နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ သမ္မတ Donald Trump ကတော့ ဆက်ပြီး ပြောနေပါတယ်။ အနိုင်ရသူအဖြစ် သတ်မှတ်ထားတဲ့ ဒုသမ္မတဟောင်း Joe Biden ကတော့ COVID-19 ရောဂါတိုက်ဖျက်ရေးအဖွဲ့ကို ဒီတပတ်ထဲမှာ ဖွဲ့စည်းမယ်လို့ ပြောနေပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဝါရှင်တန် နိုင်ငံရေး အသိုင်းအဝိုင်းကြား နှစ်ပေါင်း ငါးဆယ်နီးပါး ထင်ရှား လူသိများခဲ့တဲ့ ရှေးကောက်ပွဲအနိုင်ရ Joe Biden အနေနဲ့ လက်ရှိသမ္မတ Donald Trump ရဲ့ နေရာကို လာမဲ့ ဇန္နဝါရီလမှာ ဆက်ခံရယူဖို့ ပြင်ဆင်နေပါတယ်။ Joe Biden အကြောင်း Mike O’Sullivan သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စုရဲ့သမ္မတဘယ်သူ ဖြစ်လာမလဲဆိုတာကိုအများက စိတ်ဝင်စားနေကြပါတယ်။တချိန်တည်းမှာ ဒီရွေးကောက်ပွဲမှာ လူဘယ်လောက် မဲပေးကြမလဲဆိုတာနဲ့ ရွေးကောက်ပွဲ ရလဒ် နောက်ဆုံး အဆုံးအဖြတ်ကို ဘယ်လောက် မြန်မြန်ဆန်ဆန်သိရမလဲစတဲ့အကြောင်းတွေတင်ပြထားတဲ့ Michelle Quinn ရဲ့သတင်းလွှာကိုကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
သမ္မတ Donald Trump အဆိုပြုတဲ့ တရားသူကြီး Amy Coney Barrett ကို ရီပတ်ဗလစ်ကန် အများစု လွှမ်းမိုးတဲ့ အထက်လွှတ်တော်က တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြု ခန့်ထားလိုက်ပါတယ်။ အမေရိကန်ပြည်သူတွေကတော့ ကတော့ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ အပေါ်မှာပဲ အထူး အာရုံစိုက်နေကြပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဖလော်ရီဒါပြည်နယ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ကတည်းက လူကိုယ်တိုင်လာရောက် ကြိုတင်မဲပေးနိုင်ပြီး မဲစပေးတဲ့နေ့မှာပဲ တန်းစီ မဲလာပေးသူတွေ မကြုံဖူးအောင် များပြားခဲ့ပါတယ်။ Liliya Anisimova ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲ မကျင်းပခင် နှစ်ပတ်ကျော်ပဲလိုပါတော့တာမို့ ရီပတ်ဗလစ်ကန်ပါတီက သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့နှစ်ယောက် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရရေး အပြင်းအထန် ဆက်ပြီး မဲဆွယ် စည်းရုံး နေပါတယ်။ Michelle Quinn ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကိုဗစ်-19 ရောဂါကူးစက်လို့ ဆေးကုသမှုခံခဲ့ရတဲ့ သမ္မတ Donald Trump က မဲဆွယ်စည်းရုံးပွဲတွေ ပြန်စဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ဒီမိုကရက်တစ်ပါတီသမ္မလောင်း Joe Biden ကတော့ ဒီသတင်းပတ်ထဲမှာ Ohio ပြည်နယ်ကို သွားပြီး မဲဆွယ်စည်းရုံးပါလိမ့်မယ်။Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို အဓိက အပြောင်းအလဲဖြစ်နိုင်မယ်လို့ ယူဆထားတဲ့ ဖလော်ရီဒါပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden မဲဆွယ်စည်းရုံးနေပါတယ်။ ဆေးရုံကဆင်းစသမ္မတ Donald Trump ကလည်း မဲဆွယ်ပွဲတွေ ပြန်စမယ်လို့ပြောဆိုနေပါတယ်။ Elizabeth Lee ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
သမ္မတ Donald Trump ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့ ဆေးရုံတက်လိုက်ရတဲ့ သတင်းက ဒီ သတင်းပတ် အမေရိကန် နိုင်ငံရေးမှာ အားလုံး အာရုံစိုက်ခဲ့တဲ့ သတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ ဆေးရုံက ဆင်းခွင့် ဆရာဝန်တွေက ခွင့်ပြုလိုက်ပေမယ့် စိတ်ချလက်ချ၊လုံးဝမစိုးရိမ်ရတဲ့ အနေအထားတော့ မရောက်သေးဘူးလို့ ပြောပါတယ်။
နိုင်ငံခြားမှာ နေထိုင်တဲ့ အမေရိကန် ကိုးသန်းလောက် ရှိမယ်လို့ ခန့်မှန်းရတဲ့အထဲ ငါးသိန်းလောက်က အစ္စရေးမှာ ရှိနေပါတယ်။ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ အရင်မကြုံဘူးတဲ့ အရေအတွက် အဝေးရောက်မဲ ပေးကြမယ်လို့ လေ့လာသူတွေက မျှော်လင့်ထားပါတယ်။ Jerusalem ကနေ Linda Gradstein ရဲ့ သတင်းလွှာကို သိန်းထိုက်ဦးကတင်ပြပါ့မယ်။
ရွေးကောက်ပွဲကျင်းပဖို့ ၃၆ ရက်အလိုမှာပဲတရားသူကြီး Amy Coney Barrett ကို တရားရုံးချုပ်တရားသူကြီးခန့်ထားရေး သမ္မတDonald Trump အဆိုပြုလိုက်တာကြောင့် ဒီမိုကရက်နဲ့ရီပတ်ဗလစ်ကန်ပါတီကြီးနှစ်ရပ်အကြားနိုင်ငံရေးတိုက်ပွဲစည်းထပ်ခြားလိုက်သလိုလည်း ဖြစ်သွားပါတယ်။Michelle Quinn ရဲ့ သတင်းလွှာကို သိန်းထိုက်ဦးတင်ပြပါ့မယ်
ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ကယ်လွန်သွားတဲ့ အတွက် တိုင်းပြည်တဝှမ်း စိတ်မကောင်းဖြစ်နေကြသလို သူ့နေရာ အစားထိုး ရွေးချယ်ရေးက အမေရိကန် နိုင်ငံရေး တိုက်ပွဲတခု ဖြစ်လာပါတယ်။ သမ္မတ Trump ကတော့ ဒီသတင်းပတ်ထဲ အစားထိုးမယ့် တရားသူကြီးကို သူ အဆိုပြုမယ်လို့ပြောနေပါတယ်။
ပင်လယ်ကမ်းစပ်ကို မျောပါလာတဲ့ ပုလင်းခွံတွေကို လိုက်ဆယ်ရင်း ရှင်းလင်းယုံ သက်သက်ထက် ပိုတဲ့ တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံက အဖိုးအိုတယောက်အကြောင်း AFP သတင်းဆောင်းပါး တပုဒ်ကို သိန်းထိုက်ဦး က ပြောပြချင်ပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်းဒေသမှာ တောမီးတွေ ငြိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာပဲ၊ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး လောင်ကျွမ်းမှုကို ဖြစ်စေတာဟာ၊ ရာသီဥတု ပြောင်းလဲမှုကြောင့်ဆိုပြီး ဖြေရှင်းဖို့ ဖို့ သမ္မတ Donald Trump နဲ့ တခြား ခေါင်းဆောင်တွေ ကို ဒေသ ခံ အရာရှိတွေက တောင်းဆိုနေပါတယ်။
အမေရိကန် တောင်ပိုင်းဒေသတွေဟာ ဆယ်စုနှစ်ချီ ရီပတ်ဗလစ်ကန်တွေဘက် ယိမ်းခဲ့ပေမဲ့။ သမ္မတ Trump ၂၀၁၆ ခုနှစ်က အနိုင်ရခဲ့တဲ့ မြောက် ကာရိုလိုင်းနား ပြည်နယ်ကတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတ Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ အကြိတ်အနယ် ပြိုင်ရမယ့် ပြည်နယ်တခုအဖြစ် သတ်မှတ်ထားပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေ အရှိန်မြှင့်လာချိန်မှာပဲ စစ်မှုထမ်းတွေကို သမ္မတ Donald Trump ချိုးနှိမ် ကဲ့ရဲ့ခဲ့တယ်ဆိုပြီး မဂ္ဂဇင်း တခုက ရေးသားခဲ့တာကို သမ္မတ Trump နဲ့ အစိုးရအဖွဲ့ဝင်တွေ အပြင်းအထန် ငြင်းဆို နေရပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို တင်ပြပါ့မယ်။ ကျနော် သိန်းထိုက်ဦးပါ။
Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်း အမျိုးသားတယောက်ကို ရဲအရာရှိတွေက ပစ်ခတ်ခဲ့တာကြောင့် လူမျိုးရေး တရားမျှတမှုကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ သတင်းပတ်က ဆက်ပြီးပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ Kenosha မြို့ကို သမ္မတ Donald Trump သွားဖို့ စီစဉ်နေပါတယ်။
သမ္မတ Trump ကို သမ္မတလောင်းအဖြစ် ရီပါဗလစ်ကန်ပါတီညီလာခံ အဆိုပြု
နိုဝင်ဘာရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်မယ့် ညီလာခံကို တနင်္လာနေ့က စတင်ကျင်းပပါတယ်ညီလာခံကို အွန်လိုင်:ကနေကျင်းပရတဲ့အတွက်ပါတီသမ္မတလောင်းလက်ခံမယ့် Joe Biden နဲ့ တခြားကိုယ်စားလှယ်တွေညီလာခံ ကျင်းပတဲ့ Wisconsin ပြည်နယ် Milwaukee မြို့ကိုမလာရောက်နိုင်တဲ့အကြောင်းတင်ပြထားပါတယ်
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ငါးသန်းကျော် ရှိပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကာ အကူအညီအထောက်အပံ့တွေပေးရေး လွှတ်တော်မှာ ဆွေးနွေးမှုတွေ သဘောတူညီချက်မရပဲ ဖြစ်နေပါတယ်။ ဒီလို သဘောတူညီချက်မရလို့ဆိုပြီး သမ္မတ Donald Trump က ထောက်ပံ့ရေးအစီအစဉ်တွေ သမ္မတအမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်