စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ အုပ်ချုပ်ရေးမှူး ဦးပယ်ဆောက်ချိန်ရဲ့ နေအိမ်ကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့ပါတယ်။
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လောက်ကိုင်မြို့ အနောက်ဖက်ပိုင်းကို သောကြာနေ့မနက်ပိုင်းမှာ တပ်မတော်ဖက်က ပြန်လည်ထိုးစစ်ဆင်လာတဲ့ အတွက် လောက်ကိုင်ဒေသခံတွေဟာ တရုတ်နိုင်ငံနဲ့ လားရှိုးဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။