Khartoum မြို့တော်မှာရှိနေတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်န်ိုင်ငံက သံတမန်တွေနဲ့ နိုင်ငံသားတွေ ဒီနေ့ကစတင် အဆင်ပြေပြေ ထွက်သွားနိုင်ကြဖို့ ကူညီပေးမှာဖြစ်တယ်လို့ ဆူဒန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုအခြေအနေတွေ တိုးလာနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးအဖြေရှာနိုင်ဖို့ ရည်ရွယ်တဲ့ အစိုးရရော အစိုးရမဟုတ်တဲ့ တတ်သိညာရှင်တွေပါ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို ရှေ့သီတင်းပတ်ထဲ အိန္ဒိယန်ိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဓိကအသုံးပြုနေတဲ့ သန္ဓေသားဖျက်ချတဲ့ Mifepristone ဆေးကို ဆက်လက်အသုံးပြုနိုင်တယ်လို့ နိုင်ငံရဲ့ အမြင့်ဆုံး ပြည်ထောင်စုတရားရုံးချုပ်က သောကြာနေ့က ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ မြေကမ္ဘာန့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အစိုးရတွေနဲ့ မူဝါဒချမှတ်သူတွေ ပိုပြီးကြိုးစားကြဖို့ ပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက တိုက်တွန်းနေကြပါတယ်။
ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramundwinai ဟာ ဒီနေ့ နေ့လည်ပိုင်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်နဲ့ တွေ့ဆုံပြီး နယ်စပ်ရေးရာ ကိစ္စတွေကို အဓိက ဆွေနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပြပါတယ်။
ဗြိတိန်ဒုဝန်ကြီးချုပ်လည်းဖြစ် တရားရေးဝန်ကြီးလည်းဖြစ်တဲ့ Dominic Raab ဒီနေ့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်မန်ဒန် ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid al-Fitr ခေါ် အိဒ်ပွဲတော်တွေ ကမ္ဘာ့နိုင်ငံ နေရာတချို့က မွတ်ဆလင်တွေ မနေ့က ကြာသာပတေးနေ့ ညနေကတည်းက စတင်ကျင်းပကြပါတယ်။
ယူကရိန်းကို ရုရုားက ကျူးကျော် တိုက်ခိုက်နေတာ တနှစ်ကျော်လာတဲ့ အခုချိန်အထိ ယူကရိန်းအပေါ် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ လျော့ကျမသွားဘဲ အခိုင်အမာ ဆက်ရှိနေဆဲပဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ထိပ်သီး ညီလာခံကြီးကို ကြာသတေးနေ့က စတင်ပြီး ၂ ရက်ကြာကျင်းပနေပါတယ်။
ဆူဒန်မှာ လက်နက်ကိုင်အုပ်စု ၂ ခုကြား အပစ်အခတ်ရပ်ဆဲဖို့ နောက်ဆုံး ကြိုးပမ်းမှု မအောင်မမြင် ဖြစ်နေတာနဲ့အတူ ခါတွန် (Khartoum) မြို့တော်မှာ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံးကို အထောက်အထားတွေတင်ပြ လျှောက်လဲ ချက်ပေးရမယ့်ရက်ကို တရားရုံးက ၁ လပဲ အချိန်တိုးပေးလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Astro အက်စ်ထရို အဖွဲ့ထဲက မွန်ဘင်း #moonbin အသက် ၂၅ နှစ်နဲ့ ကွယ်လွန်သွားပါတယ်။ မွန်ဘင်းက ဧပြီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့ကပဲ ဆုံးသွားပြီလို့ သူ့အဖွဲ့ကို ကိုယ်စားပြုတဲ့ Fantagio က ကြေညာသွားတာပါ။
အပူလှိုင်းဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်မီးအသုံးပြုမှု အရမ်းမြင့်တက်နေတာကြောင့် မလုံမလောက်ဖြစ်ပြီး လူပေါင်း သန်းနဲ့ချီ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။
သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး နေကြတ်တာကို လူတွေ ထောင်နဲ့ချီ စုဝေးပြီးတော့ ကြည့်ရှုခဲ့ကြပါတယ်။
မြန်မာအပါအဝင် ကမ္ဘာတဝန်း ကလေးငယ် အနည်းဆုံး ၆၇ သန်းဟာ ကိုဗစ်ကပ်ဘေးကြုံခဲ့ရတဲ့၂၀၁၉ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်ကြား ကာလအတွင်း ကာကွယ်ဆေး ထိုးဖို့ လုံးလုံးလျားလျားဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ပျက်ကွက်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ UNICEF အဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဆူဒန်နိုင်ငံမှာ ၂၄ နာရီကြာ အပစ်ခတ်ရပ်စဲရေး ကို လျစ်လျူရှုပြီး ၂ ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ခါတွန်မြို့တော်က လမ်းတွေပေါ်မှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။
မြောက်ကိုရီးယားမှာ ပထမဆုံးတည်ဆောက် ပြီးစီးသွားတဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုလ်တုကို လွှတ်တင်ဖို့ စီစဉ်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းမှာ ဒီကနေ့ပဲ ဖော်ပြလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ မနေ့ အင်္ဂါနေ့တုန်းက ဆေးရုံတရုံ မီးလောင်ခဲ့ပြီး သေဆုံးသူ ၂၉ ကျော် နဲ့ စိုးရိမ်ရသူ ၃ ဦး အပါအဝင် ဒဏ်ရာရသူက ၃၉ အထိရှိကြောင်း အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။
ကမ္ဘာကျော် ကေပေါ့အဖွဲ့ BTS အဖွဲ့ဝင် J-Hope ဧပြီလ ၁၈ ရက်နေ့ အင်္ဂါနေ့မှာပဲ စစ်မှုထမ်းဖို့ သွားပါပြီ။ သူက BTS အဖွဲ့ဝင်တွေထဲမှာ စစ်မှုထမ်းရတဲ့ ဒုတိယမြောက်တယောက် ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်