Doha မှာကျင်းပနေတဲ့ အာဖဂန်အစိုးရနဲ့ တာလီဘန် အဖွဲ့ အကြို ဆွေးနွေးပွဲတွေကို သန်းနဲ့ချီတဲ့ အာဖဂန်တွေ အနီးကပ်စောင့်ကြည့်နေကြပါတယ်။ လွန်ခဲ့တဲ့ ၁၉ နှစ် ရခဲ့တဲ့ သူတို့ နိုင်ငံရေး အခွင့်အရေးတွေကို ငြိမ်းချမ်းရေး သဘောတူညီချက်က ကာကွယ်ပေးပါ့မလားဆိုတာကို အများက စောင့်ကြည့်နေတာဖြစ်ပါတယ်။
သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲကို အိုဟိုင်းဟိုးပြည်နယ် Cleveland မှာ ကျင်းပပြုလုပ်ဖို့ရှိပါတယ်။ လက်ရှိသမ္မတ Donald Trump နဲ့ ဒုသမ္မတဟောင်း Joe Biden တို့နှစ်ဦးတို့ရဲ့ နိုင်ငံရေးအယူအဆတွေနဲ့ပတ်သက်လို့ နိုင်ငံတဝှမ်းမှာရော အိုဟိုင်းအိုးပြည်နယ်ထဲမှာမှာ မဲဆန္ဒရှင်တွေအကြားကွဲလွဲချက်တွေရှိနေပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်းတွေပဲ သတင်းခေါင်းစဉ်တွေမှာ အများတွေ့ရပေမယ့် ရွေးကောက်ပွဲမှာ သူတို့ချည်းယှဉ်ပြိုင်တာတော့ မဟုတ်ပါဘူး။ တတိယပါတီ ကိုယ်စားလှယ်လောင်း လို့ လူသိများတဲ့ ပြိုင်ဖက်ကလည်း သမ္မတ ရွေးကောက်ပွဲမှာ ထူးခြားတဲ့ကဏ္ဍက ရှိနေတာပါ။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် သေဆုံးသူ နှစ်သိန်းအတွက် အောက်မေ့ဘွယ်အဖြစ် ဝါရှင်တန်မြို့တော် အထိမ်းအမှတ်ကျောက်တိုင်ကြီးရဲ့ ခြေရင်းမြက်ခင်းပြင်မှာ အလံတွေ စိုက်ထူကြတဲ့ လှုပ်ရှားမှုအကြောင်း AFP ဆောင်းပါးတပုဒ်ကို မမြသဇင်အောင် တင်ပြထားပါတယ်။
အမေရိကန်ကျောင်းတွေမှာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကို မြှင့်တင်ပေးတဲ့ သင်ရိုးတွေထည့်သွင်းသင်ကြားပေးသွားမယ့် အစီအစဉ်တွေကို သမ္မတ Trump ကြေညာခဲ့ပါတယ်။ အမေရိကန်ကို လူမျိုးရေးခွဲခြားတဲ့ နိုင်ငံတခုအဖြစ် အမြင်ရောက်စေတဲ့ လက်ဝဲစွန်းတွေရဲ့ အယူဝါဒသွတ်သွင်းမှုတွေကနေ အကာအကွယ်ပေးချင်တယ်လို့ သမ္မတ Trump ကပြောပါတယ်။
အမေရိကန်နိုင်ငံအနောက်မြောက်ပိုင်း မှာ တောမီးတွေလောင်ကျွမ်းနေတာကြောင့်အနည်းဆုံးလူ ၃၅ ယောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။ မြေဧကပေါင်း သန်းနဲ့ချီလောင်ကျွမ်းနေတဲ့ ဒီ တောမီးတွေက မကြုံစဖူး အရွယ်အစားကြီးမား ကျယ်ပြန့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တောမီးတွေကိုအမေရိကန် စစ်တပ်ကပူးပေါင်း ငြိမ်းသတ်ပေးနေပါတယ်။
ကယ်လီဖိုးနီးယားမှာ မကြုံစဖူးအကြီးဆုံး တောမီးကြီး လောင်ကျွမ်းနေပါတယ်။ ဝါရှင်တန်ပြည်နယ်က တောမီးဟာလည်း ငါးရက်အတွင်းမှာ အရင်နှစ်တွေက လောင်ခဲ့တဲ့ မှတ်တမ်းတင်ထားတဲ့ ပမာဏထက် ပိုများလာပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲလာမှုကြောင့်အဆိုးဆုံးတောမီးကြီး လောင်ကျွမ်းခဲ့ရတာလို့ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ခံခဲ့ရတဲ့ New York မြို့မှာ ကပ်ရောဂါနောက်ဆက်တွဲ စီးပွါးရေး အရ ရိုက်ခတ်မှုတွေကိုကြုံနေရပါတယ်။ အစားအသောက်လှုဒါန်းတဲ့နေရာတွေမှာ တန်းစီယူနေကြသူတွေလည်း အရင်လိုပဲ ရှိနေကြသေးတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
သမ္မတ Donald Trump က ရွေးကောက်ပွဲမှာ စာတိုက်ကဖြစ်စေ လူကိုယ်တိုင် လာပြီး ဖြစ်စေ၊ မဲနှစ်ကြိမ်ပေးရမယ်ဆိုတာမျိုး သူ့ကိုထောက်ခံသူတွေကို တိုက်တွန်းခဲ့ကြောင့် အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ Patsy Widakuswara ရဲ့ သတင်းလွှာကို မမြသဇင်အောင် တင်ပြပါ့မယ်။
လူမျိုးရေးတန်းတူမှု သမ္မတရွေးကောက်ပွဲမဲဆွယ်ရာမှာ အဓိက ဆွေးနွေးလာ
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-19 ရောဂါ ကူးစက်မှုနှုန်း က တရက်ထဲ ၇၈,၀၀၀ ကျော်သွားပြီး အမေရိကန်မှာ ဇူလိုင်လက တရက်အတွင်း ကူးစက်ခဲ့ဖူးတဲ့ ကမ္ဘာမှာအများဆုံးအရေအတွက်ကို ကျော်သွားပါတယ်။ ရောဂါပျောက်ကင်းပြီလို့ ထင်ကြတဲ့လူတွေရဲ့ ပေါ့ဆမှုနဲ့ ကျန်းမာရေးစည်းကမ်းတွေကို မလိုက်နာကြတာကြောင့်လို့လည်း လေ့လာသူတွေက ဝေဖန်ကြပါတယ်။
ရွေးကောက်ပွဲကာလ မဲရုံတွေမှာ ပုံမှန် စေတနာ့ဝန်ထမ်း လုပ်ပေးနေကျ အသက်အရွယ်ကြီးတဲ့ အမေရိကန်တချို့က ဒီနှစ်တော့ COVID-19 ရောဂါ ကူးမှာစိုးတဲ့အတွက် အိမ်မှာပဲ နေကြတော့မယ်လို့ ပြောပါတယ်၊ မဲပေးတဲ့သူ အရေအတွက်တင် မဟုတ်ဘဲ၊ ရွေးကောက်ပွဲဟာ သက်ကြီး စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးတဲ့သူတွေကို အားကိုးနေရတဲ့ အတွက်ပါ။
မျိုးသုဉ်းလုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကမ္ဘာ့ အသေးဆုံး ရှားပါး ပစ်ဂမီဝက်ပုလေးတွေဟာ အခုအခါ အာဖရိကဝက်တုတ်ကွေး အန္တရာယ်ကြောင့် ကာကွယ်စောင့်ရှောက်ပေးထားရပါတယ်။ AP သတင်းဆောင်းပါးကို မမြသဇင်အောင်ပြောပြပါ့မယ်။
အမေရိကန် ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အခုလို သြဂုတ်လမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉ ကြိမ်မြောက် ပြင်ဆင်ပြီး အမေရိကန် အမျိုးသမီးတွေ ဆန္ဒမဲပေးခွင့်ရခဲ့ကြပါတယ်။ ဒီ ဥပဒေကို အတည်ပြုနိုင်ဖို့ နှစ်ပေါင်း ၄၀ ကျော် အချိန်ယူခဲ့ရတဲ့အကြောင်း မမြသဇင်အောင် ပြောပြပါ့မယ်။
COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးက ဌာနေတိုင်းရင်းသားတွေ အကြပ်အတည်းနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ ရှိနေတယ်လို့ ကုလကမဂ္ဂ အဖွဲ့က သတိပေးလိုက်ပါတယ်။ နိုင်ငံအသီးသီးက ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အလေးထားကြဖို့ ကုလကမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကတိုက်တွန်းလိုက်ပါတယ်။
Joe Biden နဲ့ နိုဝင်ဘာရွေးကောက်ပွဲ စိန်ခေါ်မှုများ
တရားမဝင် အရက်ရောင်းဝယ် သောက်သုံးမှုတွေကြောင့် လူတွေ မကြာခဏ သေဆုံးခဲ့တဲ့ အိန္ဒိယ နိုင်ငံမှာ ဒီရက်ပိုင်း လူ ၈၀ ကျော် ထပ်မံသေဆုံးတဲ့အတွက် ရဲက လိုက်ပြီး နှိမ်နှင်းနေပါတယ်။ ရိုက်တာသတင်း တပုဒ်ကို အခြေခံပြီး ပြောပြပေးပါမယ်။
မြောက်ကိုရီးယားမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမရှိဘူးလို့ လပေါင်းများစွာပြောဆိုနေခဲ့ပြီးတဲ့နောက် ပထမဆုံး COVID–19 သံသယရှိလူနာတယောက် စတွေ့ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလို ဝန်ခံတာဟာ မြောက်ကိုရီးယားအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာနိုင်တဲ့ ကပ်ရောဂါထိန်းချုပ်မှုနဲ့ပတ်သက်လို့ ချဉ်းကပ်မှုပုံစံအသစ်ပါ။
COVID-19 ရောဂါ ကာကွယ်ဆေးထုတ်ဖို့ အလားအလာ
တောင်အာဖရိက အွန်လိုင်း ဘဲလေး အကပြိုင်ပွဲ
နောက်ထပ်ကြည့်ရှုရန်