မြန်မာနိုင်ငံ အမျိုးသားရေး သင်္ကေတ အဖြစ် သတ်မှတ်ထားတဲ့ ဒေါင်း ငှက်တွေ ရှားပါးလာတာကြောင့် ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်နေတယ်လို့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့တွေက သတိပေးနေပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ဦးသိန်းထိုက်ဦး ပြောပြပါ့မယ်။
သမ္မတဟောင်း Donald Trump ကို တရားစွဲဆိုထားတဲ့ကိစ္စ အထက်လွှတ်တော်မှာ ကြားနာပါလိမ့်မယ်။ သမ္မတ Joe Biden အဆိုပြုတဲ့ ဒေါ်လာ ၁.၉ တြီလျံ သုံးစွဲမယ့် စီးပွားရေး အကူအညီ ပေးရေး ဥပဒေကြမ်းကိုလည်း ဒီတပတ် အမေရိကန်လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးမသတ်သေးခင်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ယုံကြည်မှု ပျောက်ဆုံးသွားနိုင်တဲ့အကြောင်း RCSS/SSA ရှမ်းတောင်ပိုင်းတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သတိပေး ပြောဆိုပါတယ်။ ဦးသိန်ထိုက်ဦး တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကတော့ မတူကြပါဘူး။ မြန်မာ့အရေး ပြောကြားချက်တွေကိုတော့ ဦးသိန်းထိုက်ဦးက ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်း COVID-19 ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ ဆက်လုပ်နေတဲ့ တချိန်တည်းမှာ ကိုဗစ် စီးပွားရေးအကူအညီပေးရေး ကိစ္စတွေကို ဒီတပတ် အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေ အခြေအတင် ဆွေးနွေးဖို့ စီစဉ်နေကြပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို တင်ပြပါ့မယ်။ ကျနော် သိန်းထိုက်ဦးပါ။
သမ္မတဟောင်း Donald Trump အုပ်ချုပ်တဲ့ နောက်ဆုံးနှစ် ရဲတပ်ဖွဲ့တွေရဲ့မတရားမှုတွေကို ရှုတ်ချပြီး လူမျိုးရေး တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတသစ် Joe Biden အစိုးရသစ်လက်ထက်၊ ဒီလှုပ်ရှားမှု အနာဂတ် အလားအလာကို VOA သတင်းထောက် Esha Sarai သတင်းပေးပို့ထားတကို ဦးသိန်းထိုက်ဦး တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် Joe Biden ပထမဆုံး စတာဝန်ယူတဲ့ သတင်းပတ်အတွင်းမှာပဲ ရင်ဆိုင်စရာ အခက်အခဲတွေ အပြည့်ရှိနေပါတယ်။ သမ္မတဟောင်း Donald Trump ကို အရေးယူရေး တရားစွဲဆိုထားတဲ့အမှု အထက်လွှတ်တော်မှာ ကြားနာမယ့် ကိစ္စကလည်း ပါဝင်နေပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦးတင်ပြပါ့မယ်။
အမေရိကန် သမ္မတသစ် Joe Biden လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေး ပိုပြီး ကောင်းမွန်လာမယ်၊ လက်တွဲဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ရင်း ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုနေကြပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီနေ့ ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ ဒုသမ္မတဟောင်း Joe Biden ကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်အဖြစ် ကြိုဆိုကြတော့မှာပါ။ Joe Biden ဟာ နိုင်ငံရေး အစဉ်အလာနဲ့ အတွေ့အကြုံရှိသူ တဦးဖြစ်ပါတယ်။ သူ့အကြောင်း Carolyn Presutti ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်လွှတ်တော်ရှေ့ မျက်နှာစာမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ရွေးကောက်ခံ သမ္မတ Joe Biden အမေရိကန် ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာပါ။ ဝါရှင်တန်မြို့တော်နဲ့တခြားမြို့ကြီးတွေမှာ လုံခြုံရေးကိုအထူးတင်းကြပ်ထားပါတယ်။ Michelle Quinnရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်လွှတ်တော်ကို ဆန္ဒပြသူတွေဝင်ရောက် စီးနင်းခဲ့တဲ့ကိစ္စမှာ သမ္မတ Doand Trump ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်ဆိုပြီး သမ္မတကို ရာထူးကဖယ်ရှားပြီး ဒုသမ္မတ Mike Pence အစားထိုး တာဝန်ယူရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ် ဒီမိုကရက်အမတ်တွေက လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။ ဦးသိန်းထိုက်ဦး စုစည်း တင်ပြထားပါတယ်။
ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး သမ္မတထရမ့်ကို ထောက်ခံသူတွေ မနေ့က အမေရိကန် လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ပေမဲ့ ညပိုင်းမှာ လွှတ်တော်အမတ်တွေ ပြန်လည်စည်းဝေးပြီး ရွေးကောက်ပွဲမှာ ဂျိုးဘိုင်းဒန် အနိုင်ရတာကို အတည်ပြု ကြေညာခဲ့ပါတယ်၊ လွှတ်တော်သတင်းတချို့ကို ဦးသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ မကုန်ခင် လူသန်း၂ဝကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းပေမဲ့ အောင်မြင်ခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း ကာကွယ်ဆေးထိုးနေပေးနေတာတွေကို တော့ အလှမ်းကျဲကျဲနဲ့ မြန်မြန်ဆန်ဆန် ဆက်လုပ်ကိုင်နေပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါ့မယ်။
၂ဝ၂ဝ ခုနှစ် ကမ္ဘာတဝှန်း ကူးစက်တဲ့ ကိုဗစ်-19 ကပ်ရောဂါအကြောင်း ကမ္ဘာ့သတင်းမှာ နေရာယူခဲ့ပါတယ်။ ဒါပေမဲ့လည်း တခြားနှစ်တွေလိုပဲ သဘာဝဘေးအန္တရယ်တွေ၊ လူထုအုံကြွမှုတွေနဲ့ ပဋိပက္ခတွေကို နိုင်ငံတချို့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂ဝ၂ဝ အဖြစ်အပျက်တချို့ကို စုစည်းပြီး ဦးသိန်းထိုက်ဦးနဲ့ မမြသဇင်အောင်တို့က စုစည်းတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်းမှာ ခရစ္စမတ်အားလပ်ရက်မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တွေ စဖြန့်နေပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး က တင်ပြပါ့မယ်။
၂၀၂၀ ခုနှစ်မှာ သတင်းပေးပို့ရင်း အဖမ်းခံရတဲ့ သတင်းထောက်တွေ ကမ္ဘာတဝှမ်း ၂၇၄ ယောက်ရှိပြီး အရင်နှစ်တွေကထက် ပိုများလာပါတယ်။ သတင်းသမားများ ကာကွယ်ရေး ကော်မတီ CPJ ရဲ့ နှစ်ပတ်လည် အစီရင်ခံစာအရ တရုတ်၊ တူရကီနဲ့ အီဂျစ်မှာ သတင်းထောက်တွေ အများဆုံး အဖမ်းခံရပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
COVID-19 ရောဂါ ကူးစက်မှု အန္တရယ်ကြောင့် အသွားအလာ ပိတ်ပင်မှုတွေ ထပ်တိုး ကန့်သတ်ထားတဲ့ ဥရောပ နိုင်ငံတချို့မှာ ဒီနှစ် ခရစ္စမတ်ပွဲတွေကို ခါတိုင်းနှစ်တွေ ပုံစံမျိုး အစဉ်အလာမပျက် ကျင်းပနိုင်တော့မှာ မဟုတ်ပါဘူး။ Reuters သတင်းဆောင်းပါးတပုဒ်ကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စုတဝှမ်းမှာ ဒီသတင်းပတ်ထဲ COVID-19 ကာကွယ်ဆေး သုံးသန်းလောက် ပထမဆုံး ဖြန့်ဝေမှာဖြစ်ပြီး ရောဂါကူးစက်နိုင်တဲ့ အန္တရယ်ကြား ဆေးကုသ ပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေအတွက် ဦးစားပေး ဖြန့်ဝေပါလိမ့်မယ်။ Michelle Quinn ပေးပို့တဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြပါ့မယ်။
လာမယ့် ဇန္နဝါရီလ ငါး ရက်နေ့ ဂျော်ဂျီယာပြည်နယ်မှာ တကျော့ ပြန် ကျင်းပမယ့် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲက အမေရိကန် အထက်လွှတ်တော်ကို ဘယ်ပါတီက ကြီးစိုးမလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက် ခရီးသွားတာတွေနဲ့ လူစုလူဝေး တွကြောင့် ကိုရိုနာဗိုင်းရပ်စပ်ကူးစက်မှုတွေ ပိုများလာနိုင်တယ်ဆိုပြီး ကျန်းမာရေးအရာရှိတွေက သတိပေးနေပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်