အစိုးရအင်္ဂါရပ်နဲ့အညီ ငွေကြေးစီးဆင်းလည်ပတ်နိုင်ရေး အွန်လိုင်းဘဏ်ကို တည်ထောင်လိုက်တာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ်။
တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးအဆင့် ဆွေးနွေးပွဲတွေကျင်းပဖို့ တရုတ်ထိပ်တန်းသံတမန်ဝမ်ရီက ဂျပန်နိုင်ငံခြားရေးဝန်ကြီး နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီလအစောပိုင်းက တွေ့ဆုံစဉ်မှာကမ်းလှမ်းခဲ့တယ်လို့ ဂျပန် Kyodo သတင်းဌာနက ဒီနေ့မှာ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ်ကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမယ့်အကြောင်း စစ်ကောင်စီက ဒီကနေ့ တနင်္ဂနွေ မှာ ကြေညာလိုက်ပါတယ်။
New Zealand နိုင်ငံမှာ ဒီနေ့ စနေနေ့ ဆက်လက်ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ဆွီဒင်နဲ့ ဒိန်းမတ်အသင်းတွေ ဒီနေ့ အနိုင်ရသွားကြပါတယ်။
ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ထိန်းသိမ်းစစ်ဆေးခံရတဲ့ စစ်ကောင်စီ မြောက်ပိုင်း တိုင်းမှူးကို အနားပေးပြီး၊ အစားထိုးခန့်လိုက်ပါတယ်။
အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်း Inter Miami ကိုပြောင်းလာတဲ့ Lionel Messi ရဲ့ အမေရိကန်ပွဲဦးထွက်ပွဲမှာ Messi က အနိုင်ဂိုးကို သွင်းနိုင်ခဲ့လို့ Inter Miami အသင်းက မက္ကဆီကိုက Cruz Azul အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ကချင်တိုင်ရင်းသားလက်နက်ကိုင် KIO အဖွဲ့ဌာနချုပ်ရှိရာ ဝိုင်းမော်မြို့နယ်ထဲက လိုင်ဇာဌာနချုပ်နဲ့ မဝေးတဲ့ နမ့်ဆန်ယန်ရွာကို စစ်တပ်က သောကြာနေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီက ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်တင်မြှောက်နိုင်ဖို့ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မဟာမိတ် Pheu Thai ပါတီထဲက တယောက်ကို ဝန်ကြီးချုပ်လောင်း အဆိုပြုမယ်လို့ ပြောကြားလိုက်ပါတယ်။
တရားဥပဒေစိုးမိုးရေးကိုမထီမဲ့မြင်လုပ်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ သူတို့ လုပ်ရပ်တွေအပေါ် တာဝန်ယူရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ဒီနေ့ပဲ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ သြစတေးလျ ၂ နိုင်ငံ စစ်တပ်တွေကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြစတေးလျနိုင်ငံ Sydney မြို့မှာ ဒီနေ့ စတင်လိုက်ပါတယ်။ အာရှဒေသမှာ တရုတ်ရဲ့ စစ်အင်အားချဲ့ထွင်မှု ကြီးမားလာနေချိန်မှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်နေကြတာပါ။
ထိုင်ဝမ်ကျွန်း အရှေ့မြောက်ပိုင်းမှာ အပျော်တမ်းရေငုပ်နေသူတဦးက ရှားရှားပါးပါး တွေ့ရခဲတဲ့ Oarfish ကြီးတကောင်ကိုတွေ့ရှိခဲ့ပါတယ်။ လှော်တက်နဲ့တူလို့ တချို့က လှော်တက်ငါးလို့ခေါ်ကြတဲ့ ဒီငါးမျိုးစိတ်ဟာ ၁၀ ပေကနေ ပေ ၅၀ အထိအရှည်ရှိတတ်ပြီး ရေအောက် ပေ ၃၀၀၀ လောက်မှာပဲ နေထိုင်တာဖြစ်လို့ တွေ့ရဖို့ခက်ခဲတာပါ။
အင်ဒိုနီးရှားရေပိုင်နက် သမုဒ္ဒရာထဲမှာ ငါးဖမ်းပိုက်ထဲဝင်တိုးမိပြီး ပြန်ထွက်မရတဲ့ Whale Shark အမျိုးအစား ငါးမန်းကြီး ငါးကောင်ကို ရေငုပ်သမားတွေ ကယ်တင်ခဲ့ပါတယ်။ ရေအောက်မှာရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ ပိုက်ကွန်ကနေ သူတို့လွတ်သွားတဲ့ အခိုက်အတန့်ကိုတွေ့ရမှာပါ။
အာဂျင်တီးနားနိုင်ငံ La Plata မြို့မှာ အမျိုးသမီးတဦး ဇူလိုင် ၁၉ရက်နေ့က လမ်းသွားနေတုန်း ကားတိုက်ခံမယ့်ဘေးက သီသီလေးလွတ်သွားတာကို လုံခြုံရေးကင်မရာတွေကနေတဆင့်တွေ့လိုက်ရပါတယ်။ ကားနှစ်စီးတိုက်မိပြီးသူနဲ့နီးရာကို လွင့်ထွက်လာတာပါ။
ကမ္ဘာကျော်ကွန်ဖူးပညာရှင် သရုပ်ဆောင်မင်းသား ဘရုစ္စလီကွယ်လွန်ခြင်း နှစ်(၅၀)ပြည့်သွားတဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ကမ္ဘာတဝန်းက သူ့ရဲ့ ပရိတ်သတ်တွေ ဟောင်ကောင်မှာရှိတဲ့ သူ့ရဲ့ရုပ်တုရှေ့လာရောက် ဂါရဝပြု စုဝေးခဲ့ကြပါတယ်။
နယူးဇီလန်နဲ့ သြစတြေးလျ နှစ်နိုင်ငံ ပူးတွဲ အိမ်ရှင်အဖြစ် စတင်ကျင်းတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒီနေ့ စတင်ပြီး အိမ်ရှင် နယူးဇီလန်အသင်းက နော်ဝေနိုင်ငံ အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ဟာ တရုတ်သမ္မတနဲ့ ဘေဂျင်းမြို့တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ ကမ္ဘာကြီးအပေါ် သိသိသာသာ လွှမ်းမိုးမှုရှိတဲ့ ၂ နိုင်ငံဆက်ဆံရေးဟာ ကမ္ဘာကြီးအတွက် အခရာကျတယ်လို့ Mr. Kissinger က သမ္မတ Xi Jinping နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်၊
မြန်မာနိုင်ငံရဲ လုံခြုံရေးဟာ ကြိုတင်မမှန်းဆနိုင်တဲ့ အခြေအနေ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနဲ့လက်နက်ကိုင်တိုက်ပွဲတွေ အပါအဝင်အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင်း ဗြိတိန်နိုင်ငံက ခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်ထဲမှာ သတိပေးထားပါတယ်၊
ပင်လယ်နက်ထဲကတဆင့် ယူကရိန်းကောက်နှံတွေကို ပြည်ပတင်ပို့ရာမှာ ရုရှားရေတပ်က မနှောက်ယှက်မယ့် သဘောတူညီချက်ကို ရုရှားဖက်က ဖျက်သိမ်းလိုက်အပြီး နှစ်ရက်အကြာမှာပဲ၊ အဲဒီ ယူကရိန်းဆိပ်ကမ်းနှစ်ခုကနေ သင်္ဘောတွေ အသွားအလာမှန်သမျှကို သတိပေးချက် ရုရှားကာကွယ်ရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဂရိနိုင်ငံမှာ အပူလှိုင်း ဖြတ်နေစဥ်မှာပဲ တောမီးတွေလောင်ကျွမ်းနေလို့ ဥရောပနိုင်ငံအများအပြားက မီးသတ်လေယာဉ်တွေနဲ့ မီးသတ်သမားတွေ အကူအညီ စေလွှတ်ခဲ့ကြပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ ရေကြီးတဲ့အတွက် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပြီး ကယ်ဆယ်စခန်းတွေလည်း ဖွင့်လှစ်ထားရတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်