အမေရိကန်ပြည်ထောင်စုအတွင်းမှာ အဂါင်္နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀ ကျော်ရှိသွားပြီ ဖြစ်ပြီး ဝါရှင်တန်ပြည်နယ်မှာ သေဆုံးသူ ၆ ယောက် ရှိသွားပါပြီ။ ရောဂါတိုက်ဖျက်ရေး အတွက် အဆင့်သင့်ပြင်ထားတယ်လို့ သမ္မတ Trump အစိုးရက ပြောပါတယ်။ Arash Arabasadi ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
အင်္ဂါနေ့ကကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်သူတွေရဲ့စကားစစ်ထိုးပွဲမှာ အထက်လွှတ်တော်အမတ် Bernie Sanders ကို ပြိုင်ဘက်တွေက ပစ်မှတ်ထားထိုးနှက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ပဏာမရွေးကောက်ပွဲတွေမှာ Sanders က ထိပ်ဆုံးမှာရှိနေတာပါ။ Richard Green ပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတ Donald Trump ရွေးကောက်ပွဲမှာ ပြန်အနိုင်ရအောင် ရုရှားနိုင်ငံဘက်က လုပ်ဆောင်နေတယ်ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Robert O’Brien က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပေးထားပါတယ်။
ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲအတွက် Nevada ပြည်နယ်က မဲရုံတချို့မှာ တနင်္ဂနွေကတည်းက ကြိုတင်မဲတွေပေးခဲ့ကြသလို သမ္မတ ကိုယ်စားလှယ်လောင်းတွေလည်း မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံ စည်းရုံး နေကြပါတယ်။ Arash Arabasadi ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
သမ္မတ Trump အစိုးရက ပြည်ဝင်ခွင့်ကန့်သတ်ဖို့ ထပ်တိုးလိုက်တဲ့ ၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်သလို၊ ဒီအထဲက ၄ နိုင်ငံက အာဖရိကတိုက်က နိုင်ငံတွေဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးအတွက်လို့ အမေရိကန်အစိုးရက အကြောင်းပြပေမဲ့ ဝေဖန်မှုတွေရှိနေကြောင်း Patsy Widakuswara သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း သမ္မလောင်းရွေးချယ်တဲ့ ပဏာမကောက်ပွဲတွေ ဒီနေ့ အင်္ဂါနေ့ New Hampshire ပြည်နယ်မှာ ကျင်းပပါတယ်။ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးပွဲတွေနဲ့ မဲဆွယ် စည်းရုံးမှုတွေအကြောင်း VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ပါတီတွင်း သမ္မလောင်းရွေးချယ်မယ့် ပဏာမ ရွေးကောက်ပွဲတွေကို တနလာင်္နေ့ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်မှာ ဒီမိုကရက်ပါတီဝင်တွေ စတင်ကျင်းပပါတယ်။ VOA သတင်းထောက် Jim Malone ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
သမ္မတ Donald Trump ကို တရားစွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုတွေ အထက်လွှတ်တော်မှာ ဆက်ကျင်းပနေပြီး ဒီရက်ပိုင်းမှာတော့ သမ္မတရဲ့ အကျိုးဆောင်ရှေ့တွေက ခုခံကာကွယ်တဲ့ လျှောက်လဲချက်တွေ ပေးနေပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
တရုတ်နှစ်သစ်ကူး အခါသမယ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်ကို ရောက်လာတဲ့ တရုတ်ခရီးသွားဧည့်သည်တွေကို ကြိုဆိုနေကြပါတယ်။ ဒါပေမဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ Corona ဗိုင်းရပ်စ်ပိုး ကူးစက်မှာ စိုးရိမ်တဲ့အတွက် လူသွားလူလာများတဲ့ နေရာတွေကို ရှောင်ဖို့နဲ့ ကျန်းမာရေး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
သမ္မတ Donald Trump ကို တရားစွဲဆိုရေး ကနဦး အပြန်အလှန်ချေပချက်တွေ ရီပတ်ဗလစ်ကန် ပါတီဝင် အများစု လွှမ်းမိုးတဲ့ အထက်လွှတ်တော်မှာ ဒီကနေ့ တရားရုံးချုပ် တရားသူကြီးချုပ် ကိုယ်တိုင် ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။ VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
တရုတ်မြန်မာဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
မြေဧက ၂၄ သန်းကျော် မီးလောင်ဆုံးရှုံးခဲ့တဲ့ သြစတြေးလျနိုင်ငံမှာ တောမီးကြောင့် လူ ၃၀ နီးပါး သေဆုံးခဲ့သလို၊ တောရိုင်းတိရစ္ဆာန် တသန်းကျော်လောက်လည်း သေကြေခဲ့မယ်လို့ ခန့်မှန်းထားပါတယ်။ တောမီး အကြီးအကျယ်လောင်ခဲ့တဲ့ New South Wales ပြည်နယ်က ကျေးရွာတခုအကြောင်း AP ဆောင်းပါးကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အီရန်နိုင်ငံ Tehran မြို့တော်အပြင်ဘက်မှာ ပြီးခဲ့တဲ့အပတ်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ပစ်ချလိုက်တဲ့ကိစ္စ ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အီရန်က ဆန္ဒပြသူတွေကို ထောက်ခံတဲ့အကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ထုတ်ဖေါ်ပြောဆိုပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်အတွင်း အီရန်စစ်ဗိုလ်ချုပ်ကြီး Qassem Soleimani သေဆုံးခဲ့ပြီး ချိန်မှာပဲ၊ ၂၀၁၅ ခုနှစ်က နိုင်ငံတကာနဲ့ သဘောတူညီချက်အရ ယူရေနီယံသန့်စင်မှု ပမာဏ ကန့်သတ်ထားတာကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ အီရန်က ကြေညာပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုတွေနဲ့ အခြေအနေ တင်းမာအောင် ရှေ့တိုး လုပ်နေမယ်ဆိုရင် သံတမန်ရေးအပြင် တခြားနည်းလမ်းပေါင်းစုံ သုံးဖို့ စဉ်းစားနေကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ဘက်က မြောက်ကိုရီးယားကို တုံ့ပြန်ထားပါတယ်။ VOA သတင်းထောက် Arash Arabasadi သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးကောက်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂ ရက် အိုင်အိုဝါ ပြည်နယ်မှာ စကျင်းပမှာ ဖြစ်တာကြောင့် နှစ်သစ်ကူး ဇန္နဝါရီလအတွင်း သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲတွေ အရှိန်မြင့်လာပါလိမ့်မယ်။
သမ္မတ Donald Trump ကို တရားစွဲဖို့ အောက်လွှတ်တော်က ဆုံးဖြတ်ပြီးတဲ့နောက်မှာပဲ လွှတ်တော်အားလပ်ရက် ရာသီမို့ အစည်းအဝေးတွေ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီဝင် အများစုလွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က သမ္မတ Trump ကို တရားစွဲအရေးယူဖို့ ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ သမ္မတဟာ အပြစ်ရှိမရှိ၊ ရာထူးကဖယ်ရှားမယ် မဖယ်ရှားဘူးဆိုတာကို ရီပတ်ဘလစ်ကန် အများစုလွှမ်းမိုးတဲ့ အထက်လွှတ်တော်က ကြားနာစစ်ဆေးရပါလိမ့်မယ်။ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump ကို အရေးယူရေး အောက်လွှတ်တော်တရားရေးကော်မတီရဲ့ စွဲဆိုချက်တွေကို အောက်လွှတ်တော်တခုလုံးက အမတ်တွေ ဒီသီတင်းပတ်ထဲ မဲခွဲ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ Arash Arabasadi ပေးပို့တဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်၊ သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ပြသနိုင်ခဲ့တဲ့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ICJ က ချမှတ်မယ်လို့ ယုံကြည်တဲ့အကြောင်း ဂမ်ဘီယာ တရားရေး ဝန်ကြီး Abubacarr Tambadou က ပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်