ရွေးကောက်ပွဲနေ့မတိုင်ခင်ကတည်းက ဖြစ်နေခဲ့တဲ့ အဆင်မပြေမှုနဲ့ အခက်အခဲတွေက ဒီကနေ့အထိလည်း အလုံးစုံ ပြေလည်သွားတဲ့ပုံမရှိတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောပြချက်တွေက သက်သေပြနေပါတယ်။
"အဖိုးကြီးတွေ အဖွားကြီးတွေက လက်တုန် တယ်လေ။ သူတို့ထုတာ အဆင်မပြေဖြစ်တယ်။ နောက်တစ်ရွက်ပြန်လဲချင်တယ်။ အထူးသဖြင့် အကူနဲ့သွားတဲ့လူတွေဆိုလို့ရှိရင်- အဲလိုမျိုးဖြစ်တယ်။" (ဒေါ်ညိုညိုသင်း-တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
အစိုးရနဲ့ တပ်မတော် အနေနဲ့ လာမယ့်ရွေးကောက်ပွဲ ရလဒ်အပေါ် လေးစား လိုက်နာသွားမှာဖြစ်သလို ရလဒ်အပေါ် လေးစားလိုက်နာမှုနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုမရှိဖို့လည်း သမ္မတကပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမယ့်သူ အရေအတွက် ဟာ ရန်ကုန်တိုင်းအတွင်းမှာ ၈သိန်း ကျော် တိုးလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။
“ကျန်တဲ့အချက်အလက်တွေနဲ့ ပက်သက်လို့ ဒီအောက်တိုဘာ ၂၂၊ ၂၃ မှာ နိုင်ငံတကာ အကြံပေးကော်မတီတွေနဲ့ အစည်းအဝေးတွေလုပ်ပြီးတော့ ဆောင်ရွက်နေပါတယ်။” သန်းခေါင်စာရင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်
“မဲပေးပိုင်ခွင့်ရှိသူ စာရင်းကတော့ ကျနော်တို့ ၂ ရက်နေ့ကနေစပြီးတော့ သက်ဆိုင်ရာ ၊ ရပ်ကွက်ကော်မရှင် အဖွဲ့ရုံးတွေမှာ မဲရုံတိုင်းမှာ ကပ်ပေးမယ်။”
ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးခဲ့ကြရာမှာ မဲပေးလိုသူ အားလုံး မဲပေးခွင့် မရခဲ့တာဟာ ကော်မရှင်ရဲ့ အားနည်းချက်ကြောင့်ဖြစ်ပါတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဝန်ခံလိုက်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း နိုင်ငံရေးပါတီ အချင်းချင်း တိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုင်တန်းမှု စတဲ့ ဥပဒေအရ အရေးယူမှုပေါင်း ၇၀ ကျော် ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။
“အားနည်းချက်တွေကတော့ ကော်မရှင်ဖက်ကကော၊ နိုင်ငံခြားရေးဝန်ကြီးဖက် ကကော၊ မဲဆန္ဒရှင်တွေဖက်ကကော အတွေ့အကြုံတွေမရှိတဲ့အခါကတော့ ဒီအပေါ်မှာ ချို့ယွင်း အားနည်းချက်တွေ ရှိကောင်းရှိပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်မရှင် အနေနဲ့တော့ အစွမ်းကုန်ကြိုးစားပေးနေတယ်လို့ ကျနော်ပြောချင်တယ်။"
နိုင်ငံခြားသုံးငွေတွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် ရုပ်သိမ်းလိုက်ခြင်းအပေါ် မြန်မာ့ဗဟိုဘဏ်က အကောင်းဆုံးဆောင်ရွက်မှုဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ပညာရှင်တွေက သုံးသပ်ပေမယ့် စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ထိုးပြီး ပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းရေးဟာ နောက်ပြန်လှည့်စရာ မရှိဘဲ ရှေ့ဆက်သွားဖို့ဘဲရှိတယ်လို့ သမ္မတ က ပြောဆို လိုက်ပါတယ်။
“စာချုပ်ထဲမှာပါတဲ့ လက်မှတ်ထိုးမယ့် အကြောင်းအရာကတွေက အင်မတန်လေးနက်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အဲဒါကို နှစ်ဖက်စလုံးက ယုံယုံကြည်ကြည်နဲ့ လုပ်ကြမယ်ဆိုရင်တော့ ဒါဟာ institution မှာ အလားအလာကောင်းဖြစ်မယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကြာခင်မှာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေတဲ့အပေါ် ဒေသခံနိုင်ငံရေးအသိုင်းအဝိုင်းက မလိုလားတဲ့သဘောထားတွေ ပြောဆိုနေကြပါတယ်။
“ကြိုတင်မဲပေးတဲ့လူတွေရဲ့ ၁(၁) ပုံစံ၊ ၁(၂) ပုံစံ၊ ၁(၃) ပုံစံ တွေကို မဲရုံတွေမှာ ကပ်ထားပါတယ်။ မဲရုံမှူးတွေက အဲဒါတွေကို ကြိုတင်မဲပေးပြီးသားဆိုတဲ့ အကြောင်းတွေကို မဲစာရင်းတွေမှာ မှတ်ထားပါတယ်။”
"နောင်လာမယ့် ၅ နှစ်မှာ ဘယ်သူ ဘယ်ပါတီ အစိုးရဖွဲ့နိုင်မယ် ဘယ်သူ သမ္မတဖြစ်မလဲ ဆိုတာကို မသိနိုင်တဲ့ အခြေအနေမျိုးမှာ နောက် ၅ နှစ်သက်တမ်းမှာ ဖော်ဆောင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို အသိပေးပြောကြားတယ် ဆိုတော့."
ရှမ်းပြည်နယ်အတွင်းမှာ လုံခြုံရေးအရ မငြိမ်းချမ်းတဲ့ အတွက် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးမှု ခက်ခဲမှုတွေကြုံနေရတယ် လို့ နိုင်ငံရေး ပါတီတွေဘက်က ပြောဆိုပါတယ်။
ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်ကာလ မဲပေးကာလနဲ့ ရွေးကောက်ပွဲလွန် ကာလဆိုပြီး ကာလ ၄ ခုခွဲ လုံခြုံရေး ယူသွားဖို့ရှိပါတယ်။
"ကျနော်တို့ Main Law ပေါ့နော် အဲဒါ မထွက်ခင်မှာ နည်းဥပဒေတခုချင်းမှာကို ပြင်ဆင်စရာတွေ ရှိပါတယ်"
လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် အချို့သောပြည်နယ်တွေက နယ်မြေဒေသအချို့မှာ အချိန်မီ မဲရုံဖွင့်လှစ်နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
“ပြည်သူ့လွှတ်တော်က ၁၇၄၅ ယောက်ပါခင်ဗျာ။ အမျိုးသားကတော့ ၈၈၆ ဦး ရှိပါမယ်။ တိုင်းဒေသကြီးက ၃၄၄၉ ဦး ရှိပါမယ်။ အားလုံးက ၆၀၇၄ ဦးရှိပါမယ်။ အားလုံးပယ်တာကတော့ ၇၀ ကျော်ပဲ ရှိပါမယ်။” ရွေးကောက်ပွဲ ကော်မရှင်
နောက်ထပ်ကြည့်ရှုရန်