ထိုင်းနိုင်ငံ ဒီမိုကရေစီရေး လူငယ်ဆန္ဒပြပွဲတွေမှာ ရှပ်နီဝတ် တွေလည်းပါဝင်ပူးပေါင်းလာပြီး ဝန်ကြီးချုပ် Prayuth Chan-ocha ရာထူးကနှုတ်ထွက်ရေး တောင်းဆိုကြပါတယ်။ ဝန်ကြီးချုပ်ဘက်ကလည်း ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို လတ်တလော လိုက်လျောမယ့်ပုံမရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ စစ်သတင်းပေး စွပ်စွဲခံရသူတွေ ရက်ဆက် ပစ်သတ်ခံနေရသလို၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေကိုလည်း စစ်ကောင်စီက နှိပ်ကွပ်ဖမ်းဆီးနေ
ပြည်ပမှာရှိတဲ့အမေရိကန်တွေရဲ့အကျိုးစီးပွါးနဲ့အမျိုးသားလုံခြုံရေးကိုဆက်ပြီး ကာကွယ်ပေးဖို့မလိုတော့ဘူးလို့ဆိုပြီး အီရတ်နိုင်ငံစစ်မက်ပြုခွင့်ဆိုင်ရာလွှတ်တော်ခွင့်ပြုမိန့်ကို ပြန်ပယ်ဖျက်ရေး သမ္မတဘိုင်ဒန်အစိုးရကထောက်ခံတယ်လို့ အင်္ဂါနေ့ကအမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Shermanကအထက်လွှတ်တော်ကိုပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံအရေးနဲ့အရှေ့တောင်အာရှမှာတရုတ်တို့ စီးပွါးရေးနဲ့စစ်အင်အားတိုးချဲ့လာနေတာကိုလျှော့ချနိုင်ရေးအမေရိကန်ကာကွယ်ရေးဝန်ကြီးကစင်္ကာပူနိုင်ငံနိုင်ငံတကာမဟာဗျုဟာလေ့လာရေးဌာနမှာတနင်္လာနေ့က ကျင်းပခဲ့တဲ့အခမ်းအနားတခုအတွင်းဆွေးနွေးပြောဆိုခဲ့ပါတယ်။ Carla Babb ပေးပို့တဲ့သတင်းကို မမြသဇင်အောင်ပြောပြပေးပါမယ်။
IS အကြမ်းဖက်တွေနဲ့ ဖြစ်ပွါးခဲ့တဲ့ စစ်ပွဲတွေကနေအသက်ရှင်လွတ်မြောက်ခဲ့သူ အမျိုးသမီးတွေစုပြီး အီရတ်နိုင်ငံမြောက်ပိုင်းမှာ စားသောက်ဆိုင်တခုဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်မှာ အိမ်ချက်လက်ရာ အစားအသောက်တွေကို မှာယူစားသုံးနိုင်တဲ့အကြောင်း Kawa Omar သတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြထားပါတယ်။
COVID 19 ရောဂါကူးစက်မှုတွေဟာ အချိန်အတိုင်းအတာတခုအထိ ကြာနိုင်တာကြောင့် ကျန်းမာရေးအရလိုအပ်တဲ့ စည်းကမ်းတွေကို လိုက်နာပြီး ပြည်သူအချင်းချင်း ဖေးမကူညီစောင့်ရှောက်ဖို့ အရေးကြီးတဲ့အကြောင်း ပြည်ပရောက် မြန်မာကျန်းမာရေးပညာရှင်တွေက ပြောဆိုပါတယ်။ မမြသဇင်အောင် ဆက်သွယ်မေးမြန်းထားတဲ့ တတိယပိုင်းကို ရှု့စားနိုင်ပါတယ်။
COVID-19 ရောဂါ ကုသရေးမှာ စိုးရိမ်လွန်ကဲပြီး လူမှုကွန်ယက်ပေါ်မှာ ရေးနေကြတဲ့ ကုထုံးတွေကို လွယ်လွယ်ကူကူ ယုံလိုက်တာမျိုးတွေ ရှောင်ကျဉ်ဖို့ ပြည်ပရောက် မြန်မာကျန်းမာရေး ပညာရှင်တွေက သတိပေးပါတယ်။ နိုင်ငံတကာက မြန်မာဆေးပညာရှင်တွေနဲ့ မမြသဇင်အောင် ဆွေးနွေးတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က အထင်ကရ Liberty ရုပ်ထု ပြင်သစ်နိုင်ငံကနေ နယူးယောက်ကို ရောက်ရှိလာတာ နှစ် ၁၀၀ ကျော်လောက်ရှိလာတဲ့ အချိန်မှာ အခု ဒီ Liberty ရုပ်ထု ပုံတူ ကြေးရုပ်ငယ် တခု မြို့တော် ဝါရှင်တန်ကို ရောက်လာတဲ့ အကြောင်း Karina Bafradzhian ရဲ့ သတင်းလွှာကို မမြသဇင်အောင် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံဟာကိုဗစ် ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကို ဒေသတွင်းနိုင်ငံတွေထဲမှာအစောဆုံး စတင်အကောင်အထည်ဖေါ်နိုင်ခဲ့တဲ့ နိုင်ငံတခုဖြစ်ပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွေပျက်ပြားခဲ့တဲ့တယ်လို့ ပြည်ပရောက်မြန်မာ ဆေးပညာရှင်တွေက ပြောပါတယ်။ မမြသဇင်အောင် ဆွေးနွေးတင်ပြထားပါတယ်။
စစ်ကောင်စီက ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဇူလိုင်လ ၁၇ ရက်၊ စနေနေ့ကစလို့ ရုံးပိတ်ရက်ရှည် ၉ ရက် ဆက်တိုက်ပိတ်ထားပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ မလိုက်နာရင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ သုတေသနပညာရှင်တွေ အတော်များများ လေ့လာခဲ့ကြပါတယ်။ ဒီရောဂါပိုးဟာ လူ့ခန္ဒာကိုယ် ခုခံအားစနစ်ကို အားနည်းသွားအောင် ဘယ်လို တိုက်ခိုက်တယ်ဆိုတာ သုတေသနပြုပညာရှင်တွေက ဆက်ပြီး လေ့လာနေကြပါတယ်။ VOA သတင်းထောက် Carol Pearson သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
အင်ဒိုနီးရှားကို ကိုဗစ်ကာကွယ်ဆေး ၄,၀၀၀,၀၀၀ ပေးလှူမယ်လို့ ကတိပြုထားတဲ့ သမ္မတ Biden အစိုးရက နောက်သီတင်းပတ်မှာ ဂွါတီမာလာနဲ့ ဗီယက်နမ်နိုင်ငံတွေကို Moderna ကိုဗစ်ကာကွယ်ဆေးတွေ သန်းနဲ့ချီပြီး ပေးပို့သွားမယ်လို့ ပြောပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
ပုံမှန်အားဖြင့် နိုင်ငံခြားတက္ကသိုလ် ကောလိပ်တွေမှာ ကျောင်းဝင်ခွင့်ရဖို့ လျှောက်ထားတဲ့ ကျောင်းသားတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ SAT နဲ့ ACT စာမေးပွဲတွေ ဖြေရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဒီလိုဖြေဆိုရတဲ့စနစ် အပြောင်းအလဲတချို့ ဖြစ်လာတာနဲ့ပတ်သက်လို့ Anush Avetisyan ပေးပို့တဲ့ သတင်းကို မမြသဇင်အောင် တင်ပြထားပါတယ်။
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ကို ဒီနေ့ ဇွန် ၂၈ ရက်ကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်လိုက်ပါတယ်။ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခုလိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
COVID-19 ရိုက်ခတ်မှု အဆိုးဝါးဆုံးခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကြီးဟာ အခုတော့ လမ်းပေါ်မှာ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးလိုက်ပြီမို့ ပြန်ပြီး သက်ဝင်လှုပ်ရှားလာနေပါပြီ။ Nina Vishneva သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြထားပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ ကျရောက်မယ့် လွတ်လပ်ရေးနေ့ မတိုင်ခင် အမေရိကန်ပြည်ထောင်စုမှာ အရွယ်ရောက်သူ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်အဝ ဒါမှမဟုတ် တကြိမ်ထိုးပြီး ဖြစ်ရမယ်ဆိုတဲ့ သမ္မတ Joe Biden ရဲ့ ရည်မှန်းချက် မပြည့်မီနိုင်လောက်ဘူးလို့ အိမ်ဖြူတော်က အင်္ဂါနေ့က ပြောပါတယ်။ မမြသဇင်အောင် ပြောပြပါမယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၀ အိုလံပစ် အားကစားပွဲတွေ ကျင်းပဖို့ ပြန်ပြီးပြင်ဆင်နေတဲ့ တချိန်တည်း ကပ်ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ လူတွေကြား စိုးရိမ်မှုတွေ ရှိနေတာပါ။ ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကြည်ကျေးရွာနဲ့ ဒိုင်းနက်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကြည်ရွာကုန်းကျေးရွာတို့ကို စစ်တပ်က ဒီနေ့ ပိတ်ဆို့ ရှာဖွေခဲ့ပြီး ကြည်ရွာသား ၂ ယောက်ကို ဖမ်းဆီးသွားပါတယ်။ စစ်တပ်တွေ စီးနင်းရှာဖွေတာကြောင့် ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြပါတယ်။
ဒီဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားပြီး အစစ်လို့ တကယ်ထင်ရတဲ့ လူမျက်နှာပုံအတုတွေ ထောင်နဲ့ ချီပြီး အွန်လိုင်းမှာ ရောင်းချနေပါတယ်။ Deana Mitchell သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်အရ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ကလေးအလုပ်သမား အရေအတွက် ၈.၄ သန်းပိုတိုးလာပြီး ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ကလေးလုပ်သားတွေပိုများလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အပြည့်အစုံကို မမြသဇင်အောင်က ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်