ပထဝီနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံတော်တော်များများမှာ အနုမြူလက်နက် စုဆောင်းမှုတွေ တိုးလာနေပြီး အထူးသဖြင့် တရုတ်နိုင်ငံမှာ တွေ့ရတယ်လို့ နိုင်ငံတကာ သုတေသီအဖွဲ့တခုဖြစ်တဲ့ (SIPRI) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဗြိတိန်နိုင်ငံက တတိယမြောက် ချားလ်စ် ဘုရင် မွေးနေ့ အထိမ်းအမှတ် Trooping the Colour ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအတွက် မွေးနေ့မတိုင်မီ တရက်မှာ အပြီးသတ်ပြင်ဆင်ခဲ့ကြရပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်၊ ဘုရင်မ ရဲ့ မွေးနေ့အစစ်က ဘယ်နေ့ဖြစ်ပါစေ ဇွန်လကို မွေးနေ့အထိမ်းအမှတ်ကျင်းပဖို့ သတ်မှတ်ထားတာပါ။
မြန်မာစစ်ကောင်စီကို အကူအညီ အထောက်အပံ့တွေ ပေးတဲ့အတွက် ရုရှားနိုင်ငံကို အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ NUCC က ပြင်းပြင်း ထန်ထန် ရှုတ်ချ ကန့်ကွက်ပါတယ်။
စကော့တလန် ဝန်ကြီးချုပ်ဟောင်း နီကိုလာ စတာဂျင်န် Nicola Sturgeon ကို တနင်္ဂနွေနေ့ က ခုနစ်နာရီ ကြာ ရဲ က ဖမ်းဆီး မေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို အရပ်သားတွေက လက်နက်ကိုင်ခုခံမှုတွေ တိုးလာချိန်မှာပဲ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေတိုးလာလာနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကြသူအများစုဟာ အရပ်သားတွေဖြစ်ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသုံးသပ်သူတွေကပြောပါတယ်။
ဆာဘီးယား နိုင်ငံသား ဂျိုကိုးဗစ် ဟာ ပြင်သစ် အိုးပင်းန်း တင်းနစ် ပြိုင်ပွဲ ဖိုင်နယ်ပွဲစဥ် မှာ Casper Ruud ကို အနိုင်ရရှိပြီး သမိုင်း မှတ်တမ်းတင်လိုက်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာလျှို့ဝှက်မှတ်တမ်းတွေကို ပြန်မအပ်ပဲ သိမ်းထားတာနဲ့ပတ်သက်လို့ သမ္မတဟောင်း Trump အပေါ် ဂျူရီအဖွဲ့ရဲ့ ရာဇဝတ်မှုစွဲချက်ဟာ အတော်ကြီးဆိုးဆိုးဝါးဝါးဖြစ်စဉ်ပဲလို့ သမ္မတ Trump လက်ထက် ရှေနေချုပ်ဖြစ်ခဲ့သူ William Barr က မှတ်ချက်ပြုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bakhmut နဲ့ Maryinka မြို့နားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ယူကရိန်းတပ်တွေက ရုရှားတွေရဲ့ ထိုးစစ်တွေကို ပြန်ပြီးတော့ တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က မနေ့ကပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ မီးတောင်ပေါက်ကွဲမှုကနေ လွတ်မြောက်ဖို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ အခုနောက်ထပ်တခါ သဘာဝဘေးအန္တရာယ်အဖြစ် နီးကပ်လာနေတဲ့ တိုင်ဖွန်းမုန်တိုင်းကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
တရုတ်လေတပ်က စစ်လေယာဉ် ၁၀ စင်းဟာ ထိုင်ဝမ်ရေလက်ကြားမှာ ၂ နိုင်ငံကြား ပိုင်းခြားထားတဲ့မျဉ်းကို ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောလိုက်ပါတယ်။
ဆူဒန်နိုင်ငံမြို့တော် ခါတွန်မှာ ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တနင်္ဂနွေနေ့က သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်တာကြောင့် ၂၇ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။
ကိုလမ်ဘီယာနိုင်ငံမှာ တောနက်ကြီးထဲ ပျက်ကျခဲ့တဲ့ လေယာဉ်ငယ်တစင်းပေါ် လိုက်ပါသွားတဲ့ ကလေး ၄ ယောက်ကို တလကျော်အကြာမှာ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပါတယ်။
ထိုင်ဝမ် ကမ်းခြေစောင့်တပ်တွေရဲ့ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွေကို ဒီကနေ့ကျရောက်တဲ့ ထိုင်ဝမ် အမျိုးသား သမုဒ္ဒရာနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိူမြို့က Haneda နိုင်ငံတကာလေဆိပ်မှာ ပြေးလမ်းပေါ်သွားနေတဲ့ လေယာဉ် ၂ စီးတိုက်မိခဲ့လို့ လေယာဉ်ပြေးလမ်းတခုကို ယာယီပိတ်ခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Alabama ပြည်နယ်က မဲဆန္ဒနယ် သတ်မှတ်ချက်ဟာ မဲပေးပိုင်ခွင့် ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
ကနေဒါနိုင်ငံမှာ လောင်ကျွမ်းနေတဲ့တောမီးကနေ ပျံ့လွင့်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုအရည်အသွေး စိုးရိမ်ရတဲ့အဆင့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတဲ့ အမေရိကန်အရှေ့ခြမ်းမြို့တွေမှာ ဒီနေ့ အခြေအနေ အနည်းငယ် ပြန်ကောင်းလာပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေ ပူးပေါင်းပြီး လာမယ့် စက်တင်ဘာလကျရင် တောင်တရုတ်ပင်လယ်မှာ ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မယ်လို့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။
မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်ကောင်စီဘက်က လိုက်ပါ အကောင်အထည်ဖော်ဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်တွေက အတူတကွ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
သီးသန့်တာဝန်ရှိသူတွေသာဖတ်ခွင့်ရှိတဲ့ လျှို့ဝှက်အချက်အလက်တွေကို သမ္မတတာဝန်ပြီးဆုံးချိန်မှာ ကိုင်တွယ်ဆောင်ရွက်သင့်တဲ့အတိုင်း မလုပ်ခဲ့တဲ့အတွက် သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကို Federal ဥပဒေချိုးဖောက်မှုနဲ့ ဖလော်ရီဒါပြည်နယ်တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်