မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ASEAN နိုင်ငံခြားရေးဝန်ကြီးအထူးစည်းဝေးပွဲ အင်္ဂါနေ့က ပြီးသွားခဲ့ပြီးတဲ့နောက်မှာ ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တစုံတရာ ရှိနိုင်ပါသလား။
မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပစ်ခတ်နှိမ်နှင်းမှုကြောင့် တနိုင်ငံလုံးမှာဆိုရင်လူ ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ မမြသဇင်အောင် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာစေဖို့ အာဏာသိမ်းစစ်တပ် ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုလုပ်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေက သက်ဆိုင်ရာပြည်နယ် အထက်လွှတ်တော် အမတ်တွေဆီ တရက်ထဲမှာ ဖုန်းခေါ်ဆိုမေတ္တာရပ်ခံတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက ပြည်နယ်တချို့မှာ ဆန္ဒကြတဲ့ တချိန်ထဲမှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဒီကနေ့မြို့တော်ဝါရှင်တန် နဲ့ ဝါရှင်တန်ပြည်နယ် Seattle မြို့တွေမှာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။
၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးအတွင်းမှာ COVID-19 ကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် ကျယ်ကျယ့်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေထဲ လူငယ်၊ လူကြီး အရွယ်စုံပါဝင်သလို တချို့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ အစိုးရရုံးဝန်ထမ်းတွေလည်း ပါဝင်လာတာပါ။ မျိုးဆက်သစ်လူငယ်တွေကတော့ ဆန်းသစ်တဲ့ အမြင်တွေနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရရှိထားတဲ့ အရပ်သား အစိုးရအဖွဲ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှား သူတချို့ကို ထိန်းသိမ်းထားလိုက်တဲ့ အပေါ် ပုပ်ရဟန်းမင်းကြီး အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ဂျာမန် ဒီဇိုင်နာတဦးရဲ့ ကပ်ရောဂါကြောင့် ဖက်ရှင်အမြင်ပြောင်းလဲခဲ့ပုံအကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး တင်ပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါ။
အမေရိကန်သမ္မတအသစ်ဖြစ်လာမယ့် Joe Biden နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရွေးချယ်ထားတဲ့ Antony Blinken က နိုင်ငံရပ်ခြားမှာ တည်ရှိပြီးသားဖြစ်တဲ့အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်မှု ပြန်လည်တည်ဆောက်သွားမယ့်သူ့ရဲ့မျှော်မှန်းချက် အစီအစဉ်ကိုနှိမ့်ချမှုနဲ့ယုံကြည်မှုအပေါ်မှာအခြေခံတည်ဆောက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲဟာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းတာကို အမေရိကန်ပြည်သူတွေ လေးနှစ်တကြိမ် စောင့်ကြည့်ကြတဲ့ အခမ်းအနား ဖြစ်သလို အမေရိကန်ဒီမိုကရေစီရဲ့ အရှိန်သြဇာကြီးတဲ့ အထိမ်းအမှတ် သင်္ကေတခုလည်း ဖြစ်ပါတယ်။
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲဟာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းတာကို အမေရိကန်ပြည်သူတွေ လေးနှစ်တကြိမ် စောင့်ကြည့်ကြတဲ့ အခမ်းအနား ဖြစ်သလို အမေရိကန်ဒီမိုကရေစီရဲ့ အရှိန်သြဇာကြီးတဲ့ အထိမ်းအမှတ် သင်္ကေတ တခုလည်း ဖြစ်ပါတယ်။ Dora Mekouar သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါ့မယ်။
၂ဝ၂ဝ ခုနှစ် ကမ္ဘာတဝှန်း ကူးစက်တဲ့ ကိုဗစ်-19 ကပ်ရောဂါအကြောင်း ကမ္ဘာ့သတင်းမှာ နေရာယူခဲ့ပါတယ်။ ဒါပေမဲ့လည်း တခြားနှစ်တွေလိုပဲ သဘာဝဘေးအန္တရယ်တွေ၊ လူထုအုံကြွမှုတွေနဲ့ ပဋိပက္ခတွေကို နိုင်ငံတချို့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂ဝ၂ဝ အဖြစ်အပျက်တချို့ကို စုစည်းပြီး ဦးသိန်းထိုက်ဦးနဲ့ မမြသဇင်အောင်တို့က စုစည်းတင်ပြထားပါတယ်။
ခရစ္စမတ် ပွဲတော်တွေကိုနည်းလမ်းပေါင်းစုံနဲ့ ကျင်းပနေကြပေမဲ့ ကိုဗစ် 19 ကူးစက်မှုမှာကို စိုးရိမ်ပြီး အသွားအလာ ကန့်သတ်မှုနဲ့ ဈေးတွေ ပိတ်ထားရချိန် ခရစ္စမတ်ကာလမှာကမ္ဘာတဝှမ်း စီးပွားရေးအပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ခရစ္စမတ် ပွဲတော်ကာလ ဈေးဆိုင်တွေ ရောင်းအားကျနေတဲ့ အကြောင်းမမြသဇင်အောင် ပြောပြပါလိမ့်မယ်။
အမေရိကန် နယူးယောက်မြို့ Brooklyn အရပ်မှာ နေထိုင်သူတွေက သူတို့အိမ်တွေမှာ နှစ်စဉ် ခရစ္စမတ်မီးအလှတွေဆင်ထား လေ့ရှိပါတယ်။ ဒီနှစ်တော့ အိမ်ရှင်တွေနဲ့ မီးအလှဆင်ထားတာတွေကို လာရောက်ကြည့်ရှု့တဲ့ သူတွေကို VOA သတင်းထောက် Aaron Fedor က ကိုယ်တိုင်သွားရောက် မေးမြန်းသတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Kamala Harris ဟာ သမ္မတရွေးကောက်ပွဲ အနိုင်ရ သမိုင်းဝင် ပထမဆုံး အမျိုးသမီး ဖြစ်လာပါတယ်။ VOA လွှတ်တော် သတင်းထောက် Katherine Gypson က အစိုးရအဖွဲ့ ဒုတိယ အရေးအကြီးဆုံး တာဝန်ယူဖို့အထိ Harris ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းတချို့အကြောင်း မမြသဇင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden အနိုင်ရတယ်လို့ မီဒီယာတွေက ကြေညာပြီး နာရီပိုင်းအကြာမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ Mr. Biden က နိုင်ငံတွင်း သဘောထားကွဲလွဲမှုတွေကို ရင်ကြားစေ့ဖို့နဲ့ စည်းလုံးမှုရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မူဆလင်တွေက တိုင်းပြည် လူဦးရေ ရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မူလင်အသိုင်းအဝိုင်းကတော့ နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲမှာ သူတို့မဲတွေ မဖြစ်မနေ ပေးဖို့ စည်းရုံးလှုံ့ဆော်နေပါတယ်။ Faiza Bukhari ရဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပေးပါမယ်။
ပြီးခဲ့တဲ့သတင်းပတ် နောက်ဆုံး ကျင်းပခဲ့တဲ့ သမ္မတလောင်းတွေရဲ့ ကစားစစ်ထိုးပွဲမှာ တယောက်ပြောနေတဲ့အချိန် အခြားတယောက်ရဲ့ မိုက်ကရိုဖုံး အသံကို ပိတ်လိုက်တာ အပါအဝင်အပြောင်းအလဲတွေ တော်တော်များများပထမဆုံး အကြိမ် လုပ်ခဲ့ပါတယ်။ နောင်ကျင်းပမယ့်ပွဲတွေအတွက်ပြင်ဆင်ဖို့ အကြောင်း မမြင်သဇင်အောင် ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု မီဂျီဂန်ပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲဖို့ ကြံစည်တယ်ဆိုပြီး မကြာသေးခင် ရက်ပိုင်းကပဲ လူ ၁၃ ယောက်ကို တာဝန်ရှိသူတွေ ဖမ်းဆီးလိုက်ပါတယ်။ အဖမ်းခံရသူတွေဟာ ဖေါက်ခွဲရေးပစ္စည်းတွေသုံးပြီး ပြန်ပေးဆွဲဖို့အပြင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြံစည်ခဲ့ကြပါတယ်။
တရားသူကြီး Amy Coney Barrett ကို တရားရုံးချုပ် တရားသူကြီး ခန့်ထားရေး အတည်ပြုမယ့် ကြားနာပွဲကို အထက်လွှတ်တော် ရီပတ်ဗလစ်ကန် အမတ်တွေ တနင်္လာနေ့ကကတည်းက စတင်ကျင်းပပါတယ်။ VOA လွှတ်တော် သတင်းထောက် Katherine Gypson ရဲ့ သတင်းလွှာကို မမြသဇင်အောင် တင်ပြပါလိ့မ့်မယ်။
နောက်ထပ်ကြည့်ရှုရန်