ပြင်သစ်နိုင်ငံ နော်မန်ဒီ (Normandy) ကမ်းခြေမှာ ၇၉ ကြိမ်မြောက် D-Day ကမ်းတက်အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက် စောစောမှာပဲ လူတွေ အများအပြား စုဝေးခဲ့ကြပါတယ်။ အမေရိကန် အလံတွေ၊ ပန်းတွေ ကိုင်ဆောင်ရင်း တချိန်က စစ်ဝတ်စုံတွေနဲ့ အိုမဟာ (Omaha) ကမ်းခြေမှာ စုဝေး ရောက်နေကြတာပါ။
ဗြိတိန်နိုင်ငံ တိရိစ္ဆာန်ရုံတရုံက အသက်အရှည်ဆုံး နို့တိုက်သတ္တဝါ ကိုကိုဆိုတဲ့ မျောက်ဝံကြီးရဲ့ မွေးနေ့ကို ဇွန်လ ၄ ရက်နေ့က ဆင်နွှဲခဲ့ကြပါတယ်။ ချင်ပန်ဇီ မျောက်ဝံတွေရဲ့ ပျင်းမျှသက်တမ်းက ၃၃ နှစ် ဖြစ်ပြီး ကိုကိုကတော့ အခုထိ သာမန်မျောက်ဝံတွေထက် ဆယ်စုနှစ်တခုမက အသက်ပိုရှည်နေတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ အသက်မွေးဝမ်းကျောင်းပြု ရှာဖွေစားသောက်နိုင်ရေး နဲ့ ကိုယ့်ကိုကိုယ် မှီခိုအားထားနိုင်ရေး အစီအစဥ်တွေ အကူအညီပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဒုတိယ မဟာမင်းကြီး က တနင်္လာနေ့ က တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းမှာ ရုရှားကို တန်ပြန်ထိုးစစ်စတင်ဖို့ လက်နက်အလုံအလောက်ရှိနေပြီး ဒီစစ်ဆေးရေးဟာ အနောက် နေတိုး မဟာမိတ် အဖွဲ့ ဝင်ခွင့် ရရေး လိုအပ်နေတဲ့ အောင်ပွဲကို ရစေမှာ ဖြစ်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဇွန်လ ၅ ရက် တနင်္လာနေ့က ပြောလိုက်ပါတယ်။
အမေရိကန် ဒုသမ္မတဟောင်း မိုက်ပန့်စ်ဟာ ၂၀၂၄ ရီပတ်ဘလီကန် သမ္မတလောင်း ရွေးပွဲမှာ ပါဝင် ယှဥ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းလွှာကို တနင်္လာနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီ ပေးပို့လိုက်ပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်ရဲ့ နှစ်ရက်ကြာ ဗီယက်နမ် ခရီးစဥ် အတွင်း ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေး ကူညီတဲ့ ဒေါ်လာ ၆၉ ဒသမ ၃ သန်း တန် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးအတွက်အကြီးဆုံးခြိမ်းခြောက်မှုဖြစ်သလို၊ အီရန်ကို နူကလီယားလက်နက်ထုတ်လုပ်ရရှိခွင့် ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေဝန်ကြီး ဘလင်ကန်ကပြောပါတယ်။
ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို နေရပ်ပြန်ပို့ရေးမှာ သူတို့ရဲ့ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်မှာ အဆင်ပြေနိုင်မယ့်နည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျာမနီနိုင်ငံတို့က သဘောတူညီခဲ့ကြပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh (ရာချ်နသ် ဆင်းဂ်) နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် နယူးဒေလီမှာ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာ နယ်စပ်တလျှောက်မှာ အင်တာနက်ကနေ ငွေကြးလိမ်လည်မှု အပါအဝင် တရားမဝင် လုပ်ငန်းတွေကို အလေးထား နှိမ်နင်းရေး ဆွေးနွေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai ဟာ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးစိုးထွဋ်နဲ့ မေလ ၃၁ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန် နဲ့ ကနေဒါ စစ်သင်္ဘောတွေရဲ့ ပင်လယ်ပြင် အသွားအလာ လွှမ်းမိုးမှု ကို ကာကွယ်ရပါမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးကပြောလိုက်ပါတယ်။
မြန်မာစစ်ကောင်စီငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့မှာတွေ့ဆုံမှုအပြီးမှာပဲ၊ ဇွန်လ ၂ ရက်နေ့ စလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ MNDAA တပ်စခန်းတခုကို မြန်မာစစ်ကောင်စီက စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်ဒေသအခြေစိုက်မီဒီယာက ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇွန်လ (၄)ရက်နေ့ဟာ တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်က တက္ကသိုလ်ကျောင်းသူကျောင်းသူတွေ စတင်ခဲ့တဲ့ ဒီမိုကရေစီရေး အုံကြွဆန္ဒပြပွဲကြီး နှိမ်နင်းခံခဲ့ရတဲ့ ၃၄ နှစ်မြောက်နှစ်ပတ် လည်နေ့ဖြစ်ပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကြားမှာ စစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အတိတ်ကဖြစ်ခဲ့တဲ့ အငြင်းပွားမှုတွေကို အမြန်ဆုံးဖြေရှင်းဖို့ သဘောတူလိုက်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး Yasukasu Hamada က ဒီနေ့ ပြောလိုက်ပါတယ်။
အမေရိကန် နဲ့ တရုတ်နိုင်ငံသာ ထိပ်တိုက်တွေ့ကြမယ်ဆိုရင် ကမ္ဘာကြီးအတွက် ဘေးဒုက္ခကပ်ဆိုးကြီး ဖြစ်လာလိမ့်မှာ ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri La လုံခြုံရေးညီလာခံအတွင်း ဒီနေ့ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လူ ၃၀၀ လောက် သေဆုံးပြီး ၁၀၀၀ လောက်ဒဏ်ရာရခဲ့တဲ့ ရထားတိုက်မှုဟာ အီလက်ထရောနစ် အချက်ပေးစနစ် ချို့ယွင်းမှုကြောင် ဖြစ်တယ်လို့၊ အိန္ဒိယ မီးရထားဝန်ကြီးက ပြောကြပါတယ်။ အီလက်ထရောနစ် အချက်ပေးတဲ့ စနစ် ချို့ယွင်မှုကြောင့် ရထားက လမ်းကြောင်းမှားသွားခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလဟာ စနေနေ့က လွတ်မြောက်နယ်မြေထဲမှာရှိနေတဲ့ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့်ဒေသကို သွားရောက်ခဲ့ကြောင်း NUG သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ဟာ ပြည်သူတွေ မျက်နှာကြည့်ပြီး ပြည်သူ့တပ်မတော်ဖြစ်ဖို့ ၁၉၉၈ မှာ နိုင်ငံရေးကနေ ဆန္ဒအလျောက် နုတ်ထွက်ပေးခဲ့တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်းက စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La အာရှပစိဖိတ် လုံခြုံရေးဆွေးနွေးပွဲမှာ ဒီကနေ့ ပြောသွားတာပါ။
အင်္ဂလန်မှာတော့ FA ဖလား ဘောလုံးဖိုင်နယ်ကို လန်ဒန်မြို့က ဝင်ဘလေ (Wembley) ကစားကြမှာဖြစ်ပြီး၊ မန်ချက်စတာယူနိုက်တက် နဲ့ မန်ချက်စတာစီးတီးအသင်းတို့ ဗိုလ်လုနေကြပါတယ်။
အမေရိကန်အစိုးရ ကြွေးမြီအကျပ်အတည်း ညှိုနှိုင်းအဖြေရှာနိုင်ခဲ့တာအတွက် သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က အောင်ပွဲခံ မိန့်ခွန်း ပြောကြားပါတယ်။
နောက်ထပ်ကြည့်ရှုရန်