယ်တဲ့။ ၃ ရက်ပြည့်ထိ အစာငတ်ပြီး လျှောက်လာတယ်လို့ ပြောတဲ့အခါကျတော့ လုံးဝ စိတ်မကောင်းဘူး။” (ကန်ပက်လက်စစ်ဘေးရှောင်)
လွိုင်ကော်မြို့နယ် လောပိတကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။
“ကျနော်ဆို CDM လုပ်ထားတာလောက်နဲ့ လိပ်ပြာမလုံနိုင်တော့ဘူး။ CDM လေးလုပ်ပြီး လိပ်ပြာလုံစွာ မရပ်တည်နိုင်ဘူး။ ပြီးတော့ ခုခံတွန်းလှန်စစ်မှာ လုံးဝ ပါဝင်နိုင်တဲ့အနေအထား မရှိတဲ့အတွက် လူထုတိုက်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ လက်နက်ကိုင်ဖို့ လမ်းစဉ်ကို စိတ်ကူးကိုမရှိခဲ့တာ။” (ဆန္ဒပြ CDM ဝန်ထမ်း)
ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ဒဏ်ရာရလူနာတွေကို အထူးလူနာတင် ဆေးရုံရထားနဲ့ ယူကရိန်းအနောက်ပိုင်းဆေးရုံတွေကို ပို့ဆောင်ဖို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပူးပေါင်း စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ အလိမ္မာက ပြောပြပါပေးပါလိမ့်မယ်။
“ခန့်မှန်းခြေ သူတို့ဘက်ကတော့ ၁၀ ဦးဝန်းကျင်ခန့် စစ်ကောင်စီဘက်ကပေါ့၊ ၁၀ ဦးခန့် သေတယ်ဗျ။ ကျနော်တို့ PDF တပ်ရင်း ၂ ရင်းကပေါ့နော်၊ တပ်ရင်း ၂ က တဦးနဲ့ နောက်တပ်ရင်းတခုက တဦး ကျတယ်ဗျ။” (ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်)
စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်လာသလို နေအိမ်မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။
“ကျနော်တို့ KIO အနေနဲ့ကတော့ ၊ အများပြည်သူပိုင်ပေါ့။ စာသင်ကျောင်းတို့၊ ဘုရားကျောင်းတို့ ပြည်သူပိုင်တဲ့အဆောင်တွေကို ဖျက်ဆီးတာကတော့ မကောင်းဘူးပေါ့နော်။ မလုပ်သင့်တဲ့အရာ ဖြစ်ပါတယ် ဆိုတာတော့ ပြောလိုပါတယ်။” (KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူ)
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာ၊ ထီးပေါ့ဆိုကျေးရွာတဝိုက်မှာ ဒီနေ့ ဇွန်လ ၁၅ ရက်အထိ ၆ ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပါတယ်။
ဇွန်လ ၈ ရက်နေ့ ကမ္ဘာ့သမုဒ္ဒရာများနေ့မှာ Myanmar Ocean Project က “ဒို့ပင်လယ် ဒို့အိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးကာတွန်းတခုကို.Myanmar Ocean Project ထုတ်ပါတယ်။
“ဇော်ချောင်းကတော့ အိမ်ခြေက ၂၀၀ ဝန်းကျင်ပေါ့လေ- အဲ့ဒါကို မနက် ၇ နာရီ ၂၀ ကနေ စရှို့တာ အကုန်လောင်သွားပြီပေါ့လေ။ ဒီဘက်က အလယ်ခုံကို ဆက်ရှို့နေတော့လေ။ အလယ်ခုံကနေ ကျော်ပြီးမှ ဇော်ချောင်းကို ဝင်ရမှာဆိုတော့။ ကပ်နေပေမယ့် ထွက်တော့ မကြည့်နိုင်သေးဘူး။ လောင်တာကတော့ ရွာလုံးကျွတ်ဖြစ်ပါလိမ့်မယ်။” (ဒေသခံ)
အိန္ဒိယနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ကူးစက်မှုတွေရှိနေပြီးမွန်ဘိုင်းမြို့မှာ ကူးစက်မှုနှုန်းတိုးလာနေတဲ့အတွက် ကိုဗစ်လှိုင်းနဲ့ ထပ်ကြုံရမှာကို စိုးရိမ်နေကြပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
“ ... ကျနော်တို့က အခုမှပဲ ပေါက်ဖွားလာတဲ့ တော်လှန်ရေးပေါ့နော် တနှစ်တကြိမ်လောက်ပဲ ရှိသေးတာ။ ဆိုတော့ ဒီအနေအထားမျိုးမှာ ကျနော်တို့ လက်နက်အင်အားဖြစ်ဖြစ်ပေါ့နော်၊ ဒီလိုမျိုးကျန်တဲ့ အကူအညီဖြစ်ဖြစ်ပေးနိုင်ရင် ကျနော်တို့အတွက် အများကြီးခွန်အားဖြစ်တာပေါ့။” (KNDF - ဒီးမော့ဆို)
“ မေလ တောက်လျှောက်ပဲ ဒီကယား-ရှမ်းနယ်စပ်မှာ ဟို…ကုန်သားရွာမှာလည်း တောက်လျှောက်တိုက်ပွဲဖြစ်နေတယ်။ နောက်ပြီးတော့ ဒီဆီးမီးလော့ရွာမှာလည်း တောက်လျှောက်ဖြစ်နေတာ နောက်ပြီး ဟို..ဆောင်နန်းခဲဘက်လည်း တောက်လျှောက်ပဲ မေလ တလလုံးက တိုက်ပွဲက မနားဘူး၊ ဒီဘက်။ တိုက်ပွဲတော်တော် ဧရိယာကျယ်ပြန့်လိမ့်မယ်။” (ဆီမီးလော့ရွာသား)
နောက်ထပ်ကြည့်ရှုရန်