ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ လေးသန်းခွဲကျော် ရှိနေတဲ့ အမေရိကန်မှာ အလုပ်လက်မဲ့ နှုန်းကလည်း ဇွန်လက ကိန်းဂဏန်းတွေအရ ၁၁ ရာခိုင်နှုံး ရှိပါတယ်။ COVID-19 ရောဂါကာလ သန်းနဲ့ချီတဲ့အလုပ်လက်မဲ့ဖြစ်သူတွေနဲ့ အမေရိကန်ပြည်သူတွေကို ဘယ်လို အကူအညီ အထောက်အပံ့ပေးမလဲဆိုတာ အစိုးရ နဲ့ လွှတ်တော်အမတ်တွေဆက်ပြီးညှိ့နိုင်းနေပါတယ်။
လူထုစစ်တမ်းတွေမှာ အသာစီးရပေမဲ့ Biden ရွေးကောက်ပွဲနိုင်ရေး မသေချာသေး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကမ္ဘာတဝှမ်းက စီးပွားရေးလုပ်ငန်းသေးတွေ ဆက်လည်ပတ်ဖို့ ပုံစံအမျိုးမျိုးနဲ့ တီထွင် လုပ်ကိုင်လာကြပါတယ်။ ရင်ဆိုင်လာရတဲ့ ပကတိအနေအထားမှာ လုပ်ငန်းဆက်လည်ပတ် ရပ်တည်နိုင်အောင် နည်းပညာတွေသုံးတာ၊ အလုပ်ခွင့်ထဲ လာစရာမလိုဘဲ အဝေးကနေ စီမံခန့်ခွဲတာမျိုးတွေလည်း ပါပါတယ်။
COVID-19 ရောဂါကူးစက်သူ လေးသန်းကျော်ပြီး ပြည်နယ်တော်တော်များများ လုပ်ငန်းတွေ ပြန်မဖွင့်နိုင်သေးတဲ့အချိန် အမေရိကန်မှာ အလုပ်လက်မဲ့ ဖြစ်သွားသူတွေအနေနဲ့လည်းဘယ်လို ရပ်တည်မလဲဆိုတာမရောမရာဖြစ်နေပါတယ်။ အထက်လွှတ်တော် ရီပတ်ဗလစ်ကန်တွေကတော့ကိုရိုနာဗိုင်းရပ်စ် ထောက်ပံ့ကူညီရေး နောက်ထပ် ဥပဒေကြမ်း တရပ်ကို ကြေညာပါတယ်။
နှာခေါင်းစည်းတပ်ရေး အမေရိကန် နိုင်ငံရေးအဓိက အကြောင်းအရာ ဖြစ်လာ
သမ္မတ Trump နဲ့ ဒုသမ္မတဟောင်း Biden တို့ရဲ့ မဲဆွယ်မှုမဟာဗျူဟာ
ဗြိတိန် Bristol မြို့ Black Lives Matter လှုပ်ရှားမှုရုပ်ထုသစ်
အမေရိကန် ပြည်ထောင်စုမှာ Covid-19 ရောဂါကူးစက်သူ သုံးသန်းသုံးသိန်း ကျော် ရှိပြီး၊ တသိန်းသုံးသောင်း ခွန်ထောင်ကျော်သေဆုံးခဲ့သလို ကူးစက်မှုတွေလည်း တိုးလာနေပါတယ်။ ရောဂါမပျံ့ပွားအောင် ထိန်းချုပ်ရေး ကြိုးပမ်းမှုတခုအနေနဲ့ လူတွေကို နှာခေါင်းစည်းတွေ တပ်ဖို့ ကျယ်ကျယ်ပျံ့ပျံ့တိုက်တွန်းလာနေပါတယ်။
လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျုးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ရုရှားနဲ့ ဆော်ဒီအာရေးဗီးယားက လူပုဂ္ဂိုလယ်တွေအပေါ် ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်နိုင်ငံက ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီးတဲ့နောက်၊ တရုတ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်သူတွေအပေါ်မှာလည်း အလားတူအရေးယူဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။
အမေရိကန်နိုင်ငံတဝှမ်းမှာ COVID-19 ရောဂါကူးစက်တဲ့ အရေအတွက် များလာနေပြီးဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ တရက်ထဲ ဖလော်ရီဒါပြည်နယ်မှာ ပိုးကူးစက်သူ တသောင်းတထောင်ကျော် စံချိန်တင်အောင် များခဲ့ပါတယ်။ ရောဂါမပျံ့ပွားအောင် ကာကွယ်ကြဖို့ လူထုကြားမှာ အားနည်းနေတယ်ဆိုပြီး မြို့တော်ဝန်တွေကဆော်သြနေကြပါတယ်။
COVID-19 ရောဂါပိုးကူးစက်ခံနေရတဲ့အကြောင်း ကြေညာထားတဲ့ မြန်မာ စပါးအုံးလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား One Championship ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင် အောင်လအန်ဆန်က သူ ကျန်းမာတဲ့အကြောင်းနဲ့ နောင်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲတွေအတွက် မစိုးရိမ်ဖို့ သူ့ကို အားပေးတဲ့ ပရိသတ်တွေကို ပြောပါတယ်။
COVID-19 ရောဂါပိုးကူးစက်ခံနေရတဲ့အကြောင်း ကြေညာထားတဲ့ One Championship ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင် အောင်လအန်ဆန်က သူ ကျန်းမာတဲ့အကြောင်းနဲ့ နောင်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲတွေအတွက် မစိုးရိမ်ဖို့ သူ့ကို အားပေးတဲ့ ပရိသတ်တွေကို VOA မြန်မာပိုင်း အစီအစဉ်ကတဆင့် ပြောပါတယ်။
ဟောင်ကောင်မှာ တရုတ်အစိုးရ အတည်ပြုလိုက်တဲ့ အမျိုးသားလုံခြုံရေး အက်ဥပဒေဟာ ဟောင်ကောင်ကို အာဏာရှင်စနစ်အောက် ရောက်အောင်တွန်းပို့ဖို့ လမ်းကြောင်းချထားတဲ့ ဥပဒေတရပ်အဖြစ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြစ်တင်ရှုတ်ချပြီး စိုးရိမ်နေကြပါတယ်။ ဒီဥပကြောင်း ရှင်းပြထားတဲ့ ရိုက်တာ သတင်းတပုဒ်ကို တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ပြီး တိုးလာနေပါတယ်။ ဂျွန်လမှာ ကူးစက်တဲ့ အရေအတွက်ဟာ မတ်လ အရင်လတွေလိုပဲ ပြန်များလာခဲ့တာပါ။ ပြည်နယ်တွေနဲ့ ဖယ်ဒရယ်အစိုးရခေါင်းဆောင်တွေ ဒီကိစ္စကို ဘယ်လိုတုန့်ပြန်ကိုင်တွယ်ဖို့ ကြိုးပမ်းနေကြသလဲ၊ ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
နိုင်ငံတွေတော်တော်များများ ကိုရိုနာဗိုင်းရပ်ကူးစက်မှုတွေ ထပ်တိုးနေတာကြောင့် အရင်က ပိတ်ပင်ကန့်သတ်ချက်တွေ ဖြေလျော့ပေးဖို့ ဆိုတာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီရောဂါပိုးကူးစက်မှုအသစ်တွေဟာ ခရီးသွားတဲ့သူတွေဆီက ကူးစက်တာလား၊ ဒါမှမဟုတ် ရောဂါလက္ခဏာမပြတဲ့ ပိုးကူးစက်တာလားဆိုတာကို ပညာရှင်တွေ လေ့လာနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်ပြီး ပေါ်ပေါက်နေချိန်မှာပဲ၊ သမ္မတ Donald Trump က Oklahoma ပြည်နယ် Tulsa မြို့မှာ ပြီးခဲ့တဲ့ သတင်းပတ်ကုန်က မဲဆွယ်စည်းရုံးပွဲတွေ ကျင်းပခဲ့ပါတယ်။ တိုင်းပြည် တဝှမ်း ပုံမှန်ပြန်လည်လည်ပတ်ဖို့ သမ္မတ Trump ဆန္ဒပျင်းပြပေမဲ့လည်း အမေရိကန်ြ
Georgia ပြည်နယ် Atlanta မြို့မှာ သောကြာနေ့ညက ရဲအရာရှိတဦး ပစ်ခတ်လိုက်တဲ့အတွက် လူတဦး သေဆုံးသွားခဲ့တာကြောင့် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ နောက်ထပ် ပေါ်ပေါက်လာပါတယ်။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အမေရိကန်နဲ့ ကမ္ဘာတဝှမ်း ဆန္ဒပြပွဲတွေ အရှိန်မြင့်လာနေပါတယ်။
Minnesota ပြည်နယ် Minneapolis မြို့၊ ရဲတွေ ဖမ်းဆီးထားတဲ့အချိန် သေဆုံးသွားခဲ့တဲ့ လူမည်းအမျိုးသား George Floyd အတွက် အောက်မေ့ဘွယ် အခမ်းအနားတွေကို မြောက် ကာရိုလိုင်းနားပြည်နယ်မှာ ကျင်းပခဲ့သလို၊ Texas ပြည်နယ်မှာလည်း ကျင်းပပါတယ်။ VOA သတင်းထောက် Kane Farabaugh ရဲ့ သတင်းကို ကိုသိန်းထိုက်ဦး တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စု မြို့ကြီးတော်တော်များများ ညမထွက်ရအမိန့်တွေ ထုတ်ပြီး လုံခြုံရေးတိုးမြျင့်ပေမဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်နေပြီး အသားအရောင်ကို အခြေခံတဲ့ လူမျိုးရေး တင်းမာမှုက ဆန္ဒပြပွဲကို အရိပ်ထိုးနေတဲ့အကြောင်း Kane Frabuagh သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု တိုင်းပြည်တွင်း စီပွားရေးလုပ်ငန်းတွေ၊ ဝတ်ပြု ဆုတောင်းဖို့ ဘုရားကျောင်းတွေပြန်ဖွင့်ပြီး လူတွေရဲ့လူမှုဘဝ ပုံမှန်ပြန်လည်သွားလာနိုင်ဖို့ ကြိုးစားနေချိန်မှာ Covid-19 ရောဂါကူးစက်မှုဒဏ် အဆိုးဝါးဆုံးအခြေအနေ ရင်ဆိုင်နေရတဲ့အကြောင်း Kane Farabaugh ရဲ့ သတင်းကို ကိုသိန်းထိုက်ဦးပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်