သြစတြေးလျနိုင်ငံတစ်ဝှမ်းက ကျောင်းတွေမှာ အထူးစောင့်ရှောက်မှုလိုအပ်တဲ့ အော်တစ်ဇင် ကလေးငယ်တွေ စာသင်ခန်းထဲမှာ ပိုပြီး ပူးပေါင်းပါဝင်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ အေပီသတင်းကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
ရှမ်းနဲ့ကယားပြည်နယ်အစပ်မှာ စစ်ဘေးလွတ်ရာတိမ်းရှောင်လာကြသူတွေကြားမှာ နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ၊ အသက်ရှူကြပ်၊ အရသာပျောက် စတဲ့ ကိုဗစ်လက္ခဏာနဲ့ဆင်တူတဲ့လက္ခဏာပြပြီး နေမကောင်းဖြစ်သူတွေများလာနေပေမယ့် ခွဲပြီးနေစရာ နေရာလည်းမရှိ၊ ဆေးဝါးလည်းမလုံလောက်ဘူးလို့ အကူအညီပေးနေတဲ့ သူနာပြုတယောက်က ပြောပါတယ်။
၂၀၁၉ ခုနှစ် India နိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် ဥတုဒဏ်သင့် မိသားစုတစုဟာ ဟိမဝန္တတောင်တန်းဒေသ ကျေးရွာကနေ Bengaluru မြို့ပြင်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။ နေရာသစ်၊ ဘဝသစ်မှာ ကလေးတွေအတွက် အခွင့်အရေးတွေပေါ်လာမယ်လို့ မိဘတွေကတော့ မျှော်မှန်းထားကြပါတယ်။ AP သတင်းဆောင်းပါးကို အလိမ္မာက ပြောပြပေးပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အတွင်းက စက်တော်ရာဘုန်းကြီးကျောင်းထဲမှာ မြန်မာစစ်တပ်ထိန်းသိမ်းထားတဲ့ အရပ်သား ၅၀ ကျော် ထွက်ပြေးလွတ်မြောက်လာပြီလို့ လွတ်မြောက်လာတဲ့ ဦးဇင်းတပါးက VOA ကို ပြောပါတယ်။
“စစ်ကောင်စီအတွက် အဝတ်အစားတွေ လျှော်ပေးရတာတို့၊ ထမင်းချက်ပေးရတာတို့၊ ရေသန့်သွားလဲပေးရတာ အဲ့လိုမျိုးတွေ လုပ်ပေးနေရတယ်ဗျဟုတ်။ လောလောဆယ်တော့ သူတို့ ကျောင်းမှာပဲ ထားတယ် အဲ့လိုမျိုးပဲသိရတယ်ဗျ။ အိမ်ပြန် ထွက်ပြေးမယ်ဆို အိမ်ထိပြန်လာခေါ်တယ်လို့ အဲ့လိုမျိုးပြောကြတယ်ဗျ။” (မိုးဗြဲကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ)
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ စက်တင်ဘာလကုန် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်းနဲ့ နေရပ်မှာ လက်နက်ကိုင် တိုက်ပွဲတွေဆက်ရှိနေပြီး မြေမြှုပ် မိုင်းအန္တရာယ်ကြောင့် ပြန်နိုင်ဖို့ ခက်ခဲနေတဲ့အကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးထောင်ချခံထားရတဲ့ မုံရွာ သပိတ်ကော်မတီ ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ နောက်ထပ် ပုဒ်မှ တခုနဲ့ စစ်ကောင်စီက ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း မိသားစုတွေက ပြောပါတယ်။
"ကိုဗစ်ဖြစ်တော့ အရောင်းအဝယ်တွေ ပါးသွားတယ်။ နောက်ပိုင်း နိုင်ငံရေးပြဿနာကြောင့်၊ ပို့တာလည်း စစ်ကိုင်းတိုင်းဘက်ခြမ်းကို အများဆုံးပို့တော့ ဒီနိုင်ငံရေးပြဿနာကြောင့်မို့ ကျနော်တို့က ဒီလက်ဖက်တွေကို မထုတ်လုပ်နိုင်တော့ဘူး။” (ဦးဇော်ညွန့်-ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး)
“မနေ့ကတော့ ၆ လမ်းဆုံမှာတော့ ပစ်ခတ်မှုတော့ ရှိတယ်။ နောက်ပြီးတော့ အိမ် တအိမ်မှာ လက်နက်ကြီးကျတဲ့အတွက်ကြောင့် မိသားစု ၄ ဦးတော့ ဒဏ်ရာအနည်းငယ်တော့ ရတယ်ဟုတ်ကဲ့။ မနေ့က ပစ်တုန်းခတ်တုန်း လက်နက်ကြီးကျတုန်းကတော့ သွားလာမှုတော့ မရှိပါဘူး။ ဟုတ်ကဲ့၊ ဒီနေ့တော့ ရှိပါတယ် ဟုတ်ကဲ့။”(ဟားခါးဒေသခံ)
စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်က ဒီမော့ဆို၊ ခေါက်ပလော့ ကျေးရွာအနီးမှာ ဒေသခံကရင်နီတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား မနေ့က တိုက်ပွဲငယ်ဖြစ်ပွားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာပဋိပက္ခဖြစ်ပြီးတဲ့နောက် ၅နှစ်အကြာ နိုင်ငံကထွက်ပြေးကြရတဲ့ရိုဟင်ဂျာတွေရဲ့ဘဝဟာ အခုအချိန်မထိ မရေမရာဖြစ်နေဆဲပါ။ ပိုပြီး လုံခြုံဘေးကင်းတဲ့နေရာရောက်ဖို့ ကြိုးစားကြရင် အသက်ဆုံးရှုံးရမှုတွေလည်း ရှိနေဆဲပါ။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး အလိမ္မာပြောပြပါမယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာထဲကို မနက် ၅ နာရီခွဲလောက် စစ်ကောင်စီ အင်အား ၅၀ ဝန်းကျင်လောက် ဩဂုတ်လ ၂၆ ရက် မနက်အစောပိုင်းက ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် အရပ်သားတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြမှာပါ။
“ ရွှေတူးတဲ့နေရာနဲ့ ဒီလိုမျိုး ရွှံ့ နွံတွေထွက်တယ်။ အဲ့နွံတွေက ချောင်းတွေအတိုင်းပါလာပြီးမှ၊ ဒီရေနဲ့အတူပါလာပြီး အိမ်တွေထဲမှာ ရိုးရိုးရေကြီးတာမဟုတ်ဘဲနဲ့ အဲ့ ရွှံ့ နွံတွေနဲ့ တရွာလုံးမှာ ဘာမှသွားလို့မရ လာလို့မရ၊ ဘာမှလုပ်လို့ မရအောင် တအိမ်လုံး အိမ်တွေလည်း ပျက်တယ်။” (ဒေသခံ)
သီရိလင်္ကာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တာ၊ ဆေးဝါး၊ အစားအသောက်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ရှားပါးလာနေတာကြောင့် သီရိလင်္ကာဆေးရုံတွေမှာ ဆေးဝါးပြတ်လပ်နေပါတယ်။ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းပေးဖို့အစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေလဲ ရှိနေပါတယ်။ အလိမ္မာပြောပြပါမယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီကြား့တိုက်ပွဲတွေကြောင့် ဩဂုတ်လအစပိုင်းက ပိတ်ထားခဲ့တဲ့ ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ချက်တွေ တင်းကျပ်ထားတာကြောင့် ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ခက်ခဲနေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံဟာ အကူအညီပေးရေးလုပ်သားတွေအတွက် ကမ္ဘာမှာအန္တရာယ်အကြီးဆုံး လှုပ်ရှားလုပ်ကိုင်နေရတဲ့ နိုင်ငံတွေထဲက တခုအဖြစ်ပါဝင်နေတယ်လို့ CARE International နိုင်ငံတကာပရဟိတအဖွဲ့ကြီးရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
"အခြေအနေကတော့ ပြည်သူတွေ ဒုက္ခရောက်တာကတော့ အကြီးအကျယ်ပဲ။ မိုးရွာထဲတွေမှာ လှည့်ပတ် ပြီးတော့ မိုးကာတဲလေးတွေနဲ့ ပြေးရရှောင်ရနဲ့။ တော်တော် ဆိုးဆိုးဝါးဝါးကို ဒုက္ခရောက်နေကြရတာပဲ။ စားရေးသောက်တာကတော့ အတော့်ကို ပြတ်လပ်နေတာ၊ ဆေးဝါးဆို ဝေးပေါ့။” (စစ်ကိုင်း၊ ဝက်လက်မြို့နယ် စစ်ဘေးရှောင်)
ဒေသတွင်းတိုက်ပွဲတွေကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် အနည်းဆုံး ၂,၀၀၀ လောက်ရှိနေပြီး အဲ့ဒီထဲက ဆိပ်ဖြူမြို့နယ်က ဒေသခံ ၇၀၀ လောက် ပါဝင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
"အခုရက်ပိုင်း ညကို လက်နက်ကြီးတွေနဲ့ ၂ ချက်၊ သုံးချက်ပစ်တယ်။ လက်နက်ငယ်တွေနဲ့ကတော့ အမြဲတမ်းလိုလိုပေါ့။ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးကို သူတို့က ပစ်နေတာ။ ဒီဘက်က ၂ ချက်၊ သုံးချက်- အဲ့လိုအသံပေးပြီးတော့မှ ထိန်းထားရတာပေါ့။ ကင်းကတော့ ညတိုင်းစောင့်နေရတယ်။ (ဒေသခံတဦး)
တောမီးတွေလောင်ကျွမ်းလေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တနှစ်ထက်တနှစ် တောမီးလောင်တဲ့အချိန်ပိုကြာလာသလို ပိုလည်း ပြင်းထန်လာပါတယ်။ ဒေသခံ မီးသတ်သမားတွေလည်း တောမီးတွေကို ခက်ခက်ခဲခဲ ငြိမ်းသတ်နေကြရတာပါ။ အလိမ္မာ ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်