ပဋိပက္ခတွေဖြစ်နေတဲ့နေရာတွေမှာ သဘာသဘေးအန္တရယ်ကျရောက်တာလောက်ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖေါက်မှု ခံစားရတဲ့နေရာတွေမရှိဘူးလို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Turk က မြန်မာနိုင်ငံရဲ့အခြေအနေကိုရည်ညွှန်းပြီး ဆွဒ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦး မှာပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ "မိုခါ"ဆိုင်ကလုံး မုန်တိုင်းဒါဏ်သင့်ခဲ့သူတွေကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ပြင်သစ်အစိုးရအနေနဲ့ စီစဉ်နေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ် ငါးဖမ်းစက်လှေ မှောက်မှုအတွင်း ပျောက်ဆုံးနေတဲ့သူ ၃၉ ယောက်ထဲက ၁၄ ယောက်ရဲ့ ရုပ်အလောင်းကို ရှာတွေ့ကြောင်း သီရိလင်္ကာရေတပ်က ဒီနေ့ပဲ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆိုင်ကလုန်း မိုခါကြောင့် ပျက်ဆီး ဆုံးရှုံးခဲ့မှုတွေကို တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လ ၁၇ သန်းနီးပါး ထပ်တိုး ကူညီပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
WHO ဟာ အရင်ကထက် ပိုပြီး အရေးပေါ် အခြေအနေတွေကို တုံ့ပြန်နေရတဲ့အတွက် ရံပုံငွေနဲ့ ဝန်ထမ်း လိုအပ်ချက်က ကြီးလာတယ်လို့ WHO ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ပြောလိုက်တာပါ။
မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေအတွက် အာဆီယံပေးတဲ့အကူအညီပစ္စည်းတွေကို စင်္ကာပူလေတပ်ပိုင် C 130 သယ်ယူပို့ဆောင်ရေးလေယာဥ်နှစ်စင်းနဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာပို့ဆောင်ပေးခဲ့တယ်လို့ စင်္ကာပူအခြေစိုက် The Strait Times သတင်းစာကဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မွန်တားနား ပြည်နယ်မှာ Tiktok အသုံးပြုခွင့် ပိတ်ပင်တဲ့ဥပဒေ အကောင်အထည် ဖော်နေတာနဲ့ ပတ်သက်လို့ TikTok ကုမ္ပဏီက အမေရိကန် ဖက်ဒရယ် တရားရုံးတခုမှာ မနေ့က တရားစွဲလိုက်ပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တနင်္လာနေ့က တိုက်ခဲ့တဲ့မုန်တိုင်းကြောင့် ကျောင်းအားကစားရုံတခု အမိုးပြိုကျခဲ့ပြီး ကလေးငယ် ၄ ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ဒီကနေ့ ပြောဆိုပါတယ်။
၂၀၂၃ အော်စကာ အနုပညာထူးချွန်ဆု ရရှိသွားတဲ့ မလေးရှားမင်းသမီး မီရှဲလ်ယိုးဟာ သူဆုရတဲ့ အရသာကို သေချာမခံစားနိုင်သေးပဲ ဆုရပြီးကတည်းက အခု ၂ လာကျော်လာတဲ့ အချိန်ကာလအတွင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေခဲ့တာပါ။
ကမ္ဘာမှာ ကလေးရော၊ လူကြီးပါ သဘောကျတဲ့ လယ်ဂို ပလတ်စတစ်တုံးလေးတွေသုံးပြီး ဖန်တီးမှုအသစ်အဖြစ် ဒေါ်လာသန်းချီတန် ပြိုင်ကားပုံတူဖန်တီးလိုက်ပါတယ်။ လက်သမားတဦးက အစပြုတီထွင်ခဲ့တဲ့ လယ်ဂိုတုံးလေးတွေ သန္ဓေတည်ရာ ဒိန်းမတ်နိုင်ငံ ဘေးလ်လင်းဒ်မြို့မှာ ပြသထားဖို့ ဖြစ်ပါတယ်။
အစိုးရအကြွေးကန့်သတ်ချက် သဘောတူညီချက်ရရှိဖို့ အကောင်းမြင်တယ်လို့အစည်းအဝေးမတိုင်မီ မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပေမဲ့သဘောတူညီချက်တော့မရရှိကြသေးပါဘူး။
အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာတာမျိုး မရှိရင်၊ ဆက်လက် သက်တမ်းတိုးတာမျိုးမလုပ်ရင် တိုက်ပွဲတွေက လူမျိုးရေး အခြေပြု ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Volker Perthes က ပြောပါတယ်။
မြန်မာနိုင်ငံမှာ မိုခါ မုန်တိုင်းဒဏ် ခံရတဲ့ပြည်သူတွေလိုအပ်တဲ့ ပစ္စည်းတွေကို ပို့ဆောင်နေပြီဖြစ်ပေမဲ့ ခွင့်ပြုချက်လိုအပ်တဲ့အတွက် စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ ပစိဖိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို တနင်္လာနေ့က တက်ရောက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက်အတွက် ၃ လအတွင်း ဒုတိယအကြိမ်အဖြစ် စားနပ်ရိက္ခာ အကူညီတွေ ဖြတ်တောက်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်မှုကို ရှောင်လွှဲနိုင်ပါတယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachirirangkun ကို ငွေမဲခဝါချမှု၊ နောက်ထပ်ဆက်စပ်ရာဇဝတ်မှုစွဲချက်တခုတို့နဲ့ အမှုတင်အရေးယူဖို့ စုံစမ်းစစ်ဆေးရေးမှုးတွေကဆုံးဖြတ်ခဲ့ကြတယ်လို့ ထိုင်းရှေနေချုပ်ရုံး ပြောခွင့်ရသူပြောဆိုတာကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်