အမေရိကန်ကနေ သူရဲ့ မဟာမိတ်တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်လုံခြုံရေးအရာရှိတွေကို ထောက်လှမ်းစုံစမ်းခဲ့တယ်ဆိုတဲ့ သတင်းတပုဒ် ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားအစိုးရဟာ ၂ နိုင်ငံ သံတမန်ရေးနဲ့ နိုင်ငံရေးမှာ ထိခိုက်ပြိုလဲ မသွားအောင် တနင်္လာနေ့က အပြင်းအထန် ကြိုးပမ်းနေရပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နဲ့ လွတ်မြောက်ရေးအတွက် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့ အီစတာတနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံရှိ ရိုမန်ကက်သလစ် ဘာသာဝင်တို့ရဲ့ အကြီးအကဲ ရဟန်းအမတ် ချားလ်စ်ဘိုက မေတ္တာရပ်ခံလိုက်တယ်လို့ အာရှကက်သလစ်ဘာသာဝင်တွေရဲ့ UCANews မှာ ဖော်ပြထားပါတယ်။
တရုတ်ရဲ့ကင်းတပ်ဖွဲ့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာဟာ ထိုင်ဝမ်ကို အလေးအနက်သတိပေးနေတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တင်္နလာနေ့ ဧပြီလ ၁၀ ရက်နေ့က ပြောကြားသွားပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို (Nuremberg) နူရင်ဘတ်ခုံရုံးမှာ တရားစစ်ဆေးစီရင်ခဲ့မှုတွေမှာ ပါဝင်ခဲ့တဲ့ တရားလိုရှေ့နေတွေထဲက နောက်ဆုံးကျန်ရစ်တဲ့ Ben Ferencz ဟာ သောကြာနေ့ကပဲ အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဂျေရုဆလင်မြို့ဟောင်းမှာ ဂျူးလူမျိုးတို့အတွက် ဘာသာရေးအရ အထွဋ်အမြတ်ဖြစ်တဲ့ Temple Mount နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ Al-Aqsa ဗလီရှိတဲ့နေရာမှာ ဒီနေ့တနင်္ဂနွေနေ့မှာ လုံခြုံရေးကို တင်းကြပ်ထားပါတယ်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက တလိုင်းရွာအပေါ် စစ်တပ်က ဧပြီလ ၈ ရက်နေ့က လေကြောင်းနဲ့ တိုက်ခိုက် စီးနင်းမှုအတွင်း နေအိမ်တချို့ နဲ့ ကျေးလက်ကျန်းမာရေးဆေးခန်းတခု မီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ရဲ့ စီးနင်းပစ်ခတ်မှုအတွင်း ဒေသခံ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းနေတဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ ရွာသားတွေ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ဟာ သခင်ယေရှုရှင် ပြန်ထမြောက်တဲ့ Easter တနင်္ဂနွေနေ့ဖြစ်တာနဲ့အတူ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေဟာ ဝတ်ပြုဆုတောင်းပွဲတွေ၊ ဘာသာရေးအခမ်းအနားတွေကို ကျင်းပနေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ၂ ရက်ခရီးစဉ်နဲ့ ရောက်နေတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park Jin ဟာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ ဂူဗိမ္မာန်ကို ဒီနေ့ သွားရောက် ဂါရဝပြု လွမ်းသူပန်းခွေချခဲ့ပါတယ်။
အသံထက်မြန်တဲ့ Tomahawk မစ်ဇိုင်း ပဲ့ထိန်းဒုံး ၁၅၄ ခုအထိ သယ်ဆောင်နိုင်တဲ့ အမေရိကန်ရေတပ် ရေငုပ်သင်္ဘောတစင်းကို အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ထားမှာဖြစ်တယ်လို့ ရေတပ်ပြောခွင့်ရက ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် လွှတ်တော်တွင်း ဆန္ဒပြရာမှာ ပါခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် ၂ ဦးကို ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲ ထုတ်ပယ်လိုက်တာကို ဒုသမ္မတ Kamala Harris က ပြစ်တင်ဝေဖန်ပါတယ်။
ထိုင်ဝမ်ကျွန်းနားမှာ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဒီနေ့ စတင်လိုက်တယ်လို့ တရုတ်နိုင်ငံက ကြေညာပါတယ်။ ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ California မှာတွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို လုပ်နေတာပါ။
အမေရိကန်စစ်ဌာနချုပ် Pentagon က လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေ လူမှုကွန်ရက်တချို့ပေါ်မှာ ထွက်ပေါ်ခဲ့ပုံရခဲ့ပြီးနောက် သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့သလားဆိုတာ အမေရိကန်တရားရေးဌာနက စုံစမ်းနေပါတယ်။
စစ်ကိုင်းမြို့အစွန် အုတ်ဖိုရွာနဲ့ တလိုင်းရွာကို စစ်တပ်က ဒီကနေ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက် ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်း လျှပ်စစ်မီးပျက်တာ ပိုဆိုးလာနေပြီး စက်သုံးဆီရဖို့လည်း ပိုခက်ခဲလာတာကြောင့် လျှပ်စစ်မီးအပေါ်အားထားနေရတဲ့ စီးပွားရေး လုပ်ငန်းတွေ သိသိသာသာ ထိခိုက်လာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပြကြပါတယ်။
မြောက်ကိုရီးယားအစိုးရအနေနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အလုပ်သမားတွေ စေလွှတ်တာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လက်မခံဘဲ တားမြစ်ကြဖို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က တိုက်တွန်းလိုက်ပါတယ်။
အီလက်ထရောနစ်ပစ္စည်းတွေမှာ မပါမဖြစ်တဲ့ Computer chip တွေထုတ်လုပ်မှုကို သိသိသာသာလျှော့ချတော့မယ်လို့ ဆမ်ဆောင်း (Samsung) ကုမ္ပဏီက ဒီနေ့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမ ၃ လပါတ် ဝင်ငွေဟာ ခန့်မှန်းထားတာထက် သိသိသာသသာကျဆင်းခဲ့ပြီးနောက်မှာ ခုလို ကြေညာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံထွက် ကောက်နှံတွေ ပင်လယ်နက်ကိုဖြတ်ပြီး နိုင်ငံတကာကို ဆက်လက်တင်ပို့ချင်ရင် ရုရှားထွက်ကုန်တွေ တင်ပို့နိုင်ဖို့ အတားအဆီးဖြစ်နေတာတွေ ဖယ်ရှားပေးရမယ်လို့ ရုရှားနိုင်ငံက ပြောကြားခဲ့ပါတယ်။
အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်ပါတီဝင် လူမည်းအောက်လွှတ်တော်အမတ် ၂ ယောက်ကို Republican အများစုလွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲထုတ်ပယ်လိုက်ပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်၊ ရွှေကုက္ကိုဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို ထောင်နဲ့ချီရှိတဲ့ မြန်မာစစ်ဘေးရှောင်တွေ ထွက်ပြေးလာကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်