မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် စစ်တွေမြို့နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာ ရွာတွေ၊ ဒုက္ခသည်စခန်းတွေ အထူးထိခိုက်ပျက်ဆီးခဲ့ရပါတယ်။ သေဆုံးသူအရေအတွက် အတည်ပြုရရှိထားသလောက် ၄၀ ကျော်ရှိပြီး ရာချီပျောက်ဆုံးနေတယ်လို့ ရပ်ရွာခေါင်းဆောင်တွေက ပြောပါတယ်။
ရခိုင်ကမ်းရိုးတန်းကို ဦးတည်ဝင်ရောက်ခဲ့တဲ့ အင်အားပြင်းဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရဲ့ဒေသတွေတော်တော်များများ ထိခိုက်ဆုံးရှုံးမှုများခဲ့ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က အရေးပေါ်အစားအစာနဲ့ အထောက်အပံ့တွေ ပေးပို့နေတယ်လို့ WFP မြန်မာညွှန်ကြားရေးမှူး Stephen Anderson က ဆိုပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ယာယီအိမ်ခန်း ထောင်နဲ့ချီ ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံမှာ သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ အသက် ၇၈ နှစ်အရွယ် အမေရိကန် နိုင်ငံသားတစ်ဦးကို တနင်္လာနေ့က ထောင်ဒဏ်တသက် စီရင်ချက် ချမှတ်လိုက်ပါတယ်။
အားပြင်းမိုခါမုန်တိုင်း တနင်္ဂနွေနေ့က ကုန်းတွင်းပိုင်းဝင်ရောက်သွားပြီးတဲ့နောက် မုန်တိုင်းသင့် ရခိုင်မြောက်ပိုင်းဒေသမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။
အင်အားအလွန်ပြင်းထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ ဗဟိုချက်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်လာပါတယ်။
အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဟာ မေလ ၁၄ရက် ဒီကနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်ကို စတင်ဝင်ရောက်နေချိန်အတွင်း ကျောက်တော်မြို့မှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နေခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသတွေကို တနင်္ဂနွေနေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha) ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နှစ်နိုင်ငံစလုံးက လူထောင်နဲ့ချီကို ဘေးလွတ်ရာနေရာတွေမှာ ရွေ့ပြောင်းခိုလှုံကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ်ကနေ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်လာတဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်အကူအညီ လိုအပ်လာရင် ပေးအပ်နိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။
ဒီနေ့ တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီး မဲတွေ စတင်ရေတွက်နေပါပြီ။ မဲရုံတွေကို ဒေသစံတော်ချိန် ညနေ ၅ နာရီ မှာ ပိတ်ခဲ့ပြီး ကြီးကြီးမားမားပြဿနာ တစုံတရာမရှိဘဲ ပြီးဆုံးခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဒီနေ့မှာ ရွှေတံဆိပ် ၂ ခု နဲ့ ငွေတံဆိပ် ၂ ခု ထပ်ရခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးဟာ အီတလီနိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံဖို့အတွက် ရောမမြို့ကို ဒီနေ့မှာရောက်ရှိလာခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာတော့ အထွေထွေရွေးကောက်ပွဲကို မနက်ဖြန် တနင်္ဂနွေ မေလ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်တဲ့အနေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဟာ မဲပုံးတွေနဲ့ မဲပြားတွေကို စစ်ဆေးနေကြပါတယ်။
မြန်မာနိုင်ငံထဲကို စစ်တွေမြို့အနီးကနေ မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်လို့ ရခိုင်ပြည်နယ်တွင်းမှာ ဒေသခံတွေ မုန်တိုင်းဘေး ကြိုတင်ရှောင်ရှားတာတွေ လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူမျိုးစု ၂ ခုကြား ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေကြောင့် လူ ၇၁ ဦးမက သေဆုံးခဲ့ရပြီလို့ ပြည်နယ်လုံခြုံရေးအကြံပေးက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်ပြီး ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဦးတည်လာနေတဲ့ မိုခါဆိုင်ကလုံး မုန်တိုင်းဟာ အထူးအားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲလာနေတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာတာကြောင့် “အနီရောင်အဆင့် မုန်တိုင်း” အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ဒီကနေ့ကြေညာပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဝူးရှုးပြိုင်ပွဲတွေ ရွှေတံဆိပ် တခုအပါအဝင် ဆုတံဆိပ် ၃ ခု ထပ်ရခဲ့ပါတယ်။
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ဟာ ဒီနေ့ မေလ ၁၂ ရက်နေ့မှာ လွတ်ရက်စေ့လို့ မန္တလေးအိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်