အာဂျင်တီးနားက ကမ္ဘာကျော်ဘောလုံးသမား Lionel Messi က ဘာစီလိုနာမဟုတ်တဲ့ တခြားဥရောပအသင်းမှာ ထပ်မကစားချင် တာကြောင့် အမေရိကန် မေဂျာလိဂ်က အင်တာမိုင်ယာမီအသင်းကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
၂၀၁၄ ခုနှစ်က မလေးရှားလေကြောင်းပိုင် MH370 လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံဖွား ဟာသအစီအစဉ် တင်ဆက်သူ Jocelyn Chia က ဟာသလုပ် ပြောခဲ့တဲ့အပေါ် စင်ကာပူနိုင်ငံအနေနဲ့ မလေးရှားနိုင်ငံကို တောင်းပန်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီနေ့ပြောလိုက်ပါတယ်။
မြန်မာနိုင်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အဖမ်းခံရသူတွေဘက်က အမှုလိုက်ပေးတဲ့ အကျိုးဆောင်ရှေ့နေတွေ ခြိမ်းခြောက်ခံရတာ၊ သူတို့ကိုယ်တိုင် ဖမ်းဆီးခံရတာတွေနဲ့ နှိပ်စက်ညှင်းပမ်းတာတွေ ခံနေကြရတယ်လို့ လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာတဲ့ HRW က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အများပြည်သူခရီးသွားယာဉ်တွေသုံးပြီး အရပ်ဝတ်နဲ့ စစ်အင်အားဖြည့်တင်းနေတာကြောင့်လို့ဆိုကာ ချင်းဒေသခံပြည်သူတွေမှအပ ပြင်ပ ခရီးသည်တွေ ဝင်ရောက်တာကို ချင်းအမျိုးသားတပ်ဦး (CNF) က ကန့်သတ်လိုက်ပါတယ်။
ကနေဒါနိုင်ငံနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောင်မီးကနေပျံ့နှံ့လာတဲ့ မီးခိုးတွေဟာ လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်နိုင်လောက်တဲ့အထိ များပြားနေတာကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းက မြို့တွေမှာ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းဝတ်ကြဖို့ တာဝန်ရှိသူတွေ ဆော်သြနေပါတယ်။
ထိုင်းနိုင်ငံမှာဖေါက်လုပ်ထားတဲ့ ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံဆက်သွယ်တဲ့ အဝေးပြေးလမ်း အမှတ် ၁၂ တိုးချဲ့တည်ဆေ ာက်နေတာပြီးစီးသွားပြီလို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ဗုဒ္ဓဟူးနေ့ကပြောဆိုလိုက်ပါ တယ်။
ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် အမေရိကန် နိုင်ငံ ဘက်ခြမ်းက ပြည်နယ် တဒါဇင်ကျော်မှာ လေထုအရည်အသွေး သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
အမေရိကန် ဒုသမ္မတဟောင်း မိုက်ပန့်စ်ဟာ ၂၀၂၄ ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးပွဲအတွက် မဲဆွယ်စည်းရုံးမှုကို ဗုဒ္ဓဟူးနေ့မှာ တရားဝင် စတင်လိုက်ပါတယ်။
အင်ဒိုနီးရှားပင်လယ်ပြင်လုံခြုံရေးဌာနနဲ့ မလေးရှားပင်လယ်ပြင်ဥပဒေစိုးမိုးရေးဌာနတို့ ပူးတွဲပြီး လှေစီးပြေးရိုဟင်ဂျာဒုက္ခ သည်တွေအရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ကြောင်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံးအပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် စာသင်ကျောင်းထောင်ပေါင်းများစွာကို ပိတ်ထားခဲ့ရပြီး၊ နေရာတော်တော်များများမှာ လျှပ်ဓာတ်အားပြတ်တောက်တာတွေ ဖြစ်နေပါတယ်။
အရှေ့ တရုတ်ပင်လယ်မှာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ မတ်လ ၇ ရက်နေ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ပူးတွဲ လေကြောင်း ကင်းလှည့်မှု အပေါ်မှာ ဂျပန်နဲ့ တောကိုရီးယားတို့က လုံခြုံရေးအရ စိုးရိမ်မှုနေကြပါတယ်။
UK နိုင်ငံမှာ အွန်လိုင်းကရော အပြင်ဆိုင်ခွဲတွေမှာပါ လက်ဝတ်ရတနာပစ္စည်း ရောင်းချတဲ့ အကြီးဆုံးကုမ္ပဏီကြီးတခုဖြစ်တဲ့ TJC ဆိုင်ကြီးက မြန်မာနိုင်ငံက ပတ္တမြားလို ကျောက်မျက်ရတနာပစ္စည်းတွေ ရောင်းချမှာ မဟုတ်တဲ့အကြောင်း ဆုံးဖြတ်လိုက်တာကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ကြီးက ကြိုဆိုလိုက်ပါတယ်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက အလယ်ချောင်းနဲ့ချောင်းကြီးကျေးရွာတွေအနီးကို ဗဟိုပြုပြီး ဒီကနေ့ညနေပိုင်းမှာ ငလျင် ၄ကြိမ်လှုပ်ခတ်သွားခဲ့ပါတယ်။
မလေးရှားရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီက မြန်မာနိုင်ငံသား (၄) ဦးလုပ်ကိုင်နေတဲ့ ဒေသခံ ငါးဖမ်း သင်္ဘောတစင်းကို ပီနန် ပြည်နယ် အနောက်ဘက်မှာ သက်သေခံ အထောက်အထား စာရွက်စာတမ်းတွေ မပြနိုင်မှုနဲ့ ဇွန်လ (၅) ရက်နေ့က ဖမ်းဆီးထားကြောင်း မလေးရှား ပြည်တွင်း သတင်းဌာန Bernama မှာဖော် ပြထားပါတယ်။
မိုခါ ဆိုင်ကလုန်း မုန်တိုင်း ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးရှောင် စခန်းတွက ယာယီတဲတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ ထိခိုက်ခံစားခဲ့ရသူတွေ အတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ဒေါ်လာ ၁.၆၄ သန်း ကူညီကြောင်း အာဆီယံ က အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၄ ခုနှစ် တုန်းက ခရိုင်းမီးယားကို ရုရှားက သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ယူကရိန်းက ရုရှားကို စွဲဆိုထားတဲ့ အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ အင်္ဂါနေ့က စတင် စစ်ဆေးခဲ့ ပါတယ်။
Cox's Bazar ဒုက္ခသည် စခန်း က ရိုဟင်ဂျာ ဒုက္ခသည် မိသားစု ၄ စု ရဲ့ လူ ၂၃ ယောက် ကို ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က စားနပ်ရိက္ခာ ထောက်ပံ့တာ ရပ်လိုက်ပါတယ်။
အင်ဒိုနီးရှား ကို ဦးတည်ပြီး၊ ဘင်္ဂလားဒေ့ရှ် ကနေ ဒီဇင်ဘာ ၁ ရက်နေ့ က ထွက်ခွါလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ ပါ လှေတစ်စင်း ပျောက်ဆုံးနေပါတယ်။
မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူ ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ပုန်ကန်သူတွေကြား တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတဲ့အကြောင်း အိန္ဒိယစစ်တပ်က ဒီကနေ့ ပြောဆိုပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း Kherson မြို့အနီးက ပင်မ ရေကာတာကြီးဟာ အင်္ဂါနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲခဲ့တဲ့အပေါ် ယူကရိန်းနဲ့ ရုရှားတို့ကအပြန်အလှန် စွပ်စွဲမှုတွေလုပ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်