စက်မှုအင်အားကြီး ၇ နိုင်ငံ (G7) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာ တပတ်ကြာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ သဘောတူခဲ့ပြီးတဲ့နောက်၊ ခါတွန်မြို့တော်မှာ လူသားချင်စားနာမှု အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
El Salvador နိုင်ငံမှာ စနေနေ့က ကျင်းပခဲ့တဲ့ ဘောလုံးပွဲအတွင်း ကွင်းထဲမှာ လူတွေ ဝရုန်းသုန်းကားဖြစ်ပြီး လူအုပ်ပိတာကြောင့် ၁၂ ယောက်ထက်မနည်းသေဆုံးတယ်လို့ အယ်လ်ဆာဗေးဒို အစိုးရက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံကို နောက်ထပ် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီနေ့မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ဒီမိုကရေစီနိုင်ငံတွေရဲ့ G7 ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ဒီကနေ့ စနေနေ့မှာ ရောက်လာပြီး G7 ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
မိုခါမုန်တိုင်း ဒုက္ခသည်တွေအတွက် အာဆီယံကပေးတဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေ မနက်ဖြန် တနင်္ဂနွေနေ့ကျရင် မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ Bernama သတင်းဌာနက ရေးပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေပေါင်းပြီး ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ အမောင်းသင်တန်းတွေ ပေးဖို့ သဘောတူလိုက်ပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက်ပျက်စီးမှုတွေ တော်တော်လေးများနေတဲ့ထဲမှာ ကမာ္ဘ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ရုံးတွေ ဂိုဒေါင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ WFP တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေး ကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်က ECOSOC စီးပွားရေးနဲ့ လူမှုရေးကောင်စီ ခန်းမမှာ ဒီကနေ့ ကျင်းပပါတယ်။
ငယ်ကတည်းက ခက်ခဲဆင်းရဲမှုကြားကနေ ခိုင်မာတဲ့ဇွဲနဲ့ ကြိုးစားခဲ့တဲ့ မြန်မာပြည်က တိုင်းရင်းသူလေးတယောက် ကမ္ဘာ့အသိအမှတ်ပြု မွေထိုင်းလောကမှာ အမည်တွင်အောင် လုပ်နိုင်ခဲ့ပါပြီ။ တွေ့ဆုံမေးမြန်းခန်းအပြည့်အစုံကို မေလ ၂၀ ရက် စနေည တပတ်အတွင်းသတင်း ရုပ်သံအစီအစဉ်မှာ ရှုစားနိုင်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပနေတဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ် Arab League ထိပ်သီးစည်းဝေးပွဲဖွင့်ပွဲမှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy ဒီနေ့ (မေ ၁၉) တက်ရောက် မိန့်ခွန်းပြောကြားပါတယ်။
အကျဉ်းချခံထားရတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူလည်းဖြစ်၊ Apple Daily သတင်းစာတိုက်ကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ Jimmy Lai (ဂျင်မီလိုင်) က သူ့အမှုအတွက် ဗြိတိန်ရှေ့နေ ငှားရမ်းခွင့်ပြုဖို့ အယူခံလွှာကို ဟောင်ကောင်တရားရုံး တခုက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံက မိုခါမုန်တိုင်းဒဏ် အဆိုးဆုံးခံထားရတဲ့ နေရာတွေဆီကို WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အကူအညီတွေ စတင်ပေးဝေနေပြီလို့ ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတွေမှာ အကူအညီတွေ စတင်ပို့ပေးနေပြီလို့ အာရှနဲ့ ပစိတ်ဖိတ်ဆိုင်ရာ WFP ရဲ့ Twitter မှာလည်း ရေးသားထားပါတယ်။
ကမ္ဘာပေါ်က စီးပွားရေးအင်အားကြီး ဒီမိုကရေစီနိုင်ငံတွေ ပါဝင်တဲ့ G7 ထိပ်သီးဆွေးနွေးပွဲကို ယူကရိန်းသမ္မတ Volodymyr Zelenskyy လူကိုယ်တိုင် တက်ရောက်မှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ ၂၀၂၁ခုနှစ်တုန်းက ရဲကစစ်ဆေးနေစဉ် ကားမောင်းပြေးတဲ့ အဖြစ်အပျက်ဗွီဒီယိုတခု Carroll ရဲတပ်ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ ထွက်ပြေးတဲ့ကားရဲ့ ဘောနက်ဖုံးပေါ် ရဲအရာရှိတက်လိုက်သွားပြီး ရပ်တန့်ဖို့ကြိုးစားခဲ့တာပါ။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ နက်ဖြန်စတင်မယ့် G7 ထိပ်သီးစည်းဝေးပွဲမှာ G7 ခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့အနီး တနာရီကို မိုင် ၁၄၀ ကျော်နဲ့ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်အပြီး ၄ရက်အကြာ စစ်တွေမြို့နယ်ထဲက သဲချောင်းကျေးရွာရဲ့ အခြေအနေကို အခုလိုတွေ့ရတာပါ။
ရုရှားနိုင်ငံမှာ အစိုးရကိုထောက်လှမ်းပေးဖို့ ရုရှားနိုင်ငံသားတွေကို ရည်ရွယ်ပြီးလှုံ့ဆော်ထားတဲ့ ဗွီဒီယိုကို အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA အဖွဲ့က YouTube ယူကျု ဗွီဒီယိုစာမျက်နှာမှာ တင်လိုက်ပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲ တရုတ်ငါးဖမ်းစက်လှေတစ်စီး တိမ်းမှောက်ပြီး သင်္ဘောအမှုထမ်း ၃၉ ယောက် ပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းကဖော်ပြပါတယ်။ ငါးဖမ်းစက်လှေ က သြစတြေးလျနိုင်ငံ အနောက်မြောက်ဘက် ကီလိုမီတာ ၄၆၀၀ (မိုင် ၂၉၀၀) အကွာမှာ အင်္ဂါနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်က တိမ်းမှောက်သွားခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်