"အခွန်အကောက်ဆိုတာ ဒါ ပြည်သူတိုင်းမှာ ထမ်းဆောင်ဖို့လိုတယ်။ မျှမျှတတလုပ်၊ ပွင့်လင်းမြင်သာအောင်လုပ်၊ မှန်မှန်ကန်ကန်လုပ်၊ အဲဒါ ဆွေးနွေးတယ်။ အခုကောက်တဲ့ ၅ ရာခိုင်နှုန်းဟာ များလွန်းတယ်ဆိုရင်တော့ ၁ ရာခိုင်နှုန်း (သို့မဟုတ်) ၂ ရာခိုင်နှုန်း အဲလောက်တော့ ယူသင့်ပါတယ်။"
ပြည်ထောင်စု လွှတ်တော်မှာ အစိုးရဝန်ကြီးဌာန (၄) ခုက ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကနေ အမေရိကန် သန်း (၄၀၀) နီးပါး ချေးယူဖို့ လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ ပြီး ချေးယူမယ့် ဝန်ကြီးဌာနတွေ ကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန နဲ့ဘဏ္ဍာရေးဝန်ကြီးဌာန တို့ဖြစ်ပါတယ်
လာမယ့် ဇွန်လ ၁ရက်နေ့မှာ စတင်ကောက်ယူမယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ တယ်လီဖုန်းပြောခ အပေါ် ကုန်သွယ်ခွန် ၅%ကောက်ခံမယ့်စနစ်ကို ခုလာမယ့် ၂၀၁၅-၂၀၁၆ ဘက်ဂျက် ကာလအတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ ပြည်ထောင်စု လွှတ်တော် မှာ ဒီကနေ့ လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပါတယ်။
"သဘောမတူသူ မရှိတဲ့ အတွက် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်-၁/၂၀၁၅ အရေးပေါ် အခြေအနေ ကြေညာခြင်း အပေါ် ထပ်မံပြီး ရက်ပေါင်း ကိုးဆယ် အထိ ဆက်လက် အတည်ဖြစ်ရေးကို ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။" ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း
၁၉၅၉ခုနှစ်က ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို အခြေခံထား မွန်းမံပြီး၊ ဥပဒေသစ် တရပ်နဲ့ အစားထိုးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေပါတယ်။
အပစ်ခတ်ရပ်စဲရေးကို ပထမအဆင့်အနေနဲ့အစိုးရလက်ခံထားတဲ့ ၁၆ ဖွဲ့နဲ့သာ စတင်လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) က အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက ဗီအိုအေကို ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သီးခြားစီ တွေ့ဆုံတဲ့ အချိန်မှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေ ဘက်က အားလုံး ပါဝင်ပြီး အမြန်ဆုံးလက်မှတ်ထိုးပေးရန် တိုင်းရင်းသားတွေကို တိုက်တွန်းသွားပါတယ်။
"အဓိကကတော့ ကျနော်တို့ တိုင်းရင်းသားအကုန်လုံးကတော့ ဒီ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်လို့ရှိရင် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ခြင်းမရှိသေးတဲ့ အဖွဲ့တွေလည်း ပါဝင်ရမယ်ဆိုတဲ့ အချက်ပါတယ်"
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တိုင်းရင်းသားအဖွဲ့တိုင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား ညီလာခံ-တတိယနေ့မှာတင်ပြခဲ့ကြတယ်ပါတယ်။
"အခု ၃၅၀၀၊ ၄၀၀၀ နှုန်းဆိုတာက မဆိုးဘူး။ ဒီအနေအထားပေးမယ်ဆိုရင် သူက minimum wage ဖြစ်သွားမယ်။ လုပ်ငန်းကျွမ်းကျင်တဲ့ skill workers တွေက သူ့ဟာသူ တက်သွားမယ်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေကလည်း မစိုးရိမ်၊ မကြောင့်ကြပါနဲ့။ ကိုယ်လိုချင်တဲ့ အပြည့်အ၀ မရခဲ့ရင်တောင်မှ သင့်တင့်တဲ့ အနေအထားရမယ်ဆိုရင် လက်ခံသင့်တယ်"
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်က ကားတစင်းကို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်အချို့ ဖမ်းဆီးခံရာမှာ အဲဒီမှာပါလာတဲ့ အမေရိကန်နဲ့ သြစတေးလျနှစ်ဦး ကိုပါ အာဏာပိုင်တွေက မေးမြန်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးကို ဒီကနေ့မှာတော့ ပြန်လွှတ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
တည်ငြိမ်မှုမရှိသေးတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူတွေအနက် လောလောဆယ် ဒုက္ခသည် ၆ သောင်းကျော် လောက်ကိုင်ကို ပြန်လည်ရောက်ရှိနေပြီလို့ ဒုက္ခသည်ကူညီရေးအဖွဲ့က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ တရားခံပြေး အများဆုံးရှိနေတာကို ဖြေရှင်းနိုင်ရေး တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး အခုလို ဖြစ်နေရတာဟာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို အစိုးရက ပူးပေါင်းဖို့အားနည်းနေတာကြောင့်လို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။
တနိုင်ငံလုံးအပစ်ခတ်ရပ်ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ရဲ့ဆွေးနွေးမှုကနေ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) စာချုပ်မူကြမ်းကို ဒီကနေ့ အပြီးသတ် သဘောတူညီချက်ရခဲ့ပါပြီ။
"ပြုပြင်ပြောင်းလဲမှုတွေ မြန်ဆန်လွန်းရင် မပြေလည်မှုတွေ မငြိမ်သက်မှုတွေ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တဲ့ အတွက် ပြုပြင်ပြောင်းလဲမှုများကို သင့်တင့်သည့် နှုန်းထားဖြင့် ဟန်ချက်ညီမှုနှင့် ညီညွတ်မျှတမှုရှိအောင် ဆောင်ရွက်သွားခြင်းက ထိရောက်မှန်ကန်တဲ့ တိုးတက်ပြောင်းလဲမှုများကို ရရှိစေနိုင်တယ်" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
"သူတို့ရဲ့ဦးတည်ချက်ကတော့ ဒါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆိုတာ ဆိုလိုတယ်ဆိုပြီးတော့မှ ဒုဗိုလ်ချုပ်ကြီးရဲအောင်က ဒါကို ရှင်းပြတယ်လေ။ ဒါချည်းပဲ လုပ်လုပ် နိုင်ငံရေးအရ မပြေလည်ရင်တော့ ဒါ ဘယ်လိုမှ ပြေလည်မှ မဟုတ်ဘူး"
"မိမိတို့နိုင်ငံတွင်းမှာ ရေရှည်ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို အင်အားသုံးဖြေရှင်းရင် တိုင်းရင်းသား အချင်းချင်းကြား ယုံကြည်မှု ပျက်ပြားပြီး အမုန်းတရားတွေ ပိုပြီး ကြီးမား ခိုင်မြဲသွားရင် ဖြေ ရှင်းရန် မလွယ်တဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်"
ဒီလိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြတဲ့ကလေးတွေကို ဒီလိုအကြမ်းဖက်တာကတော့- ဒီလိုကိုင်တွယ်မှုကတော့ လူမှုရေးသမားတယောက်အနေနဲ့ ပြောပြော၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက်အနေနဲ့ ပြောပြော လူသားတယောက်အနေနဲ့ပဲပြောပြော လူသားစိတ်ပျောက်ပြီး အကြမ်းဖက်မှုလို့ ကျနော်တို့က မြင်တယ်။" ဦးကျော်သူ
UWSA ဝ တပ်ဖွဲ့က ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့နေတယ်ဆိုတာဟာ မသမာသူတချို့က လုပ်နေတာဖြစ်နိုင်ပေမယ့် ဝတပ်ဖွဲ့ရဲ့မူအနေနဲ့ကတော့ မလုပ်ဘူးလို့ UWSA ပြောခွင့်ရ ဦးအောင်မြင့်က ပြောကြားလိုက်ပါတယ်။
"ကျနော်တို့မှာက ခံစားမှုတခုက ဒါဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဘယ်လို ဆက်သွားကြမလဲ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို အစိုးရက မလိုချင်လို့လား။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တပ်မတော်က မလိုချင်လို့လား။ ဒီကိစ္စလေးတွေ စဉ်းစားလာတယ်။"
နောက်ထပ်ကြည့်ရှုရန်