မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် နေရာအနှံ့ အစီအစဉ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့တွေ အကြိမ်ကြိမ် ပျက်ကွက်နေတဲ့အပေါ် အထူး စိုးရိမ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ပူးတွဲဥက္ကဋ္ဌ Charles Santiago က ပြောဆိုလိုက်ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ကန့်သတ်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ရယူ၊ ဖြန့်ဝေခဲ့မှု Massachusetts ပြည်နယ်မှာ ကြာသပတေးနေ့က ဖမ်းဆီးခံရတဲ့ အမေရိကန် လေတပ် အရန်တပ်ဖွဲ့ဝင် Jack Teixeira ကို ဘော်စတွန် (Boston) တရားရုံးမှာ ဒီနေ့ ရုံးထုတ်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဘရာဇီးလ်သမ္မတရောက်နေစဉ် ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီနေ့အစောပိုင်းက ဘေဂျင်းမြို့တော်မှာ သမ္မတ Lula Da Silva ကို သမ္မတ Xi Jinping က အခမ်းအနားနဲ့ ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ အိုင်ယာလန်ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ အနောက်ဘက်ကမ်းရိုးတမ်းဒေသ Mayo အရပ်ကို သွားရောက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ဘင်္ဂလီရိုးရာနှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ စီတန်းလှည့်လည်ပွဲနဲ့ တခြားအခမ်းအနားတွေကို သောကြာနေ့က ကျင်းပဆင်နွှဲခဲ့ကြပါတယ်။
စာမျက်နှာရာနဲ့ချီတဲ့ စစ်ထောက်လှမ်းရေး စာရွက်စာတမ်းတွေ ပေါက်ကြားမှုနဲ့ မက်ဆာချူးဆက် အမျိုးသား အစောင့်တပ်ဖွဲ့ လေတပ်က အသက် ၂၁ နှစ်အရွယ် Jack Teixeira ဆိုသူ အမျိုးသားတဦးကို ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် မယ်ရစ်ဂါလန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ပဇီကြီးကျေးရွာတဝိုက် စစ်တပ်တွေ ဖြန့်ချထားတဲ့အတွက် ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ပဇီကြီးရဲ့ အရှေ့ဖက်မှာရှိတဲ့ စမ္ပာယ်နဂိုရ်ကျေးရွာကနေ လက်နက်ကြီးတွေနဲ့ အရင်ကလည်း ပစ်ခတ်ဖူးတာကြောင့်လည်း စိုးရိမ်နေကြတာပါ။
ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေရှိနေချိန်မှာပဲ တောင်ကိုရီးယားလေတပ်က ဝေဟင်မှာလေယာဉ်စီဖြည့်တဲ့လေ့ကျင့်ရေးတရပ် ဧပြီ ၁၂ရက်နေ့က ပြုလုပ်ခဲ့ကြောင်း အရာရှိတွေကဆိုပါတယ်။ လေတပ်က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှာ KC-330 လေယာဉ်ဆီတင်လေယာဉ်ပျံဟာ တနာရီ ၅၃၀ ကီလိုမီတာနဲ့ ပျံသန်းနေချိန် တိုက်လေယာဉ်တွေကိုဆီဖြည့်ပေးနေတာပါ။
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံနေရာအနှံ့ ကျယ်ကျယ်ပျံ့ပျံ့ တွေ့လာနေရချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြေညာချက်တွေ ထုတ်နေတာလောက်နဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်ဖို့လိုနေပြီလို့ လူ့အခွင့်အရေးအဖွဲ့ HRW က ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးကျေးရွာကို မနေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ ကလေးငယ် ၃၀ ကျော် ပါဝင်ပြီး သေဆုံးသူ ၁၀၀ ကျော်မှာ အလောင်းစုစုပေါင်း ၈၀ ကျော်လောက်ကိုပဲ လောလောဆယ် သဂြိုဟ်နိုင်သေးတဲ့ အကြောင်း ကူညီ ကယ်ဆယ်ပေးသူတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ အရပ်သားတွေ အမြောက်အများ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ တိုင်းရင်းသားအဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီတချို့က ရှုတ်ချကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းမှာ ဒီရက်ပိုင်းမှာ ရှမ်းတပ် နှစ်တပ်ဖြစ်တဲ့ SSPP နဲ့ RCSS အကြားမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။
ယူကရိန်းစစ်သားတယောက်ကို ရုရှားစစ်သားက ခေါင်းဖြတ်ကွပ်မျက်တဲ့ ဗွီဒီယိုတခု အွန်လိုင်းမှာ ပျံနှံ့နေပြီး ရုရှားစစ်တပ်ဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေလို အစွန်းရောက် ရက်စက်တဲ့ လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး (Volodymyr Zelenskyy) က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
မနေ့က ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်အတွင်းက ပဇီကြီး ကျေးရွာအနီးမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဒီနေ့လည်း ဝဲပျံနေခဲ့တယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား လုံခြုံရေးအရ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာတာက တရုတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိပါး နှောက်ယှက်တာ၊ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုတွေမှာ ဝင်ရောက် စွက်ဖက်တာမျိုး မဖြစ်သင့်ဘူးလို့ တရုတ်က သတိပေးပြောကြားလိုက်ပါတယ်။
စက်သုံးဆီဈေးတွေ အခုရက်ပိုင်းထဲ တက်လာသလို၊ လိုသလောက် ဆီဖြည့်လို့မရတာမျိုးလည်း ကြုံတွေ့နေရပါတယ်။ မြို့ကြီးတွေမှာရှိတဲ့ ဆီဆိုင်တချို့မှာလည်း လိုချင်တဲ့စက်သုံးဆီ အမျိုးအစား ပြတ်လပ်နေလို့ ဝယ်မရတာမျိုးလည်း ရှိတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ပြောပါတယ်။
မြောက်ပိုင်း အိုင်ယာလန်ဒေသ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၂၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကနေ့ပဲ မြောက်အိုင်ယာလန်နယ်ကို ရောက်ရှိသွားပါတယ်။
ဒေသတွင်း တရုတ်အစိုးရရဲ့ အငြင်းပွားဖွယ် နယ်မြေချဲ့ထွင်မှုတွေအခိုင်အမာပြုလုပ်လာနေတာကို တန်ပြန်ဖို့ ကာလရှည်ကြာ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့အမေရိကန်တို့ရဲ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ အင်္ဂါနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် လူးဝစ်ဗေးမြို့လယ် ဘဏ်တခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအတာသင်္ကြန်ကာလ ဆင်နွှဲနေကြချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ နှစ်သစ်ဆုမွန်နဲ့အတူ မြန်မာလူထုနဲ့ တသားထဲရပ်တည်နေပါကြောင်း အမေရိကန်အစိုးရကိုယ်စား ပြောကြားလိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဆုတောင်းလွှာ ပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်