မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေး မဟာမိတ် (NATO) အဖွဲ့ရဲ့ အဖွဲ့ဝင်အသစ် ဖင်လန်နိုင်ငံဟာ တနင်္လာနေ့မှာ လေကြောင်း စစ်ရေးလေ့ကျင့်မှုတခုကို စတင်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တွေကြား အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွားနေပြီး တနင်္ဂနွေနေ့က လူ (၅) ဦး သေဆုံးခဲ့ပါတယ်။
ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Volker Perthes ကို လူလဲပေးဖို့ ဆူဒန်စစ်တပ် အကြီးအကဲ Abdel Fattah al-Burhan က တောင်းဆိုလိုက်ပြီးတဲ့နောက် ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ ဟာ အပစ်အခတ်ရပ်စဲရေး ကို နောက်ထပ် ၅ ရက် တိုးဖို့ သဘောတူလိုက်ကြကြောင်း တနင်္လာနေ့ နှောင်းပိုင်းက ကြေညာလိုက်ကြပါတယ်။
ယူကရိန်းတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Lindsey Graham ကို ရုရှားပြည်ထဲရေး ဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ရိုဟင်ဂျာ တစ်သန်းကျော် ရဲ့ ဝန်ထုပ်ဝန်ပိုးဒဏ် ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ တစ်နိုင်ငံတည်းကပဲ ခံမနေသင့်ဘူး လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦး က တနင်္လာနေ့ မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမဏိပူရပြည်နယ်တွင်း လူမျိုးရေးတင်းမာမှုတွေဖြစ်ပြီးတဲ့နောက်၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတခုမှာ ဒေသခံမျိုးနွယ်စု စစ်သွေးကြွ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က မေလ ၂၈ ရက်နေ့က ပြောဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မကြာသေးခင်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီနေ့ ဝတ်ပြုဆုတောင်းပြီး ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်အတွက် ချေးယူနိုင်မယ့် ငွေပမာဏကို တိုးမြှင့်ဖို့အတွက် ဥပဒေပြုရေးကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ကြားမှာ မူအားဖြင့် သဘောတူညီမှုရသွားခဲ့ပြီ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ညဘက်မှာ လေကြောင်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ ဒါဟာ စစ်ပွဲစတင်ချိန်ကစပြီး ရုရှားဘက်က ကိဗ်မြို့ကို ဒရုန်းတွေနဲ့ အရေအတွက် အများဆုံးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံမှာ အစိုးရတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကြား တပတ်ကြာ အပစ်အခတ်ရပ်စဲထားတာကို မနက်ဖြန် တနင်္လာနေ့မှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် နောက်ထပ်သက်တမ်းထပ်တိုးဖို့ အမေရိကန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။
ဟောင်ကောင်ကျွန်း Cheung Chau (ချန်ကြောင့်) မြို့က နာမည်ကြီး ပေါက်စီလုပွဲတော်ကြီးကို ကိုဗစ်ကြောင့် ၃ နှစ်နားခဲ့ရာက၊ ဒီနှစ်မှာ အပြည့်အဝ ပြန်လည်ကျင်းပပါတယ်။
Computer တွေ အီလက်ထရောနစ် ပစ္စည်းတွေမှာသုံးတဲ့ semiconductor တွေ ဈေးကွက်ထဲမှာ ဖြည့်ဆည်းနိုင်မှု ပြတ်တောက် မသွားအောင် ဆွေးနွေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်သွားဖို့ တရုတ်နဲ့ တောင်ကိုရီးယားကြား သဘောတူညီခဲ့ကြပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်အတွက် ချေးယူနိုင်မယ့်ငွေ ပမာဏတိုးဖို့ အစိုးရနဲ့ လွှတ်တော်ကြား သဘောတူညီမှု မရသေးပေမဲ့ ဇွန် ၅ ရက်နေ့အထိ အစိုးရလည်ပတ်လို့ ရနိုင်သေးတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောလိုက်တာမို့ စိတ်သက်သာရာ ရစေခဲ့ပါတယ်။
စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို ပေါ်တာဆွဲနေတာကြောင့် မော်လိုက်မြို့မှာ ဈေးဆိုင်တွေ ပိတ်ထားရပြီး မြို့ခံတွေလည်း အိမ်ပြင်မထွက်ရဲဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မေလ ၂၉ ရက်၊ လာမယ့်တနင်္လာနေ့ကျရင် စစ်ပွဲတွေတွင်း ကျဆုုံးခဲ့တဲ့စစ်သည်တွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဘွယ်နေ့ ကျရောက်မှာမို့ နိုင်ငံတဝန်းက ဧည့်သည်တွေ ဝါရှင်တန်မြို့တော်ကို လာရောက်နေကြပါတယ်။
ဂျပန်နိုင်ငံ အလယ်ပိုင်း Nagano နယ်ထဲက Nakano မြို့မှာ သေနတ်နဲ့ ပစ်၊ ဓါးနဲ့ခုတ် တိုက်ခိုက်မှုအတွင်း ရဲ အရာရှိ ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့ထဲက အဆောက်အဦတခုထဲမှာ တိုက်ခိုက်သူလို့ မသင်္ကာသူက ပုန်းအောင်းနေတယ်လို့လည်း ရဲက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းချီရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၂၀၀ ကို စမ်းသပ်အစီအစဉ်နဲ့ ပြန်ခေါ်နိုင်ရေးအစီအစဉ်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ဒီနေ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ပါတယ်။
တရုတ်နိုင်ငံရဲ့ နောက်ဆုံးဘုရင်၊ နိုင်ငံတကာမှာတော့ အော်စကာဆုရ The Last Emperor ရုပ်ရှင်ကားကြောင့် သူ့အကြောင်း လူသိပိုများတဲ့ ချင်းမင်းဆက် ဘုရင် အိုက်ရှင်းကျွဲလျိုး ပုရီရဲ့ နာရီကို လေလံတင်တာ စံချိန်တင်စျေးအမြင့်ဆုံး ရသွားပါတယ်။
မြန်မာစစ်ကောင်စီအပေါ်ဒဏ်ခတ်အရေးယူမှုတွေနဲ့ ထိရောက်အရေးပါမှုတွေကို သုံးသပ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်နိုင်ငံ တာဝန်ရှိသူတွေ မေလ ၂၄ ရက်နေ့ မှာဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်ပါတီတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပါတီထဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာပါတော့မယ်။
နောက်ထပ်ကြည့်ရှုရန်