ပါကစ္စတန် နိုင်ငံအနှံ့ ဆူပူဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ဖမ်းဆီးမှုဟာ တရားမဝင်တာကြောင့် ပြန်လွှတ်ပေးဖို့ အမြင့်ဆုံး တရားရေး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ တရားရုံးချုပ်က ဒီကနေ့မှာပဲ အမိန့်ချလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်မှု မရှိတဲ့အကြောင်း အင်ဒီုနီးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းခေါင်းဆောင်တွေက ပြောဆိုပြီး တနိုင်ငံနဲ့ တနိုင်ငံ ကြားဝင်မစွက်ဖက်ရေးမှုကို ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့ဘူးလို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အင်ဒိုနီးရှားသမ္မတက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ဥရောပပါလီမန်မှာ ဒီကနေ့ မဲခွဲအတည်ပြုလိုက်ပါတယ်။ ဥရောပပါလီမန်မှာ ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေ ၃၉ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းတပ်တွေဟာ Bakhmut မြို့အနီးရှေ့တန်းတနေရာမှာ BM-21 Grad ဒုံးကျည်ပစ်စက်တွေနဲ့ တရစပ်ပစ်ခတ်နေတဲ့ ဗွီဒီယိုဖိုင်တခုကို ယူကရိန်းစစ်တပ်က မေလ ၉ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရိုက်တာသတင်းဌာနအနေနဲ့ ဒီဖြစ်ရပ်ရဲ့ နေရာနဲ့အချိန်ကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံး ရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ဘေးကင်းလုံခြုံစွာ ပေးပို့နိုင်ရေး အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံ ပထမနေ့မှာ အဖွဲ့ဝင် ၉ နိုင်ငံ ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ဖမ်းဆီးပြီးတဲ့နောက် နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ ဇာတိမြို့ Lahore အပါအဝင် တခြားမြို့တွေမှာ ကားတွေနဲ့ မီးရှို့ခံရလို့ လမ်းတွေပိတ်ပြီး အဆောင်အအုံတွေ မီးလောင်ခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေရဲ့ အင်ဒိုနီးရှားနိုင်ငံက ထိပ်သီးအစည်းအဝေးအတွင်း ဒေသတွင်းက ဆင်းရဲတဲ့ နိုင်ငံတချို့မှာ လူမှောင်ခိုသမားတွေ အွန်လိုင်းကနေ လိမ်လည်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကတိပြုခဲ့ကြပါတယ်။
အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် တကယ့်စစ်ပွဲကြီးတခု ဆင်နွှဲနေပြီး၊ အဆုံးအဖြတ်ပေးရမယ့် အချိုးအကွေ့တခုကို ရောက်နေပြီလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီကို အောင်မြင်ခြင်းအထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားအဖြစ် ဒီကနေ့ မော်စကိုမြို့တော် ရင်ပြင်နီက အခမ်းအနားမှာ ပြောလိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနေတဲ့ Mocha ဆိုင်ကလုံး မုန်တိုင်း မြန်မာနိုင်ငံ ကမ်းရိုးတန်ဘက်ကို ဦးတည်နိုင်တဲ့ အကြောင်း အိန္ဒိယ မိုးလေဝသဌာနက ဒီနေ့ ထပ်မံ သတိပေးပါတယ်။
အာဆီယံလူသားချင်းစာနာကူညီမှုညှိုနှိုင်းဆောင်ရွက်ရေးဌာန AHA Center ရဲ့ ယာဉ်တန်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ပစ်ခတ်ခံခဲ့ရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဟာ အဂတိလိုက်စားမှု စွဲချက်တွေကို ရင်ဆိုင်ဖို့ အစ္စလာမ္မာဘတ်မြို့တော်က တရားရုံးကိုအလာ ဒီကနေ့မှာပဲ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က မီးလောင်တိုက်သွင်းတဲ့ Thermobaric ဗုံးခေါ် အင်အားပြင်းတဲ့ Vacuum Bomb တွေ အသုံးပြုခဲ့တယ်ဆိုပြီး အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂျာမနီနိုင်ငံအနောက်ခြမ်း A45 အဝေးပြေးလမ်းက တံတား ၁ စင်းကို မေလ ၇ ရက်နေ့ က ဖောက်ခွဲလိုက်ပါတယ်။ တံတားက အိုဟောင်းနေလို့ သက်ဆိုင်ရာက တွက်ချက်စီစဥ်ပြီး ဖောက်ခွဲပစ်လိုက်တာ ဖြစ်ပါတယ်။ တံတားဖောက်ခွဲတဲ့ ဖြစ်စဥ်ကို လာပြီးစောင့်ကြည့်တဲ့သူတွေလည်း ရှိပါတယ်။
ဆူဒန်နိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်တဲ့ လမ်းကြောင်းဖွင့်နိုင်ရေး ပဋိပက္ခဖြစ် တိုက်ခိုက်နေတဲ့ နှစ်ဘက် စလုံးက ကိုယ်စားလှယ်တွေ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ဆွေးနွေးနေကြပါတယ်။
ရခိုင်မြောက်ပိုင်း ပေါက်တောမြို့နယ်က ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အိမ်ထောင်စု ရာနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်းက မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတဲ့ အိမ်ထောင်စု ၅၀၀ ကျော် ရှိခဲ့တာပါ။
အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala (ကဲရလာ) ပြည်နယ် Malappuram (မလာပူရမ်) ခရိုင် Tanur (တနူးရ်) မြို့မှာ ခရီးသည်တင်သင်္ဘောတစင်း တိမ်းမှောက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး ခရီးသည် ၂၂ ဦး သေဆုံးခဲ့ပါတယ်။
စင်္ကာပူနိုင်ငံမှာ အရက်သီးစုံအဖျောရည် ကော့တေးပွဲတော် ကျင်းပနေပြီး ကမ္ဘာတလွှားက ကော့တေး အရသာမျိုးစုံ မြည်းစမ်းနိုင်ပါတယ်။ မေလ ၅ ရက်နေ့က စတင်ကျင်းပြီး မေလ ၂၁ ရက်နေ့ထိ ကျင်းပနေမှာပါ။ အာရှတလွှားက နာမည်ကျော် ကော့တေးအဖျော်သမားတွေအပြင် တခြားနိုင်ငံတွေက ကော့တေးအဖျော် နာမည်ကျော်တွေပါ လာရောက်ပါဝင်ကြပါတယ်။
မြန်မာနိုင်ငံမှာ လူကုန်ကူးခံလိုက်ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကို ကယ်တင်နိုင်လိုက်တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဒီကနေ့ ကြိုတင်မဲတွေ စပေးနေကြပါပြီ။ တနင်္ဂနွေနေ့ တရက်တည်းသာ ကြိုတင်မဲပေးခွင့် ရတာကြောင့် မနက်စောစောမှာပဲ ဘန်ကောက်မြို့တော်မှာ မဲပေးမယ့်သူတွေ တန်းစီစောင့်နေခဲ့ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်