၂၀၃၀ ပြည့်နှစ်မှာ သစ်တောပြုန်းတီးမှုအဆုံးသတ်ရေး COP26 ကုလသမဂ္ဂရာသီဥတုထိပ်သီးညီလာခံ မှာ ကမ္ဘာ့ခေါင်းဆောင်တွေ ကတိကဝတ်ပြုခဲ့ကြပါတယ်။ ကမ္ဘာကြီးကို ကယ်တင်ဖို့ အမြန်ဆုံး လုပ်ဆောင်ဖို့လိုအပ်နေပြီဆိုတာကိုလည်း သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူတွေကဆန္ဒပြ တိုက်တွန်းနေတာပါ။ AFP သတင်းတပုဒ်ကို မြသဇင်အောင်က တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်း Goodwin House သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ အလုပ်လုပ်ကိုင်နေသူတွေက နိုင်ငံပေါင်း ၆၈ နိုင်ငံကနေ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဖြစ်ပါတယ်။ မမြသဇင်အောင် ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ သူနာပြု Lee Harper-Chen က ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကုသမှုတွေ၊ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း အချက်အလက်တွေကို ဖေ့စ်ဘုတ်ပေါ်ကနေ အဖွဲ့တခုဖွဲ့ပြီး ဖြန့်ဝေပေးခဲ့တဲ့အတွက် အသိအမှတ်ပြု ဆုချီးမြှင့်ခံခဲ့ရပါတယ်။ Liliya Anisimova ပေးပို့တဲ့သတင်းကို မမြသဇင်အောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေကြောင့် အခြေခံပညာသင်ကျောင်းတွေ နှစ်နဲ့ချီပိတ်ထားရတဲ့ကာလမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ကြားရေးအခက်အခဲရှိလာနေပုံတွေကို စုစည်းတင်ပြထားပါတယ်။
အာဖဂန် ပြန်လည်ထူထောင်ရေး အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းချက်တွေက ဒေါ်လာ တြီလီယံနဲ့ ချီ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ပဲအဆုံးသတ်ခဲ့ရတယ်လို့ အမေရိကန် အစိုးရ ထိပ်တန်း စုံစမ်းစစ်ဆေးသူ တဦးက လွှတ်တော်အမတ်တွေကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ VOA လွှတ်တော်ရေးရာ သတင်းထောက် Katherine Gypson သတင်း ပေးပို့ထားပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့စွန်မှာ အောက်တိုဘာ ၆ ရက်နေ့ညက စစ်တပ်နဲ့ ဘယ်အဖွဲ့ကြား တိုက်ပွဲဖြစ်တာလဲဆိုတာ မသိကြပေမယ့် စစ်တပ်ရှိတဲ့နေရာဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ လွိုင်ကော်မြို့ ရပ်ကွက်တချို့အပေါ် ကျခဲ့တဲ့အတွက် အရပ်သားတဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ အဓိက ခရီးသွားလုပ်ငန်းဒေသတွေ ပြန်ဖွင့်နိုင်ဖို့ ကာကွယ်ဆေးထိုး အစီအစဉ် တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူက နိုင်ငံလူဦးရေရဲ့ ၂၅ % တောင်မရှိသေးပါဘူး။ မမြသဇင်အောင်က ပြောပြပါမယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ ကြား လေးရက် ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိသလို ကျေးရွာနေအိမ်အချို့လည်း မီးလောင်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွန်ဘုန်းခကျေးရွာနားမှာ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လှန်ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဖဂန်က တာလီဘန် ကြားဖြတ်အစိုးရကို တရုတ်နဲ့ ပါကစ္စတန်က ရေတိုအထောက်အပံ့တွေသာမက ရေရှည် ရင်းနှီးမြုပ်နှံမှုအတွက်ပါ မျှော်မှန်းပြီး အကူအညီတွေပေးဖို့ ခြေလှမ်းစလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ VOA သံတမန်ရေးရာ အကြီးတန်း သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူ တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံက ငွေကြေးဈေးကွက်မှာ ရောင်းဈေးနဲ့ ဝယ်ဈေးနှုန်းကြား အများဆုံးထားရှိရမယ့်ကွာဟချက် (Spread) သတ်မှတ်ထားတာကို ဗဟိုဘဏ်က ပယ်ဖျက်ပေးခဲ့ပြီးနောက် တရားဝင်ငွေလွှဲကောင်တာတွေမှာ ၁ ဒေါ်လာကို ၁၉ ၉ ၀ ကျပ်ထက် မနည်းနဲ့ ရောင်းနေပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အမေရိကန် နယူးယောက်မြို့ ကမ္ဘာ့ ကုန်သွယ်ရေး စင်တာ မျှော်စင်ညီနောင်တိုက်ခိုက်ခံခဲ့ရတဲ့ အချိန်တုန်းက အသက်ငယ်လွန်းသေးတဲ့ သူတွေ ဟာ ဒီတိုက်ခိုက်မှုဖြစ်စဉ်ကို မမှတ်မိ၊ မသိမှီကြပေမဲ့ ဒီဖြစ်ရပ်နောက်ဆက်တွဲ အကျိုးဆက်တွေကိုတော့ ခံစားကြရပါတယ်။ ကိုအောင်မြတ်သူကတင်ပြထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေ ခုခံတွန်းလှန်စစ် စတင်လိုက်ပြီလို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာခဲ့ပြီးနောက် ပြည်သူတွေရဲ့ မတူတဲ့ တုံ့ပြန်ချက်တွေအကြောင်း တင်ဆက်ထားပါတယ်။
မြန်မာတနိုင်ငံလုံးမှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားကဒ် ဒါမှမဟုတ် ကိုင်ဆောင်သင့်တဲ့ ကဒ်တမျိုးမျိုး ထုတ်ပေးမယ့် ပန်းခင်းစီမံချက်ကို စစ်ကောင်စီက ဆောင်ရွက်နေရာမှာ တနိုင်ငံလုံး နိုင်ငံသားစိစစ်ရေးကဒ် ၄ သန်း ထုတ်ပေးနိုင်မယ်လို့မေ ျှာ်လင့်ထား
ဂန္တဝင်တေးဂီတဆိုရင် လူအတော်များများက Mozart လို ဥရောပက ဂန္တဝင်ဂီတပညာရှင်တွေကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ ဂန္တဝင်တေးဂီတ လောက က ဒီထက်ပိုပြီးကျယ်ဝန်းတယ်ဆိုတဲ့အကြောင်း Warangkana Chomchuen နဲ့ Neetikarn Kamlangwan တို့က သတင်းပေးပို့ထားပါတယ်။ မြသဇင်အောင် ကတင်ပြပေးပါ့မယ်။
ကလေးမြို့အခြေစိုက် စစ်တပ်က စစ်သား အယောက် ၂၀ လက်နက်အပြည့်အစုံနဲ့ တပ်ထဲကနေ ထွက်ပြေးသွားတဲ့သတင်း ထွက်နေပြီး သက်ဆိုင်ရာစစ်တပ်က မြို့တွင်းမြို့ပြင်မှာ ရှာဖွေနေပုံမျိုး လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံ PDF တဦးကပြောပါတယ်။
သြဂုတ်လ ၁၅ ရက်မတိုင်မီ တာလီဘန်တွေ ကာဘူးမြို့ ကိုမသိမ်းပိုက်ခင်ကတည်းက အာဖဂန်မှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေက ဆိုးရွားနေတာပါ။ အခု တာလီဘန်တွေ လက်အောက် အခြေအနေတွေပိုဆိုးနေသလို ကူညီရေး အဖွဲ့တွေအနေနဲ့လည်း အခက်အခဲတွေတွေ့နေရတဲ့ အကြောင်း VOA ကုလသမဂ္ဂ သတင်းထောက် Margaret Besheer သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေထဲက လူနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီးလို့ ပြည်နယ် အုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့ကစတင်လို့ မွတ်ဆလင်ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာမှာ တချို့ ဒုက္ခသည်စခန်းတွေမှာတော့ ဆေးထိုးပြီးသွားပါပြီ။
အမေရိကန်မှာ ကျောင်းတက်မယ့် နိုင်ငံခြားသားကျောင်းသားတွေ ဒီနှစ်ဆောင်းဦးပေါက် ကျောင်းဖွင့်ချိန်အမှီ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးပြီးဖို့ အရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အကြောင်း Connor Smith သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် လျော့နည်းစ ပြုလာပုံရပေမယ့် ကျေးလက်နဲ့ မြို့စွန်ဒေသတွေမှာတော့ ရောဂါကူးစက်နှုန်း မကျသေးဘဲ ရောဂါထိန်းချုပ်ကာကွယ်ရေးကိုလည်း ကိုယ် ထူ ကိုယ်ထစနစ်နဲ့ ဆောင်ရွက်နေကြရဆဲဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်