အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ Facebook အကောင့်ကို အနည်းဆုံး ၂ နှစ် ပိတ်ထားမယ့်အကြောင်း ကြေညာလိုက်တာဟာ Facebook အနေနဲ့ သူ့စာမျက်နှာပေါ် ရေးသားဖော်ပြချက်တွေကို အရှိန်မြှင့် လုပ်ဆောင်လာတယ်ဆိုတာ ကမ္ဘာ့ခေါင်းဆောင်တွေကို သတင်းစကားပေးလိုက်တာဖြစ်ပါတယ်။ မမြသဇင်အောင်က ပြောပြပါလိမ့်မယ်။
မွန်ညီညွတ်ရေးပါတီ MUP က လွတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးဟာ ဘုရားသုံးဆူမြို့နားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စကို သူတို့အနေနဲ့ ပြစ်တင် ရှုတ်ချကြောင်း ပါတီ ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် ဒီလုပ်ကြံ သတ်ဖြတ်မှုပေါ်ပေါက်ရေးအတွက် သူတို့အနေနဲ့ စုံစမ်း ဖော်ထုတ်သွားမယ်လို့ မွန်ပြည်သစ်ပါတီကလည်း ပြော
ကမ္ဘာတလွှားနိုင်ငံ တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကျဆင်းလာတာကြောင့် အသွားအလာ ကန့်သတ်ပိတ်ပင်ထားတာတွေကို ဖြေလျှော့ပေးလာနေပြီး လူတွေပုံမှန်သွားလာနေကြပါတယ်။ VOA သတင်းထောက် Mariama Diallo သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား သတင်းထောက် ၄ ယောက်ရှိသွားပါပြီ။ တချိန်ထဲမှာပဲ ဖမ်းဆီးခံထားရဆဲ ပြည်တွင်း သတင်းထောက်တွေနဲ့ပါတ်သက်တဲ့ အခြေအနေကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြဇင်အောင် ကတင်ပြပါမယ်။
ကိုဗစ် ဒုတိယလှိုင်းနဲ့ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံတွင်း ကာကွယ်ဆေး အလုံအလောက်မရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်း Anjana Pasricha သတင်းပေးပို့ထားတာကို ဒေါ်မြသဇင်အောင် တင်ပြပါ့မယ်။
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယအတွက် အကူအညီတွေပေးဖို့ အမေရိကန်ရဲ့ တုံ့ပြန်မှုတွေက နှေးကွေးနေတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ VOA သံတမန်ရေးရာ သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြပါလိမ့်မယ်။
တရားမဝင် ရွှေ့ပြောင်းလာသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာတွေကြား အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က Donna မြို့လေးကို လူအများ စိတ်ဝင်စားလာကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်က ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ အာရှနွယ်ဖွားတွေအပေါ် အမုန်းတရား အခြေခံတိုက်ခိုက်မှုတွေ တိုးလာပေမဲ့ တကယ်တမ်း တိုင်ကြားတာ အမှုဖွင့်တာတွေဟာ အမှန်တကယ် ဖြစ်ပျက်နေတာတွေထက် အများကြီး လျော့နည်းတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ VOA သတင်းထောက် Virginia Gunawan ရဲ့ သတင်းလွှာကို မမြသဇင်အောင်က သတင်းပေးပို့ထားပါတယ်။
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ နှစ်စဉ် နွေဦးရာသီမှာ ဖူးပွင့်နေကြ ချယ်ရီပန်းတွေ ဒီသီတင်းပတ်ထဲ အစွမ်းကုန်ပွင့်ဖူးခဲ့ကြသလို လာရောက်ကြည့်ရှု့သူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
COVID-19 ကြောင့် သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့အမှတ်တရအနေနဲ့ အသဲနှလုံးပုံ ၁၅၀,၀၀၀ ရေးဆွဲတဲ့ လှုပ်ရှားမှုတခု ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ဖို့ မဟာမိတ်နိုင်ငံတွေအပါအဝင် အာရှ ဒေသတွင်းနိုင်ငံတွေနဲ့ လက်တွဲပြီး အခုထက်ပို ဖိအားပေးနိုင်ရေး သမ္မတ Joe Biden အစိုးရကို အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်း နေကြပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ဘယ်လို တုံ့ပြန်သင့်သလဲဆိုတာကို ကြာသပတေးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာပွဲတရပ်ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းရာက အသက် ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထပ်မံသတိပေး နေပါတယ်။
နှလုံးနဲ့ သွေးတိုးရောဂါအခံရှိသူတွေမှာ COVID-19 ကူးစက်မှုကြောင့် နောက်ဆက်တွဲရောဂါတွေပိုပြီး ဖြစ်လာနိုင်တဲ့အကြောင်း လူအတော်များများက သတိမပြုမိကြပါဘူး။ ဒီအကြောင်း VOA သတင်းထောက် Carol Pearson သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၄၀ ကျော်ရှိလာနေပေမဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုမှာ ပြည်တွင်းက ဝန်ထမ်းတွေ ပူးပေါင်းပါဝင်နေသလို ပြည်ပ မြန်မာသံရုံးဝန်ထမ်းတွေလည်း ဆက်ပြီးတော့ ပူးပေါင်းပါဝင်နေကြပါတယ်။
ရန်ကုန်တိုင်းအတွင်း လှိုင်သာယာနဲ့ အနီးတဝိုက်မြို့နယ်တွေမှာ စစ်အာဏာသိမ်းဆန္ဒပြပွဲတွေရှိနေသေးသလို ရပ်ကွက်အလိုက် အတားအဆီးတွေ ပိတ်ဆို့ထားတာကြောင့် ဒီလို အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ စစ်တပ်က အခုလို လိုက်လံသတိပေးနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းစစ်တပ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးဝဏ္ဏမောင်လွင်ကို ဒေသတွင်း ညီလာခံမှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့ သိရီလင်္ကာနိုင်ငံကို ကန့်ကွက်တဲ့ အနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ဝါရှင်တန်ဒီစီမှာ ဆန္ဒပြစုဝေးကြပါတယ်။
COVID ရောဂါကို တိုက်ဖျက်နေတာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး ပဋိပစ္စည်း ကုထုံးကို တချို့စင်တာတွေမှာ အသုံးပြုလာကြပါတယ်။ ဒီကုထုံးက COVID ကူးစက်ခံရပြီး ရောဂါလက္ခဏာသိပ်မပြင်းထန်တဲ့သူတွေကို အခြေအနေပိုမဆိုးလာအောင်လို့ ပေးတဲ့ ကုထုံးလည်း ဖြစ်ပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့မှာ တကမ္ဘာလုံး အမျိုးသမီးတွေအလုပ်လက်မဲ့နှုန်းမြင့်တက်နေတာနဲ့ အထူးသဖြင့် အသားရောင်ကွဲအမျိုးသမီးတွေ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနေတာကို ကုလသမဂ္ဂက အဓိကထားထောက်ပြခဲ့ပါတယ်။ မမြသဇင်အောင် တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သံရုံးဝန်ထမ်း ၃ ဦးဟာလည်း CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်