အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနအတွင်း လုပ်ငန်း စစ်ဆေးရေး အရာရှိချုပ်ကို ရာထူးက ထုတ်ပယ်ဖို့ သူကိုယ်တိုင် သမ္မတ Donald Trump ကို တောင်းဆိုခဲ့တယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီး Pompeo က ဝန်ခံပါတယ်။ သူ့အပေါ် စုံစမ်းစစ်ဆေးနေတဲ့သူမို့ လက်တုန့်ပြန်တဲ့အနေနဲ့ ရာထူးက ဖယ်ရှားခဲ့တာတော့ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေတဲ့ကာလ၊ နောက်ထပ် အရေးပေါ် ငွေကြေး အကူအညီတွေ ပေးဖို့ ဖက်ဒရယ်အစိုးရကို အဆိုပြုထားတဲ့ ဥပဒေကြမ်းတရပ်ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုပြီးပြီဖို့၊ ဒီဥပဒေကို အတည်ပြုမပြု အထက်လွှတ်တော်က ဆုံးဖြတ်ရပါလိမ့်မယ်။
အမေရိကန် အစိုးရ အလုပ်သမား ဝန်ကြီးဌာနရဲ့ စာရင်းသစ်တွေအရ ဧပြီလအတွင်း အလုပ်လက်မဲ့ ဦးရေဟာ အရင်က တခါမှ မရှိခဲ့ဘူးတဲ့ ၁၄ ဒသမ ၇ ရာခိုင်နှုံးအထိ ပိုးတိုးလာခဲ့ပါတယ်။ ဒီ စာရင်းဟာ အလုပ်သမားရေးဌာန စာရင်း စပြီး ကောက်ခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း တလအတွင်း အများဆုံး တိုးလာတဲ့ အလုပ်လက်မဲ့ ပမာဏ ဖြစ်ပါတယ်။
မေလထဲကို ရောက်လာပြီး အမေရိကန်ပြည်ထောင်စုတဝှမ်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်တဲ့ ပြည်နယ်တွေ ပိုများလာချိန်မှာ၊ သမ္မတ Donald Trump နဲ့ ဒုသမ္မတဟောင်း Joe Biden တို့လည်း လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ဘယ်လို မဲဆွယ်စည်းရုံးမလဲဆိုတာ ပြင်ဆင်လာကြပါတယ်။
အိန္ဒိယနိုင်ငံ စစ်တပ်ရဲ့ ကျန်းမာရေးလုပ်သားတွေကို ဂုြဏ်ပုတဲ့ အစီအစဉ်တွေအကြောင်း ရိုက်တာ သတင်းတပုဒ်ကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးမှာစိုးလို့ အပြင်မထွက်ရတာ တလခွဲလောက် ရှိလာတဲ့အချိန်၊ ရာသီဥတုကလည်း မိုးတွေ ရွာနေတဲ့အချိန် ဆွစ်ဇာလန်နိုင်ငံ Geneva မြို့ The Round House အိမ်နေတိုက်ခန်းမှာ နေတဲ့သူတွေ သူတို့နည်း သူတို့ဟန်နဲ့ ပျော်အောင် စီစဉ်ပြီး ဖျော်ဖြေပွဲတွေ ကျင်းပနေကြပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်တွေတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်ပြီး ပိတ်ထားရတဲ့ လုပ်ငန်းတွေပြန်စဖို့ ပြင်ဆင်နေသလို၊ စီးပွားရေးအခက်အခဲတွေကို ကြားကန်ပေးနိုင်အောင် ဗဟိုအစိုးရက ထောက်ပံ့ရေးအတွက် ပြည်နယ်တွေဘက်က အခြေအတင် ဆွေးနွေးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်ဖို့အတွက်ဘယ်သူတွေကိုဖယ်ဒရယ်အစိုးရရဲ့ အထောက်အပံ့ ရံပုံငွေတွေပိုပေးမလဲ ဆိုတဲ့ကိစ္စအမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းအကြားမှာ ငြင်းခုံ ဆွေးနွေး နေကြပါတယ်။ အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စပ်ကူးစက်မှု တိုက်ဖျက်ရေး ဟာ နိုင်ငံရေးတိုက်ပွဲတခု ဖြစ်လာနေတဲ့အကြောင်း တင်ပြပါ့မယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန် ရုရှားနိုင်ငံမှာ ပန်းအရောင်းအဝယ် မဖြစ်တော့လို့ သန်းနဲ့ချီတဲ့ နှင်းဆီပန်းတွေကို ဖျက်ဆီးနေရတဲ့အကြောင်း AP ဆောင်းပါးတပုဒ်ကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး အခြေအနေကို ရောက်ဖို့ သိပ်ကို နီးကပ်နေပြီလို့ FDA ကော်မရှင်နာမင်းကြီးက ပြောဆိုလိုက်ပါတယ်။ စီးပွားရေး ပြန်ပြီး ပုံမှန်လည်မှန်နိုင်မယ့် အခြေအနေ ဘယ်တော့ ပြန်ရောက်မလဲဆိုတာကတော့ ပြောဖို့ စောနေသေးတဲ့အကြောင်း တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေဟာ လာမယ့် သတင်းပတ်တွေအတွင်း ဆိုးဆိုးဝါးဝါး အခြေအနေ ကြုံရနိုင်ပြီး သေဆုံးသူ အရေအတွက်လည်း တိုးလာနိုင်တယ်လို့ သမ္မတ Donald Trump က ခန့်မှန်းထားပါတယ်။ ရောဂါတိုက်ဖျက်ရေး အမေရိကန် စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေအကြောင်း တင်ပြပါ့မယ်။
COVID-19 ရောဂါ ကူးစက်မှုတွေကို ကုသဖို့ နိုင်ငံတချို့မှာ ဆေးရုံနေရာတွေ မလုံလောက်တာကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်တဲ့ ဌာနတွေ၊ ဆေးရုံတွေ ဖွင့်လှစ်နေကြတဲ့ သတင်းတချို့ကို ကိုသိန်းထိုက်ဦး စုစည်း တင်ပြချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း အရှေ့ဘက်ကမ်းခြေကနေ အလယ်ပိုင်းပြည်နယ်တွေ အထိ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ပြီး သေဆုံးသူ အရေအတွက် တိုးလာနေပြီး ရောဂါကူးစက်မှုတွေဟာ အဆိုးဆုံး အခြေအနေ ကြုံလာရနိုင်သေးတဲ့အကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုနေကြပါတယ်။ Elizabeth lee ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါ့မယ်။
့မြန်မာနိုင်ငံအတွင်း Coronavirus ပိုး ကူးစက်မှုအနေအထား တွေ့ရှိချက်တွေနဲ့ နယ်စပ်ကနေ ပြန်လာသူတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးနေတဲ့အကြောင်းနဲ့ ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ ပြန်လာဖို့ တိုက်တွန်းထားတဲ့ အကြောင်း AFP ဆောင်းပါးတွေကို အခြေခံပြီး တင်ပြပါ့မယ်။
အမေရိကန် ဖက်ဒရယ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပစ္စည်းတွေ ပို့ပေးဖို့ နောက်ကျနေသလို လုံလောက်အောင် မပေးနိုင်ဘူးဆိုပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက ဝေဖန်နေပါတယ်။ အမေရိကန်အစိုးရကတော့ ရောဂါတိုက်ဖျက်ရေးအတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ တိုးလာနေတာကြောင့် သမ္မတ Trump က သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာ သုံးနိုင်တဲ့ အရေးပေါ် စီမံချက်တွေ ချမှတ်ပြီး လမ်းညွှန် ဆောင်ရွက်နေပါတယ်။ VOA သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို ကိုသိန်းထိုက်ဦးက စုစည်း တင်ပြထားပါတယ်။
အမေရိကန်ပြည်သူတွေအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာ စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ရင် အိမ်မှာပဲ နေကြဖို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် ထိပ်တန်းကျွမ်းကျင်သူ တဦးဖြစ်တဲ့ Anthony Fauci က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ VOA သတင်းထောက် Cindy Saine ရဲ့ သတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
တရုတ်၊ အီရန်၊ ဗန်နီဇွဲလားနဲ့ ကျုးဘားနိုင်ငံတွေဟာ လုံခြုံရေးတာဝန်ရှိသူတွေကြောင့် လူတွေပျောက်ဆုံးတာ၊ သတင်းထောက်တွေကို တိုက်ခိုက်တာ၊ ထင်သလိုဖမ်းဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်က စွပ်စွဲလိုက်ပါတယ်။ Mariama Diallo ပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးချယ်ဖို့ ပြည်နယ် ၆ ခုမှာ ဒီနေ့ အဂါင်္နေ့ ရွေးကောက်ပွဲတွေ ထပ်ကျင်းပပါမယ်။ ဗားမောက်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ ဒုသမ္မတဟောင်း Joe Biden တို့ နှစ်ယောက် အဓိကယှဉ်ပြိုင်နေတာပါ။ VOA သတင်းထောက် Mike O’Sullivan ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
Deepfake လို့ခေါ်တဲ့ ရုပ်ပုံတုဖန်တီးတဲ့နည်းပညာတွေကို သုံးပြီး ရွေးကောက်ပွဲတွေ ကမောက်ကမဖြစ်အောင် သွေးထိုးလှုံဆော်တာမျိုးတွေ လူမှုကွန်ယက်တွေမှာ ပေါ်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလိုမဖြစ်အောင် အချိန်မီဟန့်တားဖို့ ပြင်ဆင်မှုတွေအကြောင်း Matt Dibble ရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်