အသက် ၂၀ အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အာဂျင်တီးနား နိုင်ငံမှာ ကျင်းပမယ့်အကြောင်း FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က မနေ့က ကြေညာပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံက နှစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က တိုက်တွန်း လိုက်ပါတယ်။
ခုလို စီးပွားရေး အားကောင်းလာခဲ့တာဟာ COVID-19 ရောဂါ ထိန်းချုပ်ရာမှာ တင်းတင်းကျပ်ကျပ် ချမှတ် ကိုင်တွယ်ခဲ့တဲ့ “Zero-COVID” ကိုဗစ် လုံးဝကင်းစင်ရေးမူကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှုအားနဲ့ လက်လီ ရောင်းအားတွေ တက်လာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖေါ်ရေးမှာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos က ရဲတံခွန် သဘာဝဓါတ်ငွေ့ စီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်း အားလုံး ရပ်ဆိုင်းဖို့ လိုအပ်တာတွေ အပြီးသတ်ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကူညီဖြေရှင်းနိုင်ရေးနဲ့ စစ်ကောင်စီ အားနည်းသွားအောင် ဖိအားတိုးပေးရေး ဂျပန်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ လာမယ့် ဧပြီလ ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဂျပန်နိုင်ငံကို သွားရောက်မယ့်အကြောင်း ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက ‘ဝ’ ဒေသမှာ သံဖြူထုတ်လုပ်မှုတွေ ဆိုင်းငံ့မယ့် သတင်းကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်နေပါတယ်။ တနင်္လာနေ့က လန်ဒန်ဈေးကွက်မှာ သံဖြူဈေးဟာ ဖေဖော်ဝါရီလနှောင်းပိုင်းကစလို့ အမြင့်ဆုံးအဖြစ် ၉.၂ ရာခိုင်နှုန်းကျော် တက်ခဲ့ပြီး တတန်ကို ဒေါ်လာ ၂၇,၀၀၀ ကျော်အထိ ဈေးပေါက်ခဲ့ပါတယ်။
ဆူဒန်စစ်တပ်နဲ့ အင်အားကြီးတဲ့ပြည်သူ့စစ်တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးမှုဟာ အနည်းဆုံး ၉၇ ဦး နဲ့ ဒဏ်ရာရရှိသူက ၃၆၅ ဦး ရှိတဲ့အကြောင်း ဆေးဖက်ဆိုင်ရာ အဖွဲ့တခုက ဒီကနေ့အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တခြားသတင်းတွေမှာတော့ လူ ၆ ရာလောက်အထိ ဒဏ်ရာရရှိကြတယ်လို့ ဆိုပါတယ်။
အရပ်သားများ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အကာအကွယ်ပေးနိုင်ရေး လေကြောင်းရန် သတိပေးစနစ်ထားရှိရေး အကူအညီပေးဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာကို NUG အမျိုးသားညီညွတ်ရေးအစိုးရ က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် G-7 စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာ့အရေးအပါအဝင် နိုင်ငံတကာ ပြဿနာတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံရဲ့ ဒူဘိုင်းမြို့က တိုက်ခန်းတခုမှာ မီးလောင်တာကြောင့် ၁၆ ယောက် ထက်မနည်း သေဆုံးပြီးတော့ ၉ ယောက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် ဒီလထဲမှာ ကျင်းပမယ့် G-7 စက်မှုထိပ်သီး ၇ နိုင်ငံ ဆွေးနွေးပွဲအတွက် လုံခြုံရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ကတိပြုလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ အင်အားကြီးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ၊ အဲဒီတိုက်ပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ၅၆ ယောက်ရှိသွားခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၅၉၅ ယောက်ထက်မနည်း ရှိတယ်လို့ ဆရာဝန်များအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ကြသူတွေအတွက် အောက်မေ့ဘွယ် ဝမ်းနည်းခြင်း ညသပိတ်ကို ဒီကနေ့ ဧပြီ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေကို ရန်သူလိုသဘောထားပြီး အရပ်ဘက်၊ စစ်ဘက် မခွဲဘဲ အကြောင်းအမျိုးမျိုးနဲ့ စစ်ရေးပစ်မှတ်လို့ တိုက်ခိုက်နေတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ကချင်လက်နက်ကိုင် KIO အဖွဲ့က ပြောကြားလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Funio Kishida မဲဆွယ် မိန့်ခွန်းပြောမယ့်နေရာကို အမျိုးသားတဦးက ပေါက်ကွဲစေတဲ့ အရာတခုဝတ္ထုနဲ့ လှမ်းပစ် တိုက်ခိုက်ခဲ့တာကြောင့် ဝန်ကြီချုပ် Kishida ကို နေရာက ကယ်ထုတ်ခဲ့ရပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့ ဗဟို မဏ္ဍပ်ကို အဝေးထိန်း ဒရုန်းယာဉ်နဲ့ ဗုံးပစ်ချဖောက်ခွဲခဲ့လို့ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံ Hanoi မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဗီယက်နမ် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီနေ့ စနေနေ့မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
လူမှုဘဝအထွေထွေကို ထောက်ပြပြီး ခေတ်အခြေအနေကို ထင်ဟပ်ဖော်ပြလေ့ရှိတဲ့ မြန်မာ့ရိုးရာသင်္ကြန်သံချပ်တွေဟာ ဒီနှစ်မှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုပဲ အဓိက ဦးတည်သရော်ထားတယ်လို့ လူငယ်သံချပ်အဖွဲ့တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ အငြင်းပွားစရာ ပင်စင်ပြုပြင်ပြောင်းလဲရေးဥပဒေကို သမ္မတ Emmanuel Macron က လက်မှတ်ရေးထိုး ပြဌာန်းလိုက်တဲ့အတွက် အလုပ်သမားသမဂ္ဂတွေက အကြီးအကျယ် ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်သွားမယ်လို့ ပြောကြားနေကြပါတယ်။
ကမ္ဘာကျာ် Time မဂ္ဂဇင်းကြီးရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာပေါ်က သြဇာလွှမ်းမိုးမှုအရှိဆုံးနဲ့ အကျော်ကြားဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ထည့်သွင်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်