ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းဖို့ အစီအစဉ်ရှိတယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးကို ကိုးကားပြီး အေပီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ပတ်ဝန်းကျင်မှာ အင်အားပြင်း မိုင်းတွေကို အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က တွေ့ရှိခဲ့တယ်လို့ပြောပါတယ်။
တလကြာ လူမြင်ကွင်းကပျောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်က ဒီနေ့ ဖယ်ရှားလိုက်ပြီး သူ့အရင်က တာဝန်ယူခဲ့တဲ့ ထိပ်တန်းသံတမန် Wang Yi ကို ပြန်လည်ခန့်အပ်လိုက်ပါတယ်၊ ဘာကြောင့်ဆိုတာကိုတော့ တရုတ်အစိုးရပိုင် သတင်းမီဒီယာက ပြောဆိုသွားခြင်း မရှိပါဘူး။
သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီနေ့ ပွဲစဉ်မှာ ပူးတွဲကျင်းပတဲ့ အိမ်ရှင် နယူးဇီလန်အသင်းကို ဖိလစ်ပိုင် အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တာကြောင့် အံ့အားသင့်စရာ အောင်မြင်မှုအဖြစ် ဖိလစ်ပိုင်အသင်းကို အားပေးသူတွေ အောင်ပွဲခံနေကြပါတယ်။
အစ္စရေးနိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ မကြုံဖူးလောက်အောင် ကြီးမားတဲ့ အကွဲအပြဲတွေကို ဖော်ထုတ်ပြသတဲ့ ဆန္ဒပြမှုတွေလနဲ့ချီပြီး ပေါ်ပေါက်နေချိန်မှာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ့် ဥပဒေကြမ်းကိုတခုကို အစ္စရေးလွှတ်တော်အမတ်တွေ ဇူလိုင်လ ၂၄ရက်နေ့ကပဲ အတည်ပြုလိုက်ပါတယ်။
ယူကရိန်း ကောက်နှံတွေကို ပင်လယ်နက်ဆိပ်ကမ်းတွေကတဆင့် ပြည်ပတင်ပို့ခွင့် သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ရုရှားကို မေတ္တာရပ်ခံလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ပါဝင်ပတ် သက်တယ်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိတယ်လို့ နယူးယောက်မြို့ ဖယ်ဒရယ်တရားရုံးတခုကနေ အမိန့်ချလိုက်ပါပြီ။
ဆွီဒင်နိုင်ငံမှာ အစ္စာလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ကုရ်အာန်ကျမ်းစာအုပ်ကို မီးရှို့ခဲ့တဲ့ ဖြစ်စဥ်အပေါ် ကန့်ကွက်တဲ့အနေနဲ့ ယီမင်နိုင်ငံ မြို့တော် ဆာနား (Sanaa) မှာ ထောင်နဲ့ချီတဲ့လူတွေက တနင်္လာနေ့က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာ တရားမ၀င်နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယရဲတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဇူလိုင်လ ၂၄ ရက်စွဲနဲ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံခရီးသွားသတိပေးချက် ထဲမှာ မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေကြောင့် အမေရိကန်နိုင်ငံသားတွေ မြန်မာ နိုင်ငံကို ခရီးသွားလာမှုမလုပ်ဖို့ သတိပေးတိုက်တွန်းထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ Ferdinand Marcos Jr. သမ္မတတာဝန်ယူခဲ့တဲ့ တနှစ်ပြည့် နိုင်ငံတော်အခြေအနေ တိုင်းပြည်ကို ဒီနေ့ မိန့်ခွန်းမပြောခင် ထောင်နဲ့ချီတဲ့ ဖိလစ်ပိုင်ပြည်သူတွေ မနီလာမြို့ လမ်းမတွေပေါ် စုရုံးဆန္ဒပြကြပါတယ်။
အစ္စရေးနိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ မကြုံဖူးလောက်အောင် ကြီးမားတဲ့ အကွဲအပြဲတွေကို ဖော်ထုတ်ပြသတဲ့ ဆန္ဒပြမှုတွေဖြစ်နေချိန်မှာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ့် ဥပဒေကြမ်းကိုတခုကို အစ္စရေးလွှတ်တော်အမတ်တွေက ဒီနေ့ပဲ အတည်ပြုခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရပါတီ (CPP) ကအပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယားက နိုင်ငံခြား အကူအညီပေးရေး အစီအစဉ်တချို့ကို ရပ်ဆိုင်းထားလိုက်ပြီး လူပုဂ္ဂိုလ်တချို့ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားလိုက်ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဦးတည်ပြီး ဂျက်တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲလေယာဥ်တွေကို စေလွှတ်ခဲ့တယ် လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ်လောင်း အဆိုပြုချက် ကို အထက်လွှတ်တော် က ပိတ်ဆို့နေတာ ရပ်ဖို့ ရာချီတဲ့ ပြည်သူတွေ ဟာ ဘန်ကော်ကမြို့လယ် မှာ တနင်္ဂနွေနေ့ က စုဝေး တောင်းဆိုခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ တနင်္ဂနွေနေ့လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရပါတီ က လွှတ်တော်နေရာ ၁၂၅ နေရာ အားလုံးနီးပါး ရရှိပြီး အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီနေ့ ပွဲစဉ်တွေမှာတော့ နယ်သာလန်နဲ့ ဆွီဒင်အသင်းတွေ အနိုင်ရပြီး၊ ပြင်သစ်အသင်းကတော သရေကျသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာကလေးငယ်တွေအနေနဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် ပညာသင်နှစ်ကစပြီး၊ ပထမဆုံးအကြိမ် အသက်အရွယ်မရွေး မြန်မာနိုင်ငံ သင်ရိုးညွန်းတမ်းနဲ့အညီ ပညာသင်ခွင့်ရမှာဖြစ်ကြောင်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ဒီနေ့မှာ ကျင်းပခဲ့ပြီးတော့ ၊ အခုအခါမှာ မဲရလဒ်တွေကို စတင်ရေတွက်နေပြီ ဖြစ်ပါတယ်။ မဲရုံတွေကို ညနေ ၃ နာရီမှာ ပိတ်ခဲ့ပြီးတော့ ဒီရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် ၇.၆ သန်းရှိပြီး မဲပေးနိုင်သူဦးရေရဲ့ ၇၈.၃ % ရှိတယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မတီက ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်