တပ်မတော်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြဋ္ဌာန်းချက်အတိုင်းသာဆောင်ရွက်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မှားယွင်းနေမှုတွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက် ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို အခုအချိန်အထိ တိကျစွာ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
အပစ်ရပ်စာချုပ်ကို အောက်တိုဘာ ပထမပတ်မှာ လက်မှတ်ထိုးဖို့ရှိပြီး နောက်ပိုင်းမှာ တိုင်းရင်းသားအဖွဲ့အားလုံး ပါလာအောင် ကြိုးစားသွားမယ်လို့ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။
အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးပြီးပါက တိုက်ပွဲကာလအတွင်းမှာ မတရား အသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ ဖမ်းခံရသူ တွေအပြင် တိုက်ပွဲတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက ပြောပါတယ်။
သတင်းမီဒီယာကောင်စီဝင်တွေ ရွေးချယ်မှုနည်းဥပဒေမှာ ဖော်ပြထားတဲ့အချက်တွေနဲ့ ရွေးချယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ Pen Myanmar အဖွဲ့က မနေ့က ကန့်ကွက်လိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေး ပါတီတွေအနေနဲ့ စုဝေးဟောပြောမဲဆွယ်တာမှာ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် အမှတ်(၁/၂၀၁၄)သို့မဟုတ် နိုင်ငံရေးပါတီ များနဲ့ ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ ထပ်မံ သတိပေးထားပါတယ်။
"ဆုံးဖြတ်တာ ခရိုင်ပဲ.. နော်။ အယူခံလွှာ တင်တဲ့အခါကျတော့ တိုင်းနဲ့ပြည်နယ်ကို တင်ရတယ်။ တိုင်းနဲ့ပြည်နယ် အဆုံးအဖြတ်က ဖိုင်နယ်လေ။ ထို့အတူပဲ နော် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကျတော့ တိုင်းနဲ့ပြည်နယ်မှာ တင်ရတယ်။ အယူခံတာကျတော့ တို့ ကော်မရှင်ကို အယူခံတယ်။"
တလင်တမယား ဥပဒေကြမ်းအရ တရားဝင် အိမ်ထောင် ရှိရက်နဲ့ နောက်အိမ်ထောင် တရားဝင်ပြုပါက ဥပဒေအရ အရေးယူနိုင်သလို တရားဝင်လက်ထပ်ခြင်း မရှိဘဲ လင်မယား အဖြစ်နေထိုင်ပါကလည်း ဥပဒေကြောင်းအရ အရေးယူတော့မှာဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လွှတ်တော်မှာ အတည်ပြုချက် ယူကာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ပြည်ထောင်စု လွှတ်တော် မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကပြောဆိုလိုက်ပါတယ်။
"ပြည်သူ့လွှတ်တော် အစည်းအဝေး ၈၉ ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပြီး လွှတ်တော်ကို ရပ်နားလိုက်ပါတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ကိုယ်စားလှယ်လောင်း အချို့ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ချခံရ မှုတွေရှိနေပြီး ဗဟိုကော်မတီဝင်တွေရဲ့ပြောဆိုချက်အရ ကိုယ်စားလှယ် ၄ ဦးပယ်ခံရတယ်ဆိုပေမယ့် လက်ရှိမှာ ၃ ဦးနာမည်စာရင်းသာ ရပါသေးတယ်။
“ဒါ ကျနော်တို့က လာမယ့် လွှတ်တော်မှာ (သို့မဟုတ်) အခု မကုန်ဆုံးသေးတဲ့ လွှတ်တော်မှာ ဒီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို ကြေညာရမယ်ဆိုတဲ့ ဥပဒေတခုကို ထုတ်ပြန်ဖို့ လိုတယ်။ အဲဒီဥပဒေ ထုတ်ပြန်လို့ရှိရင် ဘယ်သူမှ ငြင်းပယ်လို့ မရတော့ဘူး။" - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်
"Right to Recall" လို့ခေါ်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားဖို့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
"ဘယ်တိုင်းပြည်မဆို ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စစ်တပ်ကျောထောက်နောက်ခံ မရှိတဲ့နိုင်ငံ၊ စစ်တပ်ကျောထောက်နောက်ခံ မရှိတဲ့ပါတီကတော့ ကျဆုံးမှာပဲ။ ဗြောင်ပြောတာပါ။ တပ်မတော်နဲ့ ဦးရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေနဲ့က တဖြေးဖြေး ကင်းကွာလာတယ်။ အဲဒါ တချက်ပါတယ်။"
"တင်သွင်းတဲ့ ပုဂ္ဂိုလ်အားလုံးက ပြည်ခိုင်ဖြိုးပါတီကချည်းပဲ ဖြစ်နေတာကလည်း ထူးခြားပါတယ်။ အဲတော့ လွှတ်တော်နှစ်ရပ်ကို နားဖို့ ကြိုးစားတယ်။ အမျိုးသားလွှတ်တော်ဘက်မှာ နားဖို့အတွက် မဲ လုံလောက်သွားတယ်။"
"အဆိုပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွင်း လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များကို လွှတ်တော်အတွင်း ယူဆောင်လာခြင်း မပြုစေလိုပါကြောင်း ပြောကြားလိုပါတယ်။ ဤကိစ္စကြောင့် ထပ်မံပြီး ပြဿနာ ဖြစ်လာအောင်၊ ပြဿနာကို ပိုကြီးထွားအောင် မဖြစ်စေလိုပါ။"
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်နေရာကနေ သူရဦးရွှေမန်းကို ဖယ်ရှားခဲ့တာဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ ပါတီကို အင်အားတောင့်တင်းစေဖို့သာ ဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပြီး ပါတီရဲ့ ဖွဲ့စည်းပုံအရ မူလကတည်းက ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ သမ္မတဦးသိန်းစိန် ဥက္ကဋ္ဌနေရာဆက်လက် တာဝန်ယူလိုက်ပါပြီ။
"ည ၉ နာရီခွဲ ၁၀ နာရီလောက်မှာ သူတို့ရဲကားတွေ ဒီကြံ့ခိုင်ရေးရုံးကို စပြီးတော့ ပတ်နေတာကို ညီမတို့ စတွေ့ရတယ်။ တွေ့ပြီးသွားတဲ့အချိန် ည ၁ နာရီနဲ့ ၁၅ မိနစ်လောက်မှာ အလုပ်သမား ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ပထမဆုံး သူ့ကားနဲ့သူ ထွက်လာတာကို တွေ့လိုက်တယ်။ သူ ထွက်သွားပြီးတော့ သိပ်မကြာဘူး။"
"ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတ ဦးဉာဏ်ထွန်းတို့ ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တရားဝင် ကြေညာလိုက်ပါတယ်။"
နောက်ထပ်ကြည့်ရှုရန်