ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီ ကျဆင်းမှုတွေအကြား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ တုံ့ဆိုင်းသွားတယ်လို့ ကမ္ဘာတဝှမ်း အကျင့်ပျက်လဘ်စားမှုတွေကို စစ်တမ်းကောက်ယူတဲ့ Transparency International အဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက်မှာ ဖေါ်ပြပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားတဲ့ အဝေးသင်တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် သိပ္ပံအထူးပြု ဘာသာရပ်တွေနဲ့ ဝိဇ္ဇာအထူးပြုဘာသာရပ်တွေကို ပြန်ဖွင့်နေပါပြီ။ ၂ နှစ်လောက် ပညာသင်ကြားမှု ကြန့်ကြာရပ်ဆိုင်းနေခဲ့တာကြောင့် ဘွဲ့ရဖို့မျှော်လင့်နေသူတွေကတော့ တက္ကသိုလ်ပြန်တက်ဖို့ ပြင်ဆင်နေကြပါတယ်။
လေယာဉ်ငှားရမ်းမှုကိစ္စ၊ သစ်လုပ်ငန်းပါမစ်လေ ျှာက်ထားမှုကိစ္စတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီထပ်ပြီးတရားစွဲထားတဲ့ အဂတိလိုက်စားမှု ၅ မှုကို နေပြည်တော်အထူးတရားရုံးမှာ ကြားနာဖို့ ဒီနေ့ စတင်ဆောင်ရွက်
အမေရိကန်ပြည်ထောင်စုမှာ အရွယ်ရောက်ပြီးသူတိုင်း တနှစ်မှာ တခါ ၂ ခါလောက်တော့ သာမန်တုပ်ကွေးဖြစ်ပြီး ဖျားတတ်ပါတယ်။ သာမန်တုပ်ကွေးဗိုင်းရပ်စ်က ဒီထက်ပိုပြီး အန္တရာယ်များတဲ့ ဗိုင်းရပ်စ်ပိုးရန်ကနေ ကာကွယ်နိုင်မယ်လို့ သုတေသနအသစ်တခုမှာ တွေ့ရှိထားပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် ပြောပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြား အမေရိကန်တွေ ဆောင်းရာသီမှာဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေးကို မေ့ထားသလိုဖြစ်နေပါတယ်။ အခုလို တုပ်ကွေးရာသီမှာ တချို့ကတော့ ကံဆိုးစွာပဲ ကိုဗစ်ရော တုပ်ကွေးပါ နှစ်မျိုးလုံးကူးစက်ခံရသူတွေလည်း ရှိနေတာပါ။ Angelina Bagdasaryan သတင်း ပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
ကိုဗစ်မျိုးကွဲ Omicron ကူးစက်မှုတွေကြား အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်တွေကိုပါ အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ပြုဖို့ ကျန်းမာရေးအရာရှိတွေက အတည်ပြုထားပါတယ်။ AFP သတင်းကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ ကူညီထောက်ပံ့ပေးနေတဲ့ လုပ်သားတွေ ထပ်ပြီးတိုက်ခိုက်မခံရအောင် ကုလနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ ၁၄ ဖွဲ့က တောင်းဆိုထားပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်နေတာ ဒီနေ့ ဇန်နဝါရီလ ၃ ရက်မှာ ၄ ရက် ဆက်တိုက်ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ဟာ ကမ္ဘာတဝန်း နိုင်ငံရေးအရ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ဥတုရာသီစတဲ့ ထူးခြားဖြစ်စဉ်တွေ ရှိခဲ့တဲ့နှစ်ပါ။ ဒါ့အပြင် မနှစ် ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့တဲ့ COVID-19 ကပ်ရောဂါရဲ့အရှိန်ဟာလည်း အခုထိ လျော့ကျမသွားသေးပါဘူး။ ၂၀၂၁ ခုနှစ်ရဲ့ထူးခြားဖြစ်စဉ်တွေကို ကိုဇော်ဝင်းလှိုင်နဲ့ မမြသဇင်အောင်တို့ ပြောပြပေးပါမယ်။
ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ဖြစ်လာတဲ့ အသွားအလာ ကန့်သတ်မှုတွေနဲ့ အကျပ်အတည်းတွေအကြောင်း သတင်းတွေ လွှမ်းမိုးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ စိတ်ဝင်စားစရာ၊ လူတွေ အမှတ်မထင် ပြုံးရီစရာဖြစ်ခဲ့ရတဲ့ သတင်းတချို့လည်း ရှိခဲ့ပါတယ်။ ကိုရဲမွန်နဲ့ မမြသဇင်အောင်တို့ စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံကို နှစ်ရက်တာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla ဟာ စစ်ကောင်စီအကြီးအကဲနဲ့ဒီကနေ့ ရန်ကုန်မှာတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တလျှောက်က လုံခြုံရေးကိစ္စအပါအဝင် ကုန်သွယ်ရေးဆိုင်ရာကိစ္စတချို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မနေ့က ရွာသား ၁၀ ယောက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာမှာ ဒီနေ့မှာတော့ အသက် ၆၁ နှစ်အရွယ် ဒေါ်ဝင်းရီရဲ့ ရုပ်အလောင်း ထပ်တွေ့လို့ သေဆုံးသူ စုစုပေါင်း ၁၁ လောင်း ရှိသွားပြီလို့ ဒုံးတောပရဟိတအဖွဲ့နဲ့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှု ၃ မှုကို မနက်ဖြန် အပြီးသတ် အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက လယ်ခြားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်နေတာမျိုးမရှိပေမယ့် နယ်မြေရှင်းလင်းရေးအနေနဲ့ ရွာတွေကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက ရွာ ဒေသခံတွေကတော့ ပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာမှု လျှော့ချရေး အစီအစဉ်တွေ ကမ္ဘာ့နိုင်ငံတွေ လုပ်ဆောင်နေကြသလို၊ ဒိန်းမတ်နိုင်ငံက သိပ္ပံပညာရှင်တွေကလည်း Greenland ရေခဲပြင်ဒေသရဲ့ အတိတ်သမိုင်းကို လေ့လာပြီး အနာဂတ် ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ အဖြေရှာနေကြပါတယ်။ Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို မမြသဇင်အောင် တင်ပြထားပါတယ်။
ဒီနှစ် ခရစ္စမတ်လက်ဆောင် အရုပ်ဈေးကွက်မှာ တီဗွီဇာတ်လမ်းနဲ့ ရုပ်ရှင်တွေထဲက ဇာတ်ကောင်အရုပ်တွေ ရောင်းအား ထိပ်ဆုံးမှာ ရှိနေမယ်လို့ UK ကလေးကစားစရာ ရောင်းချသူများ အသင်းက မျှော်လင့်ထားပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြထားပါတယ်။
တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အာဖရိကနိုင်ငံ အတော်များများ ကြွေးမြီပြဿနာ ကြုံရတာရှိပေမဲ့ ဒေသခံ ပြည်သူတွေကြားမှာတော့ တရုတ်ရဲ့ စီးပွားရင်းနှီးမှု ပုံစံကို ထောက်ခံသူတွေ ပိုများလာနေတယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။ Victoria Amunga ပေးပို့ထားတဲ့ သတင်းကို ကိုအောင်မြတ်သူက ပြောပြပေးပါမယ်။
နိုဝင်ဘာ ၂၁၊ ၂၀၂၁ - လူ့အခွင့်အရေး တရပ်ဖြစ်တဲ့ လိင်သတ်မှတ်ချက်ကွဲလွဲသူ LGBTQ တွေရဲ့ အခွင့်အရေးအတွက် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသနေတဲ့ Imperfectly Complete “နတ္ထိရောင် အိပ်မက်” ရုပ်ရှင်ကားတို အဖွဲ့သားတွေက ပြောပါတယ်။ မမြသဇင်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
လူ့အခွင့်အရေး တရပ်ဖြစ်တဲ့ လိင်သတ်မှတ်ချက်ကွဲလွဲသူ LGBTQ တွေရဲ့ အခွင့်အရေးအတွက် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသနေတဲ့ Imperfectly Complete “နတ္ထိရောင် အိပ်မက်” ရုပ်ရှင်ကားတို အဖွဲ့သားတွေက ပြောပါတယ်။ မမြသဇင်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
တာလီဘန်တွေ လက်အောက်သူတို့ အသက်အန္တရာယ် စိုးရိမ်နေကြတဲ့ အာဖဂန်နစ္စတန်နိုင်ငံက လိင်စိတ်ခံယူချက်ကွဲပြားသူ LGBTQ တွေက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သူတို့ကို ဘေးကင်းလုံခြုံတဲ့နေရာ မှာ ပြောင်းရွှေ့နေရာလက်ခံပေးဖို့ မျှော်လင့်နေကြတဲ့ အကြောင်း VOA သတင်းထောက် Breshna Tahrek ရဲ့ သတင်းလွှာကို ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်