ပဲ့ထိန်းတပ် Rocket ဒုံးအများအပြားကို တချိန်ထဲမှာ ပစ်လွှတ်နိုင်မယ့် စနစ်ကို Australia နိုင်ငံမှာ ထုတ်လုပ်နိုင်အောင် အမေရိကန်က ကူညီမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီကနေ့ အုပ်စု (D) က အသင်း ၄ သင်း ကစားကြတာမှာ ပထမပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ ဒိန်းမတ်ပွဲမှာ အင်္ဂလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အမေရိကန်ပြည်ထောင်စု အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မူကြမ်းကို အထက်လွှတ်တော်က အတည်ပြုလိုက်ပြီမို့ အထက်လွှတ်တော်က ပြင်ဆင်ထည့်သွင်းအတည်ပြုချက်တွေအပေါ် အောက်လွှတ်တော်မှာ အခြေအတင် ဆွေးနွေးအတည်ပြုကြရဦးမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နေရာအတော်များများမှာ မကြုံဘူးတဲ့အတိုင်းအတာနဲ့ အပူချိန်မြင့်တက်နေတာကြောင့် အဆောက်အဦပြင်ပတွေမှာ အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့အနေနဲ့ သောက်ရေ လွယ်ကူစွာ ရရှိစေရေးလုပ်ဆောင်ချက်အသစ်တွေကို သမ္မတဂျိုးဘိုင်ဒန်က ကြေညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီနဲ့ကပ်လျက် အရှေ့တောင်ပိုင်း Noida မြို့က စီးပွားရေးလုပ်ငန်းတွေရှိတဲ့ မြို့နယ်တခုမှာ Hindon မြစ်ရေလျှံပြီးတဲ့နောက် ရာနဲ့ချီတဲ့ မော်တော်ယာဉ်တွေ ရေမြုပ်နေတာကို မနေ့ (ဇူလိုင် ၂၇)ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။
ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် အမှုတွေအတွက် အယူခံ လျှောက်လဲချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ် တရားလွှတ်တော်ကို တင်လိုက်တာမို့ ဩဂုတ်လအတွင်းမှာ အပြီးသတ် လျှောက်လဲချက်တင်ပြီး အဆုံးအဖြတ်ချမှတ်နိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါရဲ့ဂယက်၊ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ လူမှုစီးပွားအခြေအနေ မတည်မငြိမ်ဖြစ်နေတာကြောင့် အလုပ်ဈေးကွက်ဟာ ဆက်လက် ထိခိုက်နေတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO က ပြောကြားလိုက်ပါတယ်၊
အာဖရိကတိုက်အနောက်ပိုင်းမှာရှိတဲ့ Niger နိုင်ငံမှာ စစ်သားတဖွဲ့က သမ္မတ Mohamed Bazoum ကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တယ်လို့ ကြေညာခဲ့ပြီးနောက် ကုလသမဂ္ဂနဲ့ အမေရိကန်ကန်တို့က သမ္မတကို ပြန်လွှတ်ပေးဖို့ တောင်းလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကလူ့အခွင့်အရေးအခြေနေတွေ၊ အထူးသဖြင့်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေရဲ့ အခြေအနေ တွေဆိုးရွားနေပြီး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ် သင့်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ Human Right Watch HRW ကဗုဒ္ဓဟူးနေ့မှာပြောဆို လိုက်ပါတယ်။
အမေရိကန် သမ္မတJoe Biden ရဲ့သား Hunter Biden ဟာ အခွန်ဆောင်ဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခံ ထားရတာကို ပြစ်ဒဏ်လျှော့ပေါ့စေရန် အပြစ်ရှိကြောင်းဝန်ခံဖို့ တရားလိုနဲ့ညှိနှိုင်းသဘောတူထားပေမယ့် အပြစ်မရှိဘူးလို့ ဗုဒ္ဓဟူးနေ့က တရားရုံးမှာ ပြောင်းလဲထွက်ဆိုခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံမှာ အဏာသိမ်းဖို့ ကြိုးပမ်းချက်အဖြစ် သမ္မတ Mohamed Bazoum ကို သူ့ရဲ့ သမ္မတ ကိုယ်ရံတော်အဖွဲ့ဝင်တွေက သမ္မတအိမ်တော်ထဲမှာ ထိန်းသိမ်းထားပါတယ်။
ကမ္ဘောဒီးယား နိုင်ငံ ကမ်းရိုးတန်းမြို့ Sihanoukville မှာ တရုတ်နိုင်ငံ အကူအညီနဲ့ အဆင့်မြှင့်တင်နေတဲ့ ရေတပ်စခန်းရဲ့ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေ ပြီးစီးလုနီးပါးဖြစ်နေပြီလို ကမ္ဘောဒီးယားတာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ နှစ် ၄၀ နီးပါး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဟွန်ဆန်က နောက် ၃ ပတ်မှာ ရာထူးကနေ ဆင်းပေးပြီး သူ့သားအကြီးဆုံးကို တာဝန်လွှဲပြောင်းပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။
မြန်မာဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ မြန်မာပြည်နယ်စပ်က အင်တာနက်လောင်းကစားမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို အမြစ်ပြတ်ဖယ်ရှားဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်၊ မိုးရေးမြို့က Meitei ခေါ် ကသည်းလူမျိုးတွေရဲ့ အိမ်အလုံး ၃၀ လောက်ကို အင်အား ၂,၀၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက ဇူလိုင်လ ၂၆ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့လိုက်ပြီး တခြား အိမ် ၄ လုံးကိုလည်း ဖြိုဖျက်လိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။
ပီရူးနိုင်ငံ လီမာပြည်နယ်မှာ ကား ၂စီးနဲ့ တုတ်တုတ်ဆိုင်ကယ်တစီး တိုက်မိလို့ လူ ၂၁ယောက်ထိခိုက်ဒဏ်ရာရသွားပြီး အနည်းဆုံး ၃ ဦးဟာ အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေရတယ်လို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရုရှားတိုက်လေယာဉ်တစီးဟာ အမေရိကန် မောင်းသူမဲ့ ဒရုန်းယာဥ်တစီး အနီးကို အန္တရာယ်ရှိလောက်တဲ့ အကွာအဝေးအထိ အနီးကပ်ပျံသန်းခဲ့ပြီး မီးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း အမေရိကန်လေတပ်က အင်္ဂါနေ့မှာ သတင်းထုန်ပြန်ပါတယ်။
အမေရိကန်-ရုရှား အကျဉ်းသားလဲလှယ်ရေးမှာ မနှစ်ကပြန်လွတ်လာတဲ့ အမေရိကန် မရိမ်းတပ်သား ဟောင်းတဦးဟာ ယူကရိန်းနိုင်ငံတွင်းတိုက်ပွဲတခုမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာန ပြောခွင့်ရသူကပြောပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်းဂန် (Qin Gang) ဟာ လူမြင်ကွင်းက တလ လောက် ပျောက်ပြီးနောက်ပိုင်း ရာထူးက ထုတ်ပယ်ခံလိုက်ရတာက တရုတ် နိုင်ငံရဲ့ သံတမန်ရေးမှာ မတည်ငြိမ်မှုတွေကို ထင်ဟပ်စေတယ်လို့ လေ့လာသူတွေ သုံးသပ်နေကြပါတယ်။
ဂရိနိုင်ငံတဝန်းမှာ ရက်အတန်ကြာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်နိုင်ဖို့ ကြိုးစားနေချိန်မှာပဲ တောင်ပိုင်းမှာ ဂရိလေတပ်က မီးသတ်လေယာဉ်တစင်း အင်္ဂါနေ့က ပျက်ကျခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်