ဆူဒန်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ရန်ဖက်အဖွဲ့အစည်း ၂ ခုက ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းဖို့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောက်နေကြပါပြီ။ J
အမေရိကန် Texas ပြည်နယ်၊ Dallas မြို့က ကုန်တိုက်တခုမှာ သေနတ်သမားတယောက် လက်ချက်နဲ့ လူ ၈ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
ဒီသီတင်းပတ်ထဲ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးက လွှမ်းမိုးမယ့် အလားအလာရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကျင်းပခဲ့တဲ့ MMA One Championship ကိုယ်ခံပညာသိုင်းပေါင်းစုံ မစ်ဒယ်လ်ဝိတ်တန်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အောင်လအန်ဆန်က အနိုင်ရသွားပါတယ်။
သတင်းလွတ်လပ်ခွင့်အခြေအနေ ဆိုးရွားနေတဲ့ ဟောင်ကောင်ကျွန်းမှာ ဒီသတင်းပတ် ဆန်းစစ်ချက်အချက်အဆင့် နည်းနည်းတက်လာတာ တွေ့ရတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ရုရှားက ပစ်လွှတ်လိုက်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို ယူကရိန်းလေတပ်က ကိဗ်မြို့တော်ပေါ်မှာ အမေရိကန် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်သုံးပြီး ပြန်ပစ်ချလိုက်နိုင်တယ်လို့ ယူကရိန်းက ဒီကနေ့ပဲ ထုတ်ပြန်သွားပါတယ်။
ဆူဒန်စစ်တပ် နဲ့ RSF ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ သံတမန်တွေဟာ နှစ်ဘက်ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ကို ဒီနေ့မှာ ရောက်ရှိနေကြတယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဗြိတိန်ဘုရင် Charles III တတိယမြောက်ချားလ်စ်ဘုရင် နန်းတက်ပွဲအခမ်းအနားကို လန်ဒန်မြို့က Westminster Abbey ဘုရားကျောင်းမှာ ဒီနေ့ကျင်းပနေပါတယ်။ ဒါဟာ နှစ်ပေါင်း ၇၀ အတွင်း ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် နန်းတက်ပွဲအခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံ Khartoum မြို့တော်မှာ ဒီနေ့မှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြီး၊ လူထောင်ပေါင်းများစွာဟာလည်း တ်ိုက်ပွဲတွေကြားကနေ ထွက်ပြေးနေကြပါတယ်။
အိမ်ဖြူတော်သတင်းထောက်များအသင်းရဲ့ နှစ်စဉ်ကျင်းပတဲ့ ညစာစားပွဲအခမ်းနားကို ဝါရှင်တန်ဒီစီမှာ မနေ့ စနေနေ့ညက ကျင်းပခဲ့ပြီး၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း တက်ရောက်ခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ နိုင်ငံတကာက သံတမန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံ ပြဿနာနဲ့ ပတ်သက်ပြီး အဓိကအရေးပါတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့အတွက် လာမယ့် တနင်္လာနေ့ကျလျှင် ကာတာနိုင်ငံ ဒိုဟာမြို့က လျှို့ဝှက်နေရာတခုမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ သူ့ရဲ့ အမေရိကန် ချစ်ကြည်ရေးခရီးစဉ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်ခဲ့ပါတယ်။ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စမှာ တရုတ်နဲ့ တင်းမာမှုတွေ တိုးလာနေချိန် အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး ဖိလစ်ပိုင်ဘက်က ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၁ ယောက် သေဆုံးသွားတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် Ludhiana မြို့က Giaspura စက်မှုဇုန်မှာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု Colorado ပြည်နယ် Denver မြို့မှာ ကျင်းပနေတဲ့ အမေရိကတိုက် မြို့များညီလာခံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုင်ငံခြားရေးဌာနနဲ့ မြို့တွေကြား ချိတ်ဆက်ဆောက်ရွက်မှုရဲ့ ရလဒ်တွေကို အခုလို ပြောကြားသွားခဲ့ပါတယ်။
အမေရိကန် ထောက်လှမ်းရေးဌာနတွေရဲ့ နိုင်ငံထဲမှာ စောင့်ကြည့်ထောက်လှမ်းခံရသူ အရေအတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာ နည်းသွားတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ ထောက်လှမ်းရေးဌာနတွေရဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်စစ်တပ် လေကြောင်းဆိုင်ရာဌာနအားလုံးမှာ လိုအပ်တဲ့ သင်တန်းတွေ မတက်ပြီးမချင်း လေယာဉ်ပျံသန်းမှု အားလုံးကို ရပ်ထားဖို့ ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
စားနပ်ရိက္ခာ အကျပ်အတည်းအပြင် သောက်သုံးရေ မသန့်ရှင်းတာ၊ ပူပြင်းတဲ့ ရာသီဥတု ဒဏ်တွေကြောင့် ဒုက္ခသည်တွေ အများအပြား အရေပြား ယားယံတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ လတ်တလော ဖြစ်နေကြတယ်လို ဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီပေးနေသူတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံ မြို့တော် Kyiv အပါအဝင် ယူကရိန်း နိုင်ငံတဝန်းက မြို့ကြီးတွေကို ရုရှား က ဒီကနေ့ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ တိုက်ခိုက်မှုတွေအတွင်း Dnipro မြို့မှာ သုံးနှစ်သားအရွယ် ကလေးငယ်နဲ့ မိခင် အပါအဝင် ၁၅ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။
တရုတ်၊ ရုရှားတို့ပါဝင်တဲ့ Shanghai ပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဒီနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီ (New Delhi) မြို့တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်သလိုမျိုး မြန်မာစစ်တပ်ကို အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဂျပန်အစိုးကို တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်